အခ်စ္နွင့္ဘဝ

ဘဝမှာ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ လူ (၈) မျိုး

လူအမ်ိဳးမ်ိဳး စိတ္အေထြေထြျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဓာတ္နဲ႔အေတြးေတြ ကြဲျပားၾကပါ တယ္။ ေန႔စဥ္ဘဝထဲမွာလည္း လူအမ်ိဳးမ်ိဳးနဲ႔ စိတ္ဓာတ္အမ်ိဳးမ်ိဳးကို ေတြ႕ၾကဳံေနၾကရပါတယ္။ အဲဒါေၾကာင့္ မိတ္ေဆြစစ္ေတြ႕ဖို႔ဆိုတာလည္း ခဲယဥ္းလွပါတယ္။ တခ်ိဳ႕လူေတြကို သင့္ဘဝထဲမွာ မထားသင့္သလို တခ်ိဳ႕ေတြ ကိုေတာ့ အဆုံးရႈံးမခံသင့္ပါဘူး။

အဲဒါေၾကာင့္ ခ်စ္သူရည္းစားပဲျဖစ္ျဖစ္၊ အေပါင္းအသင္းမိတ္ေဆြပဲျဖစ္ျဖစ္ သင့္ဘဝမွာ ဘယ္ေတာ့မွ လက္မလႊတ္သင့္တဲ့ လူ (၈) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ရိုးသားတဲ့သူ

သင့္အနားမွာ ရိုးသားတဲ့သူတစ္ေယာက္ေယာက္ ရွိခဲ့ရင္ သူ႔ကို လက္လႊတ္မခံပါနဲ႔။ ရိုးသားတဲ့သူဆိုတာ တျဖည္းျဖည္းနဲ႔ ရွားပါးလာပါၿပီ။ တစ္ခါတရံမွာ ရိုးလြန္းရင္လည္း မမိုက္ဘူးလို႔ ထင္စရာရွိေပမဲ့ ရိုးသားျခင္း ဆိုတာ ဘာနဲ႔မၽွတန္ဖိုးျဖတ္လို႔မရတဲ့ အရာတစ္ခုပါ။ အတုအေယာင္ေတြ ေပါမ်ားလြန္းေနတဲ့ ေခတ္မွာ သင့္ေဘး မွာ ရိုးသားတဲ့သူတစ္ေယာက္ေယာက္ရွိေနရင္ လုံးဝလက္လႊတ္မခံပါနဲ႔။

၂။ သင္ေျပာသမၽွကို ေကာင္းေကာင္းနားေထာင္ေပးတတ္သူ

လူဆိုတာ ေပ်ာ္တဲ့အခ်ိန္ရွိသလို ဝမ္းနည္းတဲ့အခ်ိန္ေတြလည္း ရွိတာေၾကာင့္ ရင္ဖြင့္ေဖာ္ဆိုတာ လိုကိုလိုအပ္ပါ တယ္။ သင့္မွာ သင္ေျပာသမၽွကို စိတ္ရွည္ရွည္နဲ႔ ေကာင္းေကာင္းနားေထာင္ေပးမယ့္သူရွိရင္ သင့္အတြက္ ကံေကာင္းမႈတစ္ခုပါပဲ။ အဲဒီသူဟာ သင့္ခ်စ္သူျဖစ္ခ်င္ျဖစ္မယ္၊ သူငယ္ခ်င္း ဒါမွမဟုတ္ လုပ္ေဖာ္ကိုင္ဖက္လည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သင္ရင္ဖြင့္သမၽွကို ေကာင္းေကာင္းနားေထာင္ေပးၿပီး သင့္လၽွို႔ဝွက္ခ်က္ေတြကိုလည္း ထိန္းထားေပးသူဆိုရင္ သူ႔ကို လုံးဝလက္လႊတ္မခံပါနဲ႔။

