⚘ဝဋ္ေႂကြးတစ္ခုသာ ျဖစ္လာရင္⚘
ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ”ဝဋ္”ေၾကာင့္ပါ သူ႔အေပၚ ကိုယ္က တကယ္ေကာင္းရဲ႕သားနဲ႔ သူကကိုယ့္အေပၚ နည္းနည္းေလးမွ ေကာင္းမလာဘူးဆိုရင္ ကိုယ့္မွာဝဋ္ေႂကြး ရွိေနၿပီဆိုတာ ေသခ်ာပါတယ္။
သူ႔ကို ကိုယ္က ဘာမွ အျပစ္လည္းမေျပာ ကိုယ္လုပ္ထားတဲ့ အျပစ္ေတြ ဘာမွလည္းမရွိဘဲနဲ႔ ကိုယ့္ကိုသူက အျပစ္ပဲ အၿမဲေျပာေနၿပီဆိုရင္ေသခ်ာတယ္ ကိုယ့္မွာ ဝဋ္ေႂကြးရွိေနၿပီဆိုတာ။
ကိုယ့္ကလည္း သူ႔ကိုတစ္ခါမွ မမုန္းရပါဘဲ ဘာမွန္းညာမွန္းမသိဘဲ သူ႔ဆီမွာ.. ကိုယ္အမုန္းခံေနရၿပီဆိုရင္ ေသခ်ာတယ္၊ ကိုယ့္မွာ အမွန္တကယ္ဝဋ္ေႂကြးရွိေနၿပီဆိုတာ။
ဝဋ္ေႂကြးရွိရင္ ကိုယ္မလုပ္ေပမယ့္ ကိုယ္လုပ္တယ္လို႔ အထင္ခံရတတ္တယ္။ ကိုယ္မေျပာေပမယ့္ ကိုယ္ေျပာတယ္လို႔ အထင္ခံရတတ္တယ္။
ေကာင္းတာလုပ္တဲ့အခါလည္း ေကာင္းတယ္လို႔တစ္ခ်ိဳ႕လူေတြမျမင္ၾကဘူး။ ဝဋ္ဆိုတာ ဆပ္မွေက်မယ္။ ဆုေတာင္းေန႐ုံျဖင့္ ဝဋ္ကုန္သြားမွာမဟုတ္ဘူး။
ဝဋ္ေႂကြးေတြေက် ဖို႔ သူမေကာင္းေျပာလည္း ကိုယ္ကသူ႔ကိုမေကာင္းျပန္မေျပာနဲ႔။ သူကကိုယ့္ကို အမုန္းေပးေနလည္း ကိုယ္ကအမုန္းျပန္မေပးနဲ႔။
သူက ကိုယ့္ကို တစ္မ်ိဳးထင္လည္း ကိုယ္ကသူ႔ကိုတစ္မ်ိဳး မထင္ပါနဲ႔။ သူ႔အေပၚတင္ေနတဲ့အေႂကြးေတြ ေက်ေတာ့မယ္ဆိုတာ သတိရေပးပါ။
သူဘာေပးေပး ကိုယ့္ဆီမွသူ႔ကိုေမတၱာပဲ ေပးလိုက္ပါ။ေမတၱာဆိုတာ ဝဋ္ေႂကြးေတြေျပဖို႔အတြက္ လူတစ္ေယာက္အတြက္ အေကာင္းဆုံးလက္နက္ျဖစ္ပါတယ္။
အမုန္းေတြရွိရင္လည္း ဒီဘဝတင္ေက်ပါေစ။ အၿငိဳးေတြရွိရင္လည္း ဒီဘဝတင္ေက်ပါေစ။ ဒီဘဝမွာ ဆပ္ခြင့္ရတဲ့အေႂကြးကို ဒီဘဝမွာပဲဆပ္လိုက္ပါ။ ေနာက္ဘဝေတြထိ မယူသြားပါနဲ႔။
ဝဋ္ဆိုတာဆပ္မွေၾကမယ္။ တကယ္ေတာ့ ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာဟာ ဝဋ္ေႂကြးတစ္ခုခုေၾကာင့္ပါ။
ဝဋ္ေႂကြးရွိရင္လဲ ဒီဘဝနဲ႔သာ ေၾကပါေစကြယ္
naethitmyanmar
⚘ဝဋ်ကြွေးတစ်ခုသာ ဖြစ်လာရင်⚘
ကိုယ်ကောင်းပေမယ့် သူမကောင်းတာ”ဝဋ်”ကြောင့်ပါ သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့ သူကကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူးဆိုရင် ကိုယ့်မှာဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာပါတယ်။
သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင်သေချာတယ် ကိုယ့်မှာ ဝဋ်ကြွေးရှိနေပြီဆိုတာ။
ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါဘဲ ဘာမှန်းညာမှန်းမသိဘဲ သူ့ဆီမှာ.. ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်၊ ကိုယ့်မှာ အမှန်တကယ်ဝဋ်ကြွေးရှိနေပြီဆိုတာ။
ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံရတတ်တယ်။ ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံရတတ်တယ်။
ကောင်းတာလုပ်တဲ့အခါလည်း ကောင်းတယ်လို့တစ်ချို့လူတွေမမြင်ကြဘူး။ ဝဋ်ဆိုတာ ဆပ်မှကျေမယ်။ ဆုတောင်းနေရုံဖြင့် ဝဋ်ကုန်သွားမှာမဟုတ်ဘူး။
ဝဋ်ကြွေးတွေကျေ ဖို့ သူမကောင်းပြောလည်း ကိုယ်ကသူ့ကိုမကောင်းပြန်မပြောနဲ့။ သူကကိုယ့်ကို အမုန်းပေးနေလည်း ကိုယ်ကအမုန်းပြန်မပေးနဲ့။
သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်ကသူ့ကိုတစ်မျိုး မထင်ပါနဲ့။ သူ့အပေါ်တင်နေတဲ့အကြွေးတွေ ကျေတော့မယ်ဆိုတာ သတိရပေးပါ။
သူဘာပေးပေး ကိုယ့်ဆီမှသူ့ကိုမေတ္တာပဲ ပေးလိုက်ပါ။မေတ္တာဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက်အတွက် အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။
အမုန်းတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။ အငြိုးတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။ ဒီဘဝမှာ ဆပ်ခွင့်ရတဲ့အကြွေးကို ဒီဘဝမှာပဲဆပ်လိုက်ပါ။ နောက်ဘဝတွေထိ မယူသွားပါနဲ့။
ဝဋ်ဆိုတာဆပ်မှကြေမယ်။ တကယ်တော့ ကိုယ်ကောင်းပေမယ့် သူမကောင်းတာဟာ ဝဋ်ကြွေးတစ်ခုခုကြောင့်ပါ။
ဝဋ်ကြွေးရှိရင်လဲ ဒီဘဝနဲ့သာ ကြေပါစေကွယ်