ၾကားသိရသမွ်

မြန်မာ့ရွှေဈေး နှင့် ဒေါ်လာဈေး တစ်လအတွင်း သိသာစွာပြန်ကျနေခြင်းအပေါ်သုံးသပ်ချက်

စံချိန်တင် မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေစျေး နှင့် ဒေါ်လာစျေး တစ်လအတွင်း သိသာစွာပြန်ကျနေခြင်းအပေါ်သုံးသပ်ချက်

မြန်မာ့ရွှေစျေးသည် ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်နှောင်းပိုင်းမှာ စံချိန်တင် မြင့်တက်ခဲ့တဲ့ မြန်မာ့ရွှေစျေးနဲ့ အမေရိကန်ဒေါ်လာစျေးဟာ ယခု အောက်တိုဘာလ မကုန်

ခင် နှစ်ပတ်အတွင်းမှာ သိသိသာသာ ပြန်ကျလာပါတယ်။

အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို စက်တင်ဘာလ ၂၈ ရက်နေ့က ၂၂ သိန်း ၃ သောင်းအထိ အမြင့်ဆုံး တက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက် အောက်တိုဘာ ၂၇ ရက်နေ့မှာ

တော့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ စာရင်းအရ ၁၇ သိန်း ၇၀၀၀ ကျပ် ဝန်းကျင်ထိ ခဏတာကျခဲ့တာကိုလဲတွေ့ရပါတယ်။

ရွှေစျေးလိုပဲ ဒေါ်လာနဲ့ကျပ်ငွေလဲနှုန်းကလည်း စက်တင်ဘာ ၂၇ ရက်နေ့က ပြင်ပစျေးကွက််မှာ တစ်ဒေါ်လာ ၂၃၀၀ ဝန်းကျင်ရှိနေခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်အောက်တိုဘာလ

၂၇ ရက်နေ့မှာတော့ ၁၇၉၀-၁၈၂၀ ဝန်းကျင်ထိ ခဏတာ ပြန်ဆင်းလာတယ်လို့ ငွေလဲလှယ် လုပ်ကိုင်သူတွေက ဆိုပါတယ်။

ဗဟိုဘဏ်က ဒေါ်လာစျေးတက်တာကို ထိန်းချုပ်နိုင်ဖို့ အောက်တိုဘာလအတွင်း ထုတ်ရောင်းတဲ့ ၃ ကြိမ်မှာတင် ကန်ဒေါ်လာ စုစုပေါင်း သန်း ၁၁၀ အထိရှိခဲ့တယ်။

ပြည်တွင်း ရွှေစျေးနှုန်းကဆိုရင် အမေရိကန်ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေးအတိုင်း အပြောင်းအလဲ အတက်အကျရှိပေမဲ့ လက်ရှိအနေအထားမှာ ပြည်တွင်း နိုင်ငံရေး

အခြေအနေနဲ့ ကျပ်ငွေတန်ဖိုးအပေါ်မှာလည်း အဓိကမူတည်နေလို့ ဒီထက် မကျနိုင်သေးသလို ၊ နိုင်ငံရေး မတည်ငြိမ်မှု့တွေမြင့်တက်လာရင် တဆယ့်ကိုးသိန်းအထက်

ကို ဦးမော့သွားနိုင်တယ်လို့ စျေးကွက် ကျွမ်းကျင်သူတွေကတော့ ခန့်မှန်းနေကြပါတယ်။

ကမ္ဘာ့ရွှေစျေး အတက်၊ အကျကလည်း တရက်တည်းမှာအပြောင်းအလဲ မြန်နေသလို အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်နှုန်းကလည်း မတည်ငြိမ်သေးဟု ဆိုလို့ရ

တဲ့အနေအထားမှာ ရွှေစျေးနှုန်းဟာ တည်ငြိမ်တဲ့ အခြေအနေတရပ်မှာ မရှိ​သေးတဲ့ကြောင်း တာဝန်ရှိပုဂ္ဂိုလ်တဦးကလည်း ပြောပါတယ်..။

မြန်မာ့ရွှေစျေးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းကထက် ကျသွားတယ်ဆိုပေမဲ့ တောက်လျှောက် ဆက်ပြီး ကျသွားနိုင်တဲ့ အခြေအနေတရပ်ကတော့ မရှိနိုင်သေး

ဘူးလို့ သူက ဆိုပါတယ်…။

‘ဟိုအရင်တုန်းက (မြန်မာ့ရွှေစျေး)က ၁၃ သိန်းတို့ ဘာတို့ဆိုတာ ဒေါ်လာလဲလှယ်တဲ့နှုန်းက ၁၃၀၀ လောက်ပဲရှိတာ ထိုအချိန် ကမ္ဘာ့ရွှေစျေးသည်လည်း ၁ အောင်စကို

၁၆၀၀ ဝန်းကျင်လောက်ပဲရှိတယ်၊ ဒီ ၁၃ သိန်းတို့ ၊ ၁၄ သိန်းတို့ အချိန်တုန်းကပေါ့…ဗျာ..။ အခုဟာက ဒေါ်လာစျေးကလည်း အဲလောက်ပြန်ပြီးတော့ လောလောဆယ်

မကျနိုင်သေးတဲ့ အလားအလာရှိပါတယ် ။ ကျွန်တော်တို့ ပို့ကုန်တွေက အခုမှ ပို့ကြတုန်းရှိသေးတယ်..။ နိုင်ငံရေးလည်း တည်ငြိမ်လာရင် ၊ ပို့ကုန်တွေလည်း ဝင်လာရင်

၊ ရာသီဥတု ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ကောင်းသွားရင် သူ့ဟာသူ အဆင်ပြေသွားမှာပါ ဟုပြောကြားလိုက်ပါတယ်။

ယခင်ကဆိုရင် ပြည်တွင်း ရွှေစျေးအပြောင်းအလဲက ဒေါ်လာစျေး၊ ကမ္ဘာ့ရွှေစျေးနှင့်ပြည်တွင်းလိုအပ်အချက်အလက်ကိုပဲ အဓိကထားကြည့်ရတယ်ဆိုပေမဲ့ အခု

တော့ ပြည်တွင်းနိုင်ငံရေး အခြေအနေတရပ်ကိုပါ ထည့်တွက် စဉ်းစား ချင့်ချိန်နေရတယ် ၊ အခုဆို (၆)လအတွင်း ရွှေစျေးတက်တာ၊ ကျတာကတော့ အရင်လို မဟုတ်

တော့ဘူး ပေါ့ ….ဗျာ..။ အခုလက်ရှိ အခြေအနေက နိုင်ငံရေးတွေ ဘာတွေကြောင့်မို့ ရွှေစျေးငွေစျေးက ထိုးတက်ရင်လည်း တက်သွားနိုင်သလို ကျရင်လည်း ကျသွား

နိုင်တယ်ပေါ့..ဗျာ။ လက်ရှိ မြန်မာ့ရွှေစျေးကတော့ နိုင်ငံ​ရေးမူဝါဒ အပေါ်မူတည်ပြီး ပြောင်းလဲနေတာပါလို့သုံးသပ်ထားကြပါတယ်။

မြန်မာ့ရွှေစျေးဟာ ကျပ် ၁၈ သိန်း ဝန်းကျင်မှာအခံတန်းဖြစ်ပြီး တည်ငြိမ်နေဦးမယ်လို့ ခန့်မှန်းသုံးသပ်ထား​ပါတယ်..

*************