၃။ ေႏြးေထြးၾကင္နာတတ္တဲ့သူ

သင့္ကို ခ်စ္ခင္ၿပီး ေႏြးေထြးၾကင္နာတတ္တဲ့သူတစ္ေယာက္ေတာ့ သင့္ေဘးမွာ လိုကိုလိုအပ္ပါတယ္။ သင္ အားငယ္ေနခ်ိန္မွာ အားေပးေဖးမမယ့္သူ၊ သင့္ကို နားလည္ေပးမယ့္သူ၊ သင့္ကို စိတ္လုံျခဳံမႈရေစမယ့္ သူ တစ္ေယာက္ သင့္ေဘးမွာ ရွိေနၿပီဆိုရင္ သူ႔ကို လက္လႊတ္မခံပါနဲ႔။ အဲဒီလိုလူမ်ိဳး သိပ္ကိုရွားပါးပါတယ္။ သူငယ္ခ်င္းပဲျဖစ္ျဖစ္ ခ်စ္သူပဲျဖစ္ျဖစ္၊ အဲဒီလူမ်ိဳး သင့္နားကေန ထြက္မသြားေအာင္ အျမဲတမ္းထိန္းထားပါ။

၄။ ေပ်ာ္တတ္တဲ့သူ (သင့္ကို အျမဲရယ္ေမာေပ်ာ္ရႊင္ေစသူ)

ဘဝဟာ တစ္ခါတေလမွာ စိတ္ညစ္စရာေတြ ျပည့္ႏွက္ေနတတ္တာေၾကာင့္ ရယ္ေမာေပ်ာ္ရႊင္တတ္ဖို႔လည္း လိုပါတယ္။ အဲဒါမွ ဘဝအေမာေျပေစမွာပါ။ ရယ္ေမာျခင္းဟာ အေကာင္းဆုံး ေဆးတစ္ခြက္ျဖစ္ပါတယ္။ အဲဒါေၾကာင့္ သူ႔ေဘးမွာ ေပ်ာ္တတ္တဲ့သူ ဒါမွမဟုတ္ သင့္ကိုအျမဲ ရယ္ေမာေပ်ာ္ရႊင္ေစသူ ရွိေနတယ္ဆိုရင္ လုံးဝလက္လႊတ္မခံပါနဲ႔။

၅။ ဉာဏ္ပညာရွိတဲ့သူ

သင့္ရဲ့ ေဘးပတ္ဝန္းက်င္မွာ သင့္ထက္ ဉာဏ္ပညာရွိတဲ့သူေတြ ရွိေနသင့္ပါတယ္။ တစ္နည္းအားျဖင့္ သင္ဟာ သင့္ထက္ ဉာဏ္ပညာရွိသူေတြေဘးမွာ ေနသင့္ပါတယ္။ သင္ၾကဳံေတြ႕ရမယ့္ အခက္အခဲနဲ႔ ျပႆနာေတြ အတြက္ သူတို႔ဆီကေန အကူအညီရနိုင္ၿပီး သင့္အတြက္လည္း ပညာရေစမွာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ သင့္ထက္ ဉာဏ္ပညာရွိတဲ့သူေတြ သင့္ေဘးမွာ ရွိေနရင္လည္း လက္လႊတ္မခံပါနဲ႔။

၆။ အတုယူစရာေကာင္းတဲ့သူ

သင့္ဘဝမွာ အားက်အတုယူရတဲ့သူ တစ္စုံတစ္ေယာက္ လိုအပ္ပါတယ္။ အဲဒါမွလည္း သင့္အေနနဲ႔ သင္ အားက်တဲ့သူကို စံနမူနာယူၿပီး ပန္းတိုင္တစ္ခုထားရွိက ဆက္လက္ႀကိဳးစားဖို႔ တြန္းအားေတြရရွိနိုင္မွာ ျဖစ္ပါ တယ္။ သင္အတုယူအားက်ရတဲ့သူေတြဟာ သင့္အတြက္ တြန္းအားတစ္ခုရရွိေစမွာ ျဖစ္တာေၾကာင့္ အဲဒီလူ ေတြကိုလည္း လက္လႊတ္မခံသင့္ပါဘူး။

