သင့္ရဲ႕တန္ဖိုးကို နားလည္တဲ့သူဆီမွာပဲ စိတ္ခံစားခ်က္ေတြကို ျမဳပ္ႏွံထားပါ
မင္းကို ခြင့္လြတ္ေပးႏိုင္တဲ့ သူဆီမွာပဲ
မင္းရဲ႕ စိတ္ဆိုးစိတ္ေကာက္ အမူအက်င့္ေလးေတြကို လုပ္ျပပါ….
မင္းကို နားလည္ေပးႏိုင္တဲ့သူဆီမွာပဲ မင္းရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ေဖာ္ျပပါ
မင္းကို ဂ႐ုစိုက္ေပးႏိုင္တဲ့ သူဆီမွာပဲ မင္းရဲ႕ နာက်င္ဝမ္းနည္းမႈေတြကို ရင္ဖြင့္ပါ….
မင္းကို ျမတ္ႏိုးတန္ဖိုးထားေပးတဲ့သူဆီမွာပဲ
မင္းရဲ႕ ခြင့္လြတ္နားလည္ေပးျခင္းေတြကို ျပန္ေပးပါ …
မင္းအေပၚ အေကာင္းဆုံး နားလည္ေပးဆပ္ႏိုင္သူကိုသာ
မင္းရဲ႕ သစၥာ ေစာင့္ထိန္းမႈေတြကို ျမဳပ္ႏွံထားပါ…
မင္းအေပၚ ေကာင္းတဲ့သူေတြအေပၚမွာ
ျပန္ေကာင္းဖို႔ မေမ့ပါနဲ႔
မင္းအေပၚ တန္ဖိုးထားတဲ့သူေတြကို
မဆုံး႐ႈံးခင္ တန္ဖိုးထားပါ….
ဘဝမွာ အခ်ိန္ၾကာၾကာ
ရင္းႏွီး ပတ္သက္ၾကသူတိုင္းက
တစ္ဖက္သတ္ဆန္တဲ့ ဆက္ဆံေရးမ်ိဳး မဟုတ္ၾကပါဘူး….
အျပန္အလွန္ ထိန္းေၾကာင္းေပးရင္း
ရပ္တည္ၾကတာမ်ိဳးပါ။
မင္းကို ခ်စ္တဲ့သူ မ်ားခ်င္မ်ားမယ္
မင္းအေပၚနားလည္ေပးႏိုင္တဲ့သူက ႐ွားတယ္….
မင္းကို စိတ္ဝင္စားတဲ့သူ မ်ားခ်င္မ်ားမယ္
မင္းအေပၚ အခ်စ္စစ္နဲ႔ ခ်စ္ေပးႏိုင္မယ့္သူက
ေ႐ႊလို ႐ွားတယ္။
Credit original uploader
Unicode
သင့်ရဲ့တန်ဖိုးကို နားလည်တဲ့သူဆီမှာပဲ စိတ်ခံစားချက်တွေကို မြုပ်နှံထားပါ
မင်းကို ခွင့်လွတ်ပေးနိုင်တဲ့ သူဆီမှာပဲ
မင်းရဲ့ စိတ်ဆိုးစိတ်ကောက် အမူအကျင့်လေးတွေကို လုပ်ပြပါ….
မင်းကို နားလည်ပေးနိုင်တဲ့သူဆီမှာပဲ မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပါ
မင်းကို ဂရုစိုက်ပေးနိုင်တဲ့ သူဆီမှာပဲ မင်းရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ရင်ဖွင့်ပါ….
မင်းကို မြတ်နိုးတန်ဖိုးထားပေးတဲ့သူဆီမှာပဲ
မင်းအပေါ် အကောင်းဆုံး နားလည်ပေးဆပ်နိုင်သူကိုသာ
မင်းရဲ့ သစ္စာ စောင့်ထိန်းမှုတွေကို မြုပ်နှံထားပါ…
မင်းအပေါ် ကောင်းတဲ့သူတွေအပေါ်မှာ
ပြန်ကောင်းဖို့ မမေ့ပါနဲ့
မင်းအပေါ် တန်ဖိုးထားတဲ့သူတွေကို
မဆုံးရှုံးခင် တန်ဖိုးထားပါ….
ဘဝမှာ အချိန်ကြာကြာ
ရင်းနှီး ပတ်သက်ကြသူတိုင်းက
တစ်ဖက်သတ်ဆန်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ကြပါဘူး….
အပြန်အလှန် ထိန်းကြောင်းပေးရင်း
ရပ်တည်ကြတာမျိုးပါ။
မင်းကို ချစ်တဲ့သူ များချင်များမယ်
မင်းအပေါ်နားလည်ပေးနိုင်တဲ့သူက ရှားတယ်….
မင်းကို စိတ်ဝင်စားတဲ့သူ များချင်များမယ်
မင်းအပေါ် အချစ်စစ်နဲ့ ချစ်ပေးနိုင်မယ့်သူက
ရွှေလို ရှားတယ်။
Credit original uploader