ဖြုတ်ချခဲ့တဲ့ လက်တွေကိုလည်း ကျေးဇူးတင်တယ်…
စွန့်ခွာခဲ့တဲ့လူကိုလည်း ကျေးဇူးတင်တယ်…
ခေါင်းမမော့နိုင်အောင် ထိုးနှက်ခဲ့ကြတဲ့လူတွေကိုလည်း ကျေးဇူးတင်တယ်…
ခြေကန်လှဲပြီး လဲကျအောင်လုပ်ခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်..
အခုအချိန်ထိ
မှားဖူးတဲ့အတိတ်နဲ့ပဲ တွဲမြင်ပေးကြတဲ့လူတွေကိုလည်း နားလည်စွာနဲ့ ပြုံးပြပါ့မယ် ..

အခုထက်ပိုပြီး ရပ်တည်နိုင်ဖို့ ခင်ဗျားတို့ပေးတဲ့ ဒုက္ခကို အောင်မြင်မှုလမ်းစ လို့ ဘာသာပြန်ပါ့မယ်…
မကမ်းတဲ့လက်တွေကိုရော .. မလှမ်းခဲ့တဲ့လက်တွေကိုရော နားလည်ပါတယ်…
ချစ်တဲ့သူတွေပေးတဲ့ခွန်အားနဲ့
ဆက်ပြီး ခံနိုင်ရည်ရှိပြပါအုံးမယ် ။
လက်ညှိုးထိုးရတာ မောတဲ့အခါ လက်ခုပ်တီးပေးပါ ….။
သက္ထားခင္(THK)
Unicode

သက်ထားခင်(THK)