၇။ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်တတ္တဲ့သူ

ဘဝမွာ ေလလုံးထြားၿပီး ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းသူေတြကို ေတြ႕ဖူးၾကမွာပါ။ ကိုယ့္ကိုယ္ကို အမွန္ျမင္ၿပီး ႏွိမ့္ခ်တတ္တဲ့သူဆိုတာ ရွားပါတယ္။ ကိုယ့္ကိုယ္ကို ႏွိမ့္ခ်တတ္သူေတြဟာ ကိုယ့္အေၾကာင္းကိုယ္သိၾကပါ တယ္။ ဒါ့ျပင္ သူတို႔ဟာ ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိၾကၿပီး စိတ္ဓာတ္ ခိုင္မာေပမဲ့လည္း သူတို႔ကိုယ္သူတို႔ စင္လုံးေခ်ာၿပီးျပည့္သူေတြအျဖစ္ ဘယ္ေတာ့မွ ထုတ္ေျပာေလ့မရွိၾကပါဘူး။ သူတို႔ဟာ ဘဝမွာ သင္ယူစရာေတြ ရွိေနေသးၿပီး ဘယ္သူမွ ၁၀၀ ရာခိုင္ႏႈန္း မျပည့္စုံနိုင္ဘူးဆိုတာကို ေကာင္းေကာင္းနားလည္ထားၾကလို႔ပါပဲ။ အဲဒီလိုလူမ်ိဳးေတြကို သူငယ္ခ်င္းေတာ္မိရင္လည္း ဘယ္ေတာ့မွ လက္လႊတ္မခံပါနဲ႔။

၈။ သစၥာရွိတဲ့သူ

အတုအေယာင္ေတြ ေပါမ်ားလာတဲ့ ေခတ္ႀကီးမွာ သစၥာတရားကို တန္ဖိုးထားတဲ့သူ၊ သစၥာရွိတဲ့သူဆိုတာလည္း အေတာ္ေလး ရွားပါးလာပါၿပီ။ သစၥာရွိတဲ့သူဆိုတာ သင္လုပ္သမၽွကို ေျမႇာက္ထိုးပင့္ေကာ္ လုပ္ေပးေနသူေတြကို မဆိုလိုပါဘူး။ သူတို႔ဟာ သင္ဘာပဲျဖစ္ျဖစ္၊ အခ်ိန္ေတြ ဘယ္ေလာက္ၾကာၾကာ သင့္ေဘးမွာ အျမဲရွိေနေပးသူ ေတြ၊ သင္လမ္းမွားေရာက္တဲ့အခါ အမွန္ကိုျပင္ေပးသူေတြ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ခ်စ္သူရည္စားပဲျဖစ္ျဖစ္၊ သူငယ္ခ်င္းပဲျဖစ္ျဖစ္ သင့္အေပၚသစၥာရွိတဲ့သူေတြကို ဘာအေၾကာင္းနဲ႔မွ လက္လႊတ္မခံသင့္ပါဘူး။

by Cherry Mon

Photo Credit: freepik, pinterest

Unicode

လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်နဲ့အတွေးတွေ ကွဲပြားကြပါ တယ်။ နေ့စဉ်ဘဝထဲမှာလည်း လူအမျိုးမျိုးနဲ့ စိတ်ဓာတ်အမျိုးမျိုးကို တွေ့ကြုံနေကြရပါတယ်။ အဲဒါကြောင့် မိတ်ဆွေစစ်တွေ့ဖို့ဆိုတာလည်း ခဲယဉ်းလှပါတယ်။ တချို့လူတွေကို သင့်ဘဝထဲမှာ မထားသင့်သလို တချို့တွေ ကိုတော့ အဆုံးရှုံးမခံသင့်ပါဘူး။

အဲဒါကြောင့် ချစ်သူရည်းစားပဲဖြစ်ဖြစ်၊ အပေါင်းအသင်းမိတ်ဆွေပဲဖြစ်ဖြစ် သင့်ဘဝမှာ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ လူ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရိုးသားတဲ့သူ

