Zawgyi
၀င္ၿပီးသားေငြျပန္မထြက္ေစဖို႔ သိသားသင့္တဲ့ေဆာင္ရန္ေရွာင္ရန္မ်ား။ ေငြေၾကးနဲ႔ပတ္သက္လို႔ ကံမေကာင္းခ်င္တဲ့သူ မရွိေလာက္ဘူးထင္ပါတယ္။ ကိုယ္ရွာသေလာက္ပဲေငြကဝင္မွာဆိုေပမယ့္ ေငြေၾကးကံေကာင္းေနတာနဲ႔ မေကာင္းတာနဲ႔ေတာ့မတူပါဘူး။
သင့္အေနနဲ႔သင့္ရဲ႕ေငြေၾကးနဲ႔ ပတ္သက္တဲ့ကံေကာင္းေအာင္ အခုေဖာ္ျပမယ့္အခ်က္ေလးေတြကို လုပ္ၾကည့္လိုက္ပါေနာ္။ (၁) ပိုက္ဆံအိတ္အေရာင္ = ပိုက္ဆံအိတ္တစ္လုံးဝယ္ေတာ့မယ္ဆိုရင္ ေ႐ႊေရာင္၊ အဝါေရာင္၊ ပန္းေရာင္၊ အျဖဴေရာင္၊ အနက္ေရာင္နဲ႔ ထုံးေျခာက္ေရာင္တို႔ကို ဦးစားေပး ေ႐ြးသင့္ပါတယ္။
အဲ့ဒီအေရာင္ေတြက ေငြပိုဝင္ေအာင္ဆြဲေဆာင္ႏိုင္ၿပီး ပိုက္ဆံမထြက္ေအာင္ ထိန္းေပးထားႏိုင္တယ္လို႔ယူဆၾကပါတယ္။ ေ႐ႊေရာင္ကေတာ့ အားအေကာင္းဆုံး အေရာင္ျဖစ္ၿပီး ပိုက္ဆံနဲ႔ပတ္သက္တဲ့ အသုံးအေဆာင္ေတြကို ေ႐ႊေရာင္သုံးေပးရင္အေကာင္းဆုံးပါ။ အနက္ေရာင္ကေတာ့ ဝင္လာၿပီးသားပိုက္ဆံေတြ လြယ္လြယ္ထြက္မသြားေအာင္ ထိန္းေပးႏိုင္ဆုံး အေရာင္ျဖစ္ပါတယ္။

ပိုက္ဆံအိတ္ဝယ္ရင္ လုံးဝမေ႐ြးသင့္တဲ့အေရာင္ေတြကေတာ့ အနီေရာင္နဲ႔အျပာေရာင္ပါ။ အနီေရာင္က မီးနဲ႔တူတာေၾကာင့္ သင့္ဆီဝင္လာမယ့္ပိုက္ဆံေတြနဲ႔ ကံေကာင္းျခင္းေတြကို ေလာင္ကြၽမ္းသြားေစႏိုင္ၿပီး အျပာေရာင္ကေတာ့ေရလိုပဲ သင့္ဆီမွာရွိၿပီးသားေငြေတြကို စီးဆင္းသြားေစမယ္ဆိုတဲ့ အယူအဆရွိၾကလို႔ပါ။
(၂) အမ်ိဳးသမီးေတြကို ကိုယ္စားျပဳတဲ့အေရာင္ = အဲ့ဒါကေတာ့ပန္းေရာင္ပါ။ ပိုက္ဆံအိတ္ပန္းေရာင္ကိုေ႐ြးမယ္ဆိုရင္ ပိုက္ဆံေတြကိုတိုးပြားေစႏိုင္တဲ့အစြမ္းရွိၿပီး အမ်ိဳးသမီးေတြအတြက္ ကံေကာင္ျခင္းေတြလည္း တိုးလာေစတယ္ဆိုတဲ့အယူအဆရွိပါတယ္။
(၃) ပိုက္ဆံအိတ္အေနအထား = ပိုက္ဆံအိတ္ထဲမွာ ပိုက္ဆံကလြဲၿပီး တျခားတိုလီမႈတ္စေတြ ဘာဆိုဘာမွမထည့္ပါနဲ႔။ လိပ္စာကတ္ေတြကိုလည္း မထည့္ထားပါနဲ႔။ အဲ့ဒီလိုေတြထည့္ထားတာက ပိုက္ဆံဝင္လာမယ့္လမ္းကို ပိတ္ဆို႔ထားတာနဲ႔ အတူတူပါပဲတဲ့။ တတ္ႏိုင္သမွ် ပိုက္ဆံအိတ္ကို အၿမဲရွင္းလင္းေနေအာင္ထားပါ။ အနံ႔အသက္ဆိုးေတြ မထြက္ေအာင္ထားပါ။
