ၾကားသိရသမွ်

သူနဲ့မတူတာကြောင့် ဖခင်ဖြစ်သူမှ သံသယဖြင့်သမီးလေးက ကို DNA စစ်ဆေးကြည့်သောအခါ

Xu အမည်ရှိဖခင်တစ်ဦးမှာ ငါးနှစ်အရွယ် သမီးတစ်ယောက်ရှိပြီး သူမရဲ့ကြီးမားတဲ့မျက်လုံးများ ၊ မျက်ရစ်များနှင့် သူမရဲ့မျက်နှာဟာ အလွန်သိမ်မွေ့ပြီး ချောမောလှပနေတာကြောင့်အားလုံးက သူ့သမီးကိုမြင်တဲ့အခါ သဘာဝအလှနဲ့မွေးလာတာလို့ ချီးကျူးကြပါတယ်။

သို့ပေမဲ့ဖခင် Xu ဟာ လူတိုင်း၏ချီးကျူးမှုကိုအယုံအကြည်မရှိနေခဲ့ဘဲ သံသယစိတ်တွေသာဝင်လာခဲ့ပါတယ်။Xu ဟာ သူနဲ့သူ့ဇနီးတို့နှစ်ယောက်လုံးမှာ မျက်ရစ်မရှိပေမယ့် သမီးလေးမွေးပြီးတဲ့နောက်မှာ သူမမှာမျက်ရစ်ပါရှိနေတာကြောင့် Xu ကပိုလို့တောင်စိတ်ရှုပ်နေခဲ့ရပါတယ်။

နောက်တော့ Xu ဟာ သူ့သမီးလေးက အသက်ကြီးလာလေ ပိုပိုလှလာနေတာကိုမြင်တော့ ပိုမပျော်သလို သံသယတွေပိုတိုးလာခဲ့ရပြီး ဒီအဖြစ်အပျက်ဟာ အခုချိန်မှာ သူ့အား ပြဿနာကြီးတစ်ခုလိုဖြစ်သွားစေပါတယ်။

ထို့ကြောင့် Xu ဟာ ကလေးကို DNA စစ်ဆေးရန်ဆုံးဖြတ်လိုက်ပါတော့တယ်။ နောက်ဆုံးမှာ Xu ၏သံသယကိုအတည်ပြုနိုင်ခဲ့ပြီး စစ်ဆေးမှုရလဒ်များအရ သူသိထားတဲ့သမီးက သူနှင့်သွေးသားလုံးဝမတော်စပ်နေခဲ့ပါဘူး။

ထို့နောက် သူ့သမီးရဲ့ DNA စစ်ဆေးချက်ကိုယူပြီး သူ့ဇနီးကိုစစ်ဆေးမေးမြန်းခဲ့ပေမဲ့လည်း ဇနီးသည်က သူ့ကို ဘယ်တုန်းကမှမလှည့်စားခဲ့ဖူးသလို တစ်ခြားယောက်ျားနဲ့လည်း ဆက်ဆံရေး လုံးဝမရှိခဲ့ဘူးလို့ဆိုခဲ့ပါတယ်။

ထို့ကြောင့် ၎င်းတို့ဇနီးမောင်နှံက သမီးဖြစ်သူကိုသွေးစစ်ဖို့ဆုံးဖြတ်လိုက်ကြပြီး သူမက ၎င်းတို့နဲ့လုံးဝမသက်ဆိုင်နေတာကို တွေ့ရှိခဲ့ရပြီးXu နဲ့ သူ့ဇနီးတို့နှစ်ယောက်လုံး အမှန်တရားကိုသိလိုက်ရတဲ့အခါ အရမ်းတုန်လှုပ်သွားခဲ့ကြပြီး ၎င်းတို့နဲ့အတူ ငါးနှစ်ကြာကြီးပြင်းလာတဲ့ကလေးဟာ ၎င်းတို့ရဲ့ကိုယ်ပိုင်အသွေးအသားမဟုတ်ဘူးဆိုတာကို တကယ်ဘဲ မယုံမကြည်ဖြစ်ခဲ့ကြရပါတော့တယ်။

ကြည့်ပုံအရသံသယမကင်းစွာနဲ့ ၎င်းတို့ဟာ ဆေးရုံမှာ ကလေးမွေးပြီးနောက် ကလေးချင်းမှားသွားခဲ့ပုံရပါတယ်။ဆေးရုံတွေမှာ ကလေးမှားသွားခြင်းက တီဗီဇာတ်လမ်းတွဲများတွင်သာဖြစ်ပွါးတတ်ပေမဲ့လည်း ဆေးရုံတွင် နေ့စဉ်မွေးဖွားသည့်ကလေးများစွာရှိတာကြောင့် လက်တွေ့ဘဝမှာလည်း အလားတူဖြစ်ရပ်မျိုးဖြစ်သွားနိုင်ပါတယ်။

သို့သော် ဤကဲ့သို့သောအဖြစ်အပျက်တွေက မဖြစ်စလောက်ရှားပါတယ်။ကလေးတိုင်းဟာ မိဘတို့ရဲ့နှလုံးသားနှင့်စိတ်ဝိညာဉ်ဖြစ်ပြီး သားသမီးများဟာ ၎င်းတို့ဘဝအတွက် အကောင်းဆုံးလက်ဆောင်တွေဘဲဖြစ်ပါတယ်။

ထို့ကြောင့် ကလေးမွေးဖွားပြီးသည့်နောက်မှာ ဤအဖြစ်အပျက်များကဲ့သို့ အဖြစ်ဆိုးများမဖြစ်ပွားစေရန် မိဘများအနေနဲ့ အထူးသတိထားရမည်ဖြစ်ပါတယ်။

Credit