အခ်စ္နွင့္ဘဝ

ရည်းစားဟောင်းကို သတိရပြီးငိုခြင်းက ကိုယ်အလေးချိန်ကျစေနိုင်…..

လူတစ်ယောက်ဟာ သူ့ရဲ့ တစ်သက်တာမှာ ပျမ်းမျှအားဖြင့် မျက်ရည် 16.5 ဂါလန်ခန့် ငိုတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့် လူတွေက ငိုရတာထက် ခံစားချက်တွေကို မျိုသိပ်ထားရတာကို ပိုပြီး သဘောကျပါတယ်။ စိတ်ခံစားရလို့ ငိုခြင်းက ကိုယ်အလေးချိန်မြင့်တက်မှုကို ဟန့်တားပေးတယ် ဆိုရင် သင် ယုံနိုင်ပါ့မလား။

စိတ်ခံစားရလို့ ငိုတဲ့အခါ ကိုယ့်အတွက် အကျိုးအမြတ် တစ်ခုရပြီလို့ မှတ်လိုက်ပါတော့နော်။ ရည်းစားဟောင်းကို သတိရပြီး ငိုခြင်း ကိုယ်အလေးအချိန်ကျစေတယ်လို့ ပြောရင် ယုံချင်မှ ယုံပါလိမ့်မယ်။ လူတော်တော်များများက အသည်းကွဲဖူးကြပါတယ်။ အသည်းကွဲပြီ ဆိုရင် စိတ်တွေညစ်ပြီး အစားတွေ ပိုစားမိကြပါတယ်။

အသည်းကွဲပြီး ရက်အနည်းငယ် ကြာတဲ့အခါမှာ အဝတ်အစားတွေ ကျပ်လာတာကို သတိထားမိမှာပါ။ အဲဒါကြောင့် အသည်းကွဲတာက ဘယ်လိုလုပ်ပိန်စေမှာလဲလို့ သံသယဝင်ကြတာပါ။ အဓိကတော့ ကော်တီဇောဟော်မုန်းနဲ့ သက်ဆိုင်တာပါ။ စိတ်ဖိစီးမှုများတဲ့အခါ ကော်တီဇောဟော်မုန်းထွက်ပါတယ်။

အဲဒီဟော်မုန်းက အဝလွန်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ စိတ်ထိခိုက်ရတဲ့အခါ၊ ဒေါသဖြစ်စရာနဲ့ကြုံလာရတဲ့အခါ ခန္ဓာကိုယ်မှာ ကယ်လိုရီအချို့လောင်ကျွမ်းပါတယ်။ စိတ်ခံစားရလို့ ကျလာတဲ့မျက်ရည်မှာ ဟော်မုန်းဓာတ်တွေ ပါဝင်ပြီး အဲဒီဟော်မုန်းတွေက ကော်တီဇော level ကို မြင့်လာစေပါတယ်။ စိတ်ခံစားချက်တွေကို မျိုသိပ်မထားဘဲ ငိုချလိုက်မယ်ဆိုရင် ကော်တီဇောဟော်မုန်း level လျော့သွားမှာပါ။

ငိုချလိုက်တဲ့အခါ စိတ်ဖိစီးမှုတွေကုန်သွားပြီး အဆီတွေ ထိန်းသိမ်းစရာ မလိုတော့ဘူးလို့ ခန္ဓာကိုယ်က သိသွားပါတယ်။ အဲဒါကြောင့် အသည်းကွဲတဲ့အခါ၊ ရည်းစားဟောင်းကို သတိရတဲ့အခါ အားရပါးရ ငိုချလိုက်ပါ။ ကော်တီဇော level နည်းသွားအောင် လုပ်ရမယ့်နည်းကို မသိသေးရင် အသည်းကွဲခြင်းက ခက်ခဲနေဦးမှာပါပဲ။

အဲဒါကြောင့် တချို့တွေက အသည်းကွဲရင် ပိုစားဖြစ်တယ်လို့ ပြောကြတာပါ။ကိုယ်အလေးအချိန်ကျဖို့၊ မကျဖို့ဆိုတာ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေအပေါ် မူတည်နေပါတယ်။ ဒါပေမယ့် ကြက်သွန်နီ လှီးလိုက်လို့ မျက်ရည်ကျတာကတော့ ကိုယ်အလေးချိန် မကျစေပါဘူးနော်။ တကယ်ခံစားရလို့ ငိုမှသာ ကိုယ်အလေးချိန်ကျတာပါ။

စိတ်ထိခိုက်ပြီး ငိုလို့အကောင်းဆုံးအချိန်က ည 7 နာရီကနေ 10 အထိ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ အဲဒီအချိန်တွေမှာ ကိုယ်ချစ်ရတဲ့သူကြောင့်လည်း ငိုရတတ်ပြီး ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်တွေ ကြည့်ပြီးလည်း ငိုရတတ်လို့ပါ။ သင့်ရဲ့ရည်းစားနဲ့ ပြတ်ပြီဆိုရင် ဒါမှမဟုတ် စိတ်ထိခိုက်စရာနဲ့ ကြုံလာရပြီ ဆိုရင် ဘာမှတွေးမနေဘဲ ငိုချလိုက်ပါ။

ငိုလိုက်ခြင်းက စိတ်တည်ငြိမ်စေဖို့ အထိရောက်ဆုံး နည်းလမ်းပါတဲ့။ ငိုပြီးတဲ့အခါ အနည်းနဲ့အများ စိတ်ပေါ့သွားပြီး စိတ်သစ်လူသစ် ပြန်စဖို့အတွက် လန်းဆန်းလာလို့ပါ။

Zombie(LoveMedia)