(၄) ပိုက္ဆံအိတ္ထားတဲ့ေနရာ = အျပင္ထြက္ၿပီးအိမ္ျပန္ေရာက္ရင္ ပိုက္ဆံအိတ္ကို ဘယ္ေနရာေတြမွာ ထားတတ္ပါသလဲ။ ပိုက္ဆံအိတ္ကို အသံဆူညံတဲ့ ႐ုပ္ျမင္သံၾကား၊ စပီကာေတြနားမွာမထားပါနဲ႔။ တိတ္ဆိတ္တဲ့ေနရာမွာထားပါ။ ၿပီးေတာ့ပိုက္ဆံအိတ္ကို မီးဖိုေခ်ာင္မွာ လုံးဝမထားမိပါေစနဲ႔။

(၅) ပိုက္ဆံအိတ္တစ္လုံးရဲ႕သက္တမ္း = ပိုက္ဆံအိတ္မွာလည္းသက္တမ္းရွိပါတယ္ေနာ္။ ဒီပိုက္ဆံအိတ္ကေကာင္းေသးတယ္ဆိုၿပီး မစုတ္မခ်င္းကိုင္ေနမယ္ဆိုရင္လည္း ပိုက္ဆံဝင္တာကိုေႏွာင့္ေႏွးေစပါတယ္တဲ့။ ပိုက္ဆံအိတ္တစ္လုံးကို အသုံးျပဳသင့္တဲ့ သက္တမ္းကေတာ့ သုံးႏွစ္ျဖစ္ၿပီး အဲ့ဒီအခ်ိန္ထက္ၾကာေနတဲ့ ပိုက္ဆံအိတ္ေတြကို မျဖစ္မေနလဲပစ္ဖို႔ အႀကံေပးခ်င္ပါတယ္။ ၿပီးေတာ့အေရာင္ေတြေျပာင္းလာၿပီ။
ခ်ဳပ္႐ိုးစေတြျပဳတ္ထြက္လာၿပီဆိုရင္လည္း အဲဒီပိုက္ဆံအိတ္ကို ဆက္မသုံးသင့္ေတာ့ပါဘူး။ အထက္ကေဖာ္ျပထားတဲ့ အခ်က္ေလးေတြကို လိုက္နာေဆာင္႐ြက္မယ္ဆိုရင္ ၀င္ၿပီးသားေငြျပန္မထြက္ေတာ့တဲ့ ကမၻီရပိုက္ဆံအိတ္ေလးျဖစ္ပါၿပီ။
Unicode
၀င်ပြီးသားငွေပြန်မထွက်စေဖို့ သိသားသင့်တဲ့ဆောင်ရန်ရှောင်ရန်များ။ ငွေကြေးနဲ့ပတ်သက်လို့ ကံမကောင်းချင်တဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ ကိုယ်ရှာသလောက်ပဲငွေကဝင်မှာဆိုပေမယ့် ငွေကြေးကံကောင်းနေတာနဲ့ မကောင်းတာနဲ့တော့မတူပါဘူး။
သင့်အနေနဲ့သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်တဲ့ကံကောင်းအောင် အခုဖော်ပြမယ့်အချက်လေးတွေကို လုပ်ကြည့်လိုက်ပါနော်။ (၁) ပိုက်ဆံအိတ်အရောင် = ပိုက်ဆံအိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် ရွှေရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ ထုံးခြောက်ရောင်တို့ကို ဦးစားပေး ရွေးသင့်ပါတယ်။
အဲ့ဒီအရောင်တွေက ငွေပိုဝင်အောင်ဆွဲဆောင်နိုင်ပြီး ပိုက်ဆံမထွက်အောင် ထိန်းပေးထားနိုင်တယ်လို့ယူဆကြပါတယ်။ ရွှေရောင်ကတော့ အားအကောင်းဆုံး အရောင်ဖြစ်ပြီး ပိုက်ဆံနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို ရွှေရောင်သုံးပေးရင်အကောင်းဆုံးပါ။ အနက်ရောင်ကတော့ ဝင်လာပြီးသားပိုက်ဆံတွေ လွယ်လွယ်ထွက်မသွားအောင် ထိန်းပေးနိုင်ဆုံး အရောင်ဖြစ်ပါတယ်။
