၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမှားယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တပ်မတော်မှ နိုင်ငံတော် အာဏာအားရယူခဲ့သည့် အပေါ်ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့်မဲမှားယွင်းမှုများ နှင့် ပတ်သက်၍ နိုင်ငံတကာသံတမန်များကို ဖိတ်ခေါ်၍ ရှင်းပြသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်သြဂုတ်လ၇ရက်နေ့နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင်ကျင်းပပြုလုပ်ခဲ့သောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၃/၂၀၂၁) တွင် အထက်ပါ ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အထွေထွေရွေးကောက်ပွဲသည် သမ္မတရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ပြီး သမ္မတက အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ တရားသူကြီးများစသည်ဖြင့်အတည်ပြုခန့်အပ်ရခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ကို ဆောင်ရွက်ရသူများဖြစ်သဖြင့် မဲစာရင်းမှားယွင်းမှုများဖြင့် ရွေးချယ်ခံရခြင်းသည်
တရားမျှတမှု မရှိကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိမှုများအားရှင်းလင်းပေးရန်အတွက် ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှုမရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကို ဖိတ်ခေါ်၍ အထောက်အထားများနှင့် တကွပြသသွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိတွင် ယခင်အစိုးရ တာဝန်ယူသော လူပုဂ္ဂိုလ်များ ကို အရေးယူရသည်မှာ နိုင်ငံရေးအရ အရေးယူဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေအား ချိုးဖောက်ခြင်းကြောင့်သာ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
“မိမိတို့အနေဖြင့် ယခင် အစိုးရမှ တာဝန်ရှိသူများအား နိုင်ငံရေးအရ အရေးယူဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေချိုးဖောက်သည့် ပြစ်မှုများကြောင့်သာ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်အနေဖြင့် မဲစာရင်းမှားယွင်းမှုများဖြစ်ပေါ်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်တွင်ဆောင်ရွက်ခဲ့သော်လည်း
၎င်းတို့အနေဖြင့်ငြင်းပယ်ခဲ့ပြီနောက်ပိုင်းတွင် နိုင်ငံတော်အပေါ်ဆန့်ကျင့်ရေးလုပ်ငန်းများဆောင်ရွက်လာခဲ့မှုများရှိခဲ့ကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကထပ်လောင်းပြောဆိုခဲ့သည်။crd
Unicode
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမှားယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တပ်မတော်မှ နိုင်ငံတော် အာဏာအားရယူခဲ့သည့် အပေါ်ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့်မဲမှားယွင်းမှုများ နှင့် ပတ်သက်၍ နိုင်ငံတကာသံတမန်များကို ဖိတ်ခေါ်၍ ရှင်းပြသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်သြဂုတ်လ၇ရက်နေ့နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင်ကျင်းပပြုလုပ်ခဲ့သောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၃/၂၀၂၁) တွင် အထက်ပါ ကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အထွေထွေရွေးကောက်ပွဲသည် သမ္မတရွေးချယ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြစ်ပြီး သမ္မတက အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ တရားသူကြီးများစသည်ဖြင့်အတည်ပြုခန့်အပ်ရခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ကို ဆောင်ရွက်ရသူများဖြစ်သဖြင့် မဲစာရင်းမှားယွင်းမှုများဖြင့် ရွေးချယ်ခံရခြင်းသည်
တရားမျှတမှု မရှိကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိမှုများအားရှင်းလင်းပေးရန်အတွက် ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှုမရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များကို ဖိတ်ခေါ်၍ အထောက်အထားများနှင့် တကွပြသသွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်ရှိတွင် ယခင်အစိုးရ တာဝန်ယူသော လူပုဂ္ဂိုလ်များ ကို အရေးယူရသည်မှာ နိုင်ငံရေးအရ အရေးယူဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေအား ချိုးဖောက်ခြင်းကြောင့်သာ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
“မိမိတို့အနေဖြင့် ယခင် အစိုးရမှ တာဝန်ရှိသူများအား နိုင်ငံရေးအရ အရေးယူဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေချိုးဖောက်သည့် ပြစ်မှုများကြောင့်သာ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်အနေဖြင့် မဲစာရင်းမှားယွင်းမှုများဖြစ်ပေါ်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်တွင်ဆောင်ရွက်ခဲ့သော်လည်း
၎င်းတို့အနေဖြင့်ငြင်းပယ်ခဲ့ပြီနောက်ပိုင်းတွင် နိုင်ငံတော်အပေါ်ဆန့်ကျင့်ရေးလုပ်ငန်းများဆောင်ရွက်လာခဲ့မှုများရှိခဲ့ကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကထပ်လောင်းပြောဆိုခဲ့သည်။
Crd…