လယ္လုပ္ၿပီး ဘြဲ႕ရတဲ့ထိ ရွာေကၽြးခဲ့တဲ့ မိဘႏွစ္ပါးကို ခ်မ္းခ်မ္းသာသာနဲ႔ ေက်းဇူးျပန္ဆပ္ေပးေနတဲ့ မင္းသားေနယံ

နေယံဟာ ဗီဒီယိုရုပ်ရှင်များစွာ ရိုက်ကူးခဲ့သူဖြစ်ပြီး ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ပါ…

မင်းသားနေယံဟာ သူ့ကို လယ်လုပ်ပြီး ကျွေးမွေးလာတဲ့ မိဘနှစ်ပါးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ခုလို ပြောပြခဲ့ပါတယ်..

“သားသမီးတွေကို လယ်ယာလုပ် ခြံစိုက်ပျိုးဈေးရောင်းပြီး ဘွဲ့ရတဲ့အထိ တက်နိုင်တာ အစွမ်းကုန် ကြိုးစားရှာဖွေပြုစုစောင့်ရှောက်ခဲ့တာ အရမ်းပင်ပန်းခဲ့တယ်.. ဒီချိန်မှာ ဒီလောက်လေးပြုစုခွင့်ရတာလေးကို ဘဝမှာအလိုချင်ဆုံးအရာပါ..

ကျန်တာတွေ အရမ်းမမက်မောပါဘူး.. အိပ်ခန်းထဲတောင်သွားမအိပ်တော့ဘူး ကလေးနှစ်ယောက် တစ်နေ့တစ်နေ့ပြောလိုက်တဲ့စကားတွေ ခုမှတွေ့တာကျနေတာပဲ နှစ်ယောက်သား.. ခုတော့ အိပ်ပျော်သွားကျပြီ ” ဆိုပြီးအဖေအမေရဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

မိဘကျေးဇူးကို သိတတ်ပြီး အကောင်းဆုံးကျေးဇူးဆပ်နေတဲ့ မင်းသား နေယံအတွက် ယခုထက်မကအောင်မြင်ပါစေလို့ဆုတောင်းပေးခဲ့ကြပါအုံးနော်..

Writer ; Kwee (Jeeptoolay)

Source ; Nay Yan

ZawGyi

ေနယံဟာ ဗီဒီယို႐ုပ္ရွင္မ်ားစြာ ႐ိုက္ကူးခဲ့သူျဖစ္ၿပီး က်ရာဇာတ္႐ုပ္မွာ ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားတဲ့ မင္းသားတစ္လက္ပါ…

မင္းသားေနယံဟာ သူ႔ကို လယ္လုပ္ၿပီး ေကြၽးေမြးလာတဲ့ မိဘႏွစ္ပါးနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္မွာ ခုလို ေျပာျပခဲ့ပါတယ္..

“သားသမီးေတြကို လယ္ယာလုပ္ ၿခံစိုက္ပ်ိဳးေဈးေရာင္းၿပီး ဘြဲ႕ရတဲ့အထိ တက္ႏိုင္တာ အစြမ္းကုန္ ႀကိဳးစားရွာေဖြျပဳစုေစာင့္ေရွာက္ခဲ့တာ အရမ္းပင္ပန္းခဲ့တယ္.. ဒီခ်ိန္မွာ ဒီေလာက္ေလးျပဳစုခြင့္ရတာေလးကို ဘဝမွာအလိုခ်င္ဆုံးအရာပါ..

က်န္တာေတြ အရမ္းမမက္ေမာပါဘူး.. အိပ္ခန္းထဲေတာင္သြားမအိပ္ေတာ့ဘူး ကေလးႏွစ္ေယာက္ တစ္ေန႔တစ္ေန႔ေျပာလိုက္တဲ့စကားေတြ ခုမွေတြ႕တာက်ေနတာပဲ ႏွစ္ေယာက္သား.. ခုေတာ့ အိပ္ေပ်ာ္သြားက်ၿပီ ” ဆိုၿပီးအေဖအေမရဲ႕ ၾကည္ႏူးစရာပုံရိပ္ေလးေတြနဲ႔အတူ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

မိဘေက်းဇူးကို သိတတ္ၿပီး အေကာင္းဆုံးေက်းဇူးဆပ္ေနတဲ့ မင္းသား ေနယံအတြက္ ယခုထက္မကေအာင္ျမင္ပါေစလို႔ဆုေတာင္းေပးခဲ့ၾကပါအုံးေနာ္..

Writer ; Kwee (Jeeptoolay)