ပိုက်ဆံအိတ်ဝယ်ရင် လုံးဝမရွေးသင့်တဲ့အရောင်တွေကတော့ အနီရောင်နဲ့အပြာရောင်ပါ။ အနီရောင်က မီးနဲ့တူတာကြောင့် သင့်ဆီဝင်လာမယ့်ပိုက်ဆံတွေနဲ့ ကံကောင်းခြင်းတွေကို လောင်ကျွမ်းသွားစေနိုင်ပြီး အပြာရောင်ကတော့ရေလိုပဲ သင့်ဆီမှာရှိပြီးသားငွေတွေကို စီးဆင်းသွားစေမယ်ဆိုတဲ့ အယူအဆရှိကြလို့ပါ။
(၂) အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အရောင် = အဲ့ဒါကတော့ပန်းရောင်ပါ။ ပိုက်ဆံအိတ်ပန်းရောင်ကိုရွေးမယ်ဆိုရင် ပိုက်ဆံတွေကိုတိုးပွားစေနိုင်တဲ့အစွမ်းရှိပြီး အမျိုးသမီးတွေအတွက် ကံကောင်ခြင်းတွေလည်း တိုးလာစေတယ်ဆိုတဲ့အယူအဆရှိပါတယ်။
(၃) ပိုက်ဆံအိတ်အနေအထား = ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံကလွဲပြီး တခြားတိုလီမှုတ်စတွေ ဘာဆိုဘာမှမထည့်ပါနဲ့။ လိပ်စာကတ်တွေကိုလည်း မထည့်ထားပါနဲ့။ အဲ့ဒီလိုတွေထည့်ထားတာက ပိုက်ဆံဝင်လာမယ့်လမ်းကို ပိတ်ဆို့ထားတာနဲ့ အတူတူပါပဲတဲ့။ တတ်နိုင်သမျှ ပိုက်ဆံအိတ်ကို အမြဲရှင်းလင်းနေအောင်ထားပါ။ အနံ့အသက်ဆိုးတွေ မထွက်အောင်ထားပါ။
(၄) ပိုက်ဆံအိတ်ထားတဲ့နေရာ = အပြင်ထွက်ပြီးအိမ်ပြန်ရောက်ရင် ပိုက်ဆံအိတ်ကို ဘယ်နေရာတွေမှာ ထားတတ်ပါသလဲ။ ပိုက်ဆံအိတ်ကို အသံဆူညံတဲ့ ရုပ်မြင်သံကြား၊ စပီကာတွေနားမှာမထားပါနဲ့။ တိတ်ဆိတ်တဲ့နေရာမှာထားပါ။ ပြီးတော့ပိုက်ဆံအိတ်ကို မီးဖိုချောင်မှာ လုံးဝမထားမိပါစေနဲ့။
(၅) ပိုက်ဆံအိတ်တစ်လုံးရဲ့သက်တမ်း = ပိုက်ဆံအိတ်မှာလည်းသက်တမ်းရှိပါတယ်နော်။ ဒီပိုက်ဆံအိတ်ကကောင်းသေးတယ်ဆိုပြီး မစုတ်မချင်းကိုင်နေမယ်ဆိုရင်လည်း ပိုက်ဆံဝင်တာကိုနှောင့်နှေးစေပါတယ်တဲ့။ ပိုက်ဆံအိတ်တစ်လုံးကို အသုံးပြုသင့်တဲ့ သက်တမ်းကတော့ သုံးနှစ်ဖြစ်ပြီး အဲ့ဒီအချိန်ထက်ကြာနေတဲ့ ပိုက်ဆံအိတ်တွေကို မဖြစ်မနေလဲပစ်ဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့အရောင်တွေပြောင်းလာပြီ။
ချုပ်ရိုးစတွေပြုတ်ထွက်လာပြီဆိုရင်လည်း အဲဒီပိုက်ဆံအိတ်ကို ဆက်မသုံးသင့်တော့ပါဘူး။ အထက်ကဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် ၀င်ပြီးသားငွေပြန်မထွက်တော့တဲ့ ကမ္ဘီရပိုက်ဆံအိတ်လေးဖြစ်ပါပြီ။