သင့်အနားမှာ ရိုးသားတဲ့သူတစ်ယောက်ယောက် ရှိခဲ့ရင် သူ့ကို လက်လွှတ်မခံပါနဲ့။ ရိုးသားတဲ့သူဆိုတာ တဖြည်းဖြည်းနဲ့ ရှားပါးလာပါပြီ။ တစ်ခါတရံမှာ ရိုးလွန်းရင်လည်း မမိုက်ဘူးလို့ ထင်စရာရှိပေမဲ့ ရိုးသားခြင်း ဆိုတာ ဘာနဲ့မျှတန်ဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ အတုအယောင်တွေ ပေါများလွန်းနေတဲ့ ခေတ်မှာ သင့်ဘေး မှာ ရိုးသားတဲ့သူတစ်ယောက်ယောက်ရှိနေရင် လုံးဝလက်လွှတ်မခံပါနဲ့။

၂။ သင်ပြောသမျှကို ကောင်းကောင်းနားထောင်ပေးတတ်သူ

လူဆိုတာ ပျော်တဲ့အချိန်ရှိသလို ဝမ်းနည်းတဲ့အချိန်တွေလည်း ရှိတာကြောင့် ရင်ဖွင့်ဖော်ဆိုတာ လိုကိုလိုအပ်ပါ တယ်။ သင့်မှာ သင်ပြောသမျှကို စိတ်ရှည်ရှည်နဲ့ ကောင်းကောင်းနားထောင်ပေးမယ့်သူရှိရင် သင့်အတွက် ကံကောင်းမှုတစ်ခုပါပဲ။ အဲဒီသူဟာ သင့်ချစ်သူဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်ရင်ဖွင့်သမျှကို ကောင်းကောင်းနားထောင်ပေးပြီး သင့်လျှို့ဝှက်ချက်တွေကိုလည်း ထိန်းထားပေးသူဆိုရင် သူ့ကို လုံးဝလက်လွှတ်မခံပါနဲ့။

၃။ နွေးထွေးကြင်နာတတ်တဲ့သူ

သင့်ကို ချစ်ခင်ပြီး နွေးထွေးကြင်နာတတ်တဲ့သူတစ်ယောက်တော့ သင့်ဘေးမှာ လိုကိုလိုအပ်ပါတယ်။ သင် အားငယ်နေချိန်မှာ အားပေးဖေးမမယ့်သူ၊ သင့်ကို နားလည်ပေးမယ့်သူ၊ သင့်ကို စိတ်လုံခြုံမှုရစေမယ့် သူ တစ်ယောက် သင့်ဘေးမှာ ရှိနေပြီဆိုရင် သူ့ကို လက်လွှတ်မခံပါနဲ့။ အဲဒီလိုလူမျိုး သိပ်ကိုရှားပါးပါတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူပဲဖြစ်ဖြစ်၊ အဲဒီလူမျိုး သင့်နားကနေ ထွက်မသွားအောင် အမြဲတမ်းထိန်းထားပါ။

၄။ ပျော်တတ်တဲ့သူ (သင့်ကို အမြဲရယ်မောပျော်ရွှင်စေသူ)

ဘဝဟာ တစ်ခါတလေမှာ စိတ်ညစ်စရာတွေ ပြည့်နှက်နေတတ်တာကြောင့် ရယ်မောပျော်ရွှင်တတ်ဖို့လည်း လိုပါတယ်။ အဲဒါမှ ဘဝအမောပြေစေမှာပါ။ ရယ်မောခြင်းဟာ အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်ပါတယ်။ အဲဒါကြောင့် သူ့ဘေးမှာ ပျော်တတ်တဲ့သူ ဒါမှမဟုတ် သင့်ကိုအမြဲ ရယ်မောပျော်ရွှင်စေသူ ရှိနေတယ်ဆိုရင် လုံးဝလက်လွှတ်မခံပါနဲ့။

