Mask တပ္ထားစဥ္ ဒီလိုမလုပ္ပါနဲ႔
ေဒါက္တာခင္မိုးမိုး
♦ ယခုရက္ပိုင္းအတြင္း စစ္ေတြၿမိဳ႕မွာ Local အခ်င္းခ်င္းကူးစက္မႈေတြရွိလာတာေၾကာင့္ Second Wave ျဖစ္မွာကို စိုးရိမ္ၾကလို႔ Mask ကို မျဖစ္မေန တပ္ၾကရေတာ့မွာျဖစ္ပါတယ္။ Mask တပ္တာက ကိုဗစ္-၁၉ ေရာဂါကို အျပည့္အ၀ မကာကြယ္ကြယ္ႏိုင္ေပမယ့္ သင့္ေဘးပတ္၀န္းက်င္ကသူေတြ(အထူးသျဖင့္ အသက္ႀကီးသူ၊ နာတာရွည္ေရာဂါရွိသူ)အတြက္ အႏၲရာယ္ကင္းႏိုင္ပါတယ္။ လူတိုင္းလူတိုင္းသာ Mask တပ္ၾကမယ္ဆိုရင္ ကြၽန္မတို႔အားလုံးဟာ ေရာဂါကူးစက္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။
♦ Mask တပ္တဲ့အခါမွာ ႏွာေခါင္းနဲ႔ပါးစပ္ကို လုံေအာင္ အုပ္ထားရပါမယ္။
♦ ဒါေပမဲ့ လူအမ်ားစုက စကားေျပာစဥ္ ဒါမွမဟုတ္ အစာစားေနစဥ္မွာ Mask ကို ေမးေစ့ေအာက္မွာ ထားတတ္ၾကပါတယ္။ ဒီလိုေမးေစ့ေအာက္ကိုဆြဲခ်ထားလိုက္တာေၾကာင့္ ေမးေစ့ေနရာမွာ ကပ္တြယ္ေနတဲ့ ေရာဂါပိုးေတြက Mask နဲ႔အတူ ပါးစပ္ေပါက္နားကို ေရာက္ရွိသြားႏိုင္ပါတယ္။ ဒါ့အျပင္ Mask ကို ခဏခဏ သင့္လက္နဲ႔ကိုင္တြယ္ရတဲ့အတြက္ လက္ေပၚက ေရာဂါပိုးေတြကလည္း Mask ကတစ္ဆင့္ ပါးစပ္၊ ႏွာေခါင္းတြင္း ေရာက္ရွိသြားႏိုင္တာေၾကာင့္ ေရာဂါကူးစက္မႈ ပိုလို႔ေတာင္ျဖစ္ပြားႏိုင္ပါတယ္။
ဒါေၾကာင့္ အစာစားမယ္၊ ေရေသာက္မယ္ ဒါမွမဟုတ္ Mask ကို ဖယ္ရွားရမယ့္ ဘယ္အျပဳအမူမ်ိဳးမဆိုကို ျပဳလုပ္ရေတာ့မယ္ဆိုရင္ Mask ကို ျဖဳတ္ၿပီး အမႈိက္ပုံးထဲ တစ္ခါတည္းသာ ထည့္လိုက္ပါ။ ၿပီးမွ Mask အသစ္တစ္ခု ထုတ္သုံးပါ။
Crd #SiThuMaungေဒါက္တာခင္မိုးမိုး
#SiThuMaung
Unicode
Mask တပ်ထားစဉ် ဒီလိုမလုပ်ပါနဲ့
ဒေါက်တာခင်မိုးမိုး
♦ ယခုရက်ပိုင်းအတွင်း စစ်တွေမြို့မှာ Local အချင်းချင်းကူးစက်မှုတွေရှိလာတာကြောင့် Second Wave ဖြစ်မှာကို စိုးရိမ်ကြလို့ Mask ကို မဖြစ်မနေ တပ်ကြရတော့မှာဖြစ်ပါတယ်။ Mask တပ်တာက ကိုဗစ်-၁၉ ရောဂါကို အပြည့်အ၀ မကာကွယ်ကွယ်နိုင်ပေမယ့် သင့်ဘေးပတ်ဝန်းကျင်ကသူတွေ(အထူးသဖြင့် အသက်ကြီးသူ၊ နာတာရှည်ရောဂါရှိသူ)အတွက် အန္တရာယ်ကင်းနိုင်ပါတယ်။ လူတိုင်းလူတိုင်းသာ Mask တပ်ကြမယ်ဆိုရင် ကျွန်မတို့အားလုံးဟာ ရောဂါကူးစက်နှုန်းကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
♦ Mask တပ်တဲ့အခါမှာ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင် အုပ်ထားရပါမယ်။
♦ ဒါပေမဲ့ လူအများစုက စကားပြောစဉ် ဒါမှမဟုတ် အစာစားနေစဉ်မှာ Mask ကို မေးစေ့အောက်မှာ ထားတတ်ကြပါတယ်။ ဒီလိုမေးစေ့အောက်ကိုဆွဲချထားလိုက်တာကြောင့် မေးစေ့နေရာမှာ ကပ်တွယ်နေတဲ့ ရောဂါပိုးတွေက Mask နဲ့အတူ ပါးစပ်ပေါက်နားကို ရောက်ရှိသွားနိုင်ပါတယ်။ ဒါ့အပြင် Mask ကို ခဏခဏ သင့်လက်နဲ့ကိုင်တွယ်ရတဲ့အတွက် လက်ပေါ်က ရောဂါပိုးတွေကလည်း Mask ကတစ်ဆင့် ပါးစပ်၊ နှာခေါင်းတွင်း ရောက်ရှိသွားနိုင်တာကြောင့် ရောဂါကူးစက်မှု ပိုလို့တောင်ဖြစ်ပွားနိုင်ပါတယ်။
ဒါကြောင့် အစာစားမယ်၊ ရေသောက်မယ် ဒါမှမဟုတ် Mask ကို ဖယ်ရှားရမယ့် ဘယ်အပြုအမူမျိုးမဆိုကို ပြုလုပ်ရတော့မယ်ဆိုရင် Mask ကို ဖြုတ်ပြီး အမှိုက်ပုံးထဲ တစ်ခါတည်းသာ ထည့်လိုက်ပါ။ ပြီးမှ Mask အသစ်တစ်ခု ထုတ်သုံးပါ။
Crd #SiThuMaungဒေါက်တာခင်မိုးမိုး
#SiThuMaung