၅။ ဉာဏ်ပညာရှိတဲ့သူ

သင့်ရဲ့ ဘေးပတ်ဝန်းကျင်မှာ သင့်ထက် ဉာဏ်ပညာရှိတဲ့သူတွေ ရှိနေသင့်ပါတယ်။ တစ်နည်းအားဖြင့် သင်ဟာ သင့်ထက် ဉာဏ်ပညာရှိသူတွေဘေးမှာ နေသင့်ပါတယ်။ သင်ကြုံတွေ့ရမယ့် အခက်အခဲနဲ့ ပြဿနာတွေ အတွက် သူတို့ဆီကနေ အကူအညီရနိုင်ပြီး သင့်အတွက်လည်း ပညာရစေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ထက် ဉာဏ်ပညာရှိတဲ့သူတွေ သင့်ဘေးမှာ ရှိနေရင်လည်း လက်လွှတ်မခံပါနဲ့။

၆။ အတုယူစရာကောင်းတဲ့သူ

သင့်ဘဝမှာ အားကျအတုယူရတဲ့သူ တစ်စုံတစ်ယောက် လိုအပ်ပါတယ်။ အဲဒါမှလည်း သင့်အနေနဲ့ သင် အားကျတဲ့သူကို စံနမူနာယူပြီး ပန်းတိုင်တစ်ခုထားရှိက ဆက်လက်ကြိုးစားဖို့ တွန်းအားတွေရရှိနိုင်မှာ ဖြစ်ပါ တယ်။ သင်အတုယူအားကျရတဲ့သူတွေဟာ သင့်အတွက် တွန်းအားတစ်ခုရရှိစေမှာ ဖြစ်တာကြောင့် အဲဒီလူ တွေကိုလည်း လက်လွှတ်မခံသင့်ပါဘူး။

၇။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့သူ

ဘဝမှာ လေလုံးထွားပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသူတွေကို တွေ့ဖူးကြမှာပါ။ ကိုယ့်ကိုယ်ကို အမှန်မြင်ပြီး နှိမ့်ချတတ်တဲ့သူဆိုတာ ရှားပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူတွေဟာ ကိုယ့်အကြောင်းကိုယ်သိကြပါ တယ်။ ဒါ့ပြင် သူတို့ဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိကြပြီး စိတ်ဓာတ် ခိုင်မာပေမဲ့လည်း သူတို့ကိုယ်သူတို့ စင်လုံးချောပြီးပြည့်သူတွေအဖြစ် ဘယ်တော့မှ ထုတ်ပြောလေ့မရှိကြပါဘူး။ သူတို့ဟာ ဘဝမှာ သင်ယူစရာတွေ ရှိနေသေးပြီး ဘယ်သူမှ ၁၀၀ ရာခိုင်နှုန်း မပြည့်စုံနိုင်ဘူးဆိုတာကို ကောင်းကောင်းနားလည်ထားကြလို့ပါပဲ။ အဲဒီလိုလူမျိုးတွေကို သူငယ်ချင်းတော်မိရင်လည်း ဘယ်တော့မှ လက်လွှတ်မခံပါနဲ့။

၈။ သစ္စာရှိတဲ့သူ

အတုအယောင်တွေ ပေါများလာတဲ့ ခေတ်ကြီးမှာ သစ္စာတရားကို တန်ဖိုးထားတဲ့သူ၊ သစ္စာရှိတဲ့သူဆိုတာလည်း အတော်လေး ရှားပါးလာပါပြီ။ သစ္စာရှိတဲ့သူဆိုတာ သင်လုပ်သမျှကို မြှောက်ထိုးပင့်ကော် လုပ်ပေးနေသူတွေကို မဆိုလိုပါဘူး။ သူတို့ဟာ သင်ဘာပဲဖြစ်ဖြစ်၊ အချိန်တွေ ဘယ်လောက်ကြာကြာ သင့်ဘေးမှာ အမြဲရှိနေပေးသူ တွေ၊ သင်လမ်းမှားရောက်တဲ့အခါ အမှန်ကိုပြင်ပေးသူတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် ချစ်သူရည်စားပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် သင့်အပေါ်သစ္စာရှိတဲ့သူတွေကို ဘာအကြောင်းနဲ့မှ လက်လွှတ်မခံသင့်ပါဘူး။

by Cherry Mon

Photo Credit: freepik, pinterest