ေလးစားဂုဏ္ယူဖြယ္ရာ ရခိုင္ျပည္နယ္တြင္ မိမိဆႏၵအေလ်ာက္ ယာယီတာဝန္ထမ္းေဆာင္မည့္ ဆရာဝန္ႏွင့္ သူနာျပဳမ်ား
“မိမိဆႏၵအေလ်ာက္” ယာယီတာဝန္ထမ္းေဆာင္မည့္ ဆရာဝန္ႏွင့္ သူနာျပဳမ်ား ခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕သို႔ ေရာက္ရွိ
ရခိုင္ျပည္နယ္တြင္ “မိမိဆႏၵအေလ်ာက္” ယာယီတာဝန္ထမ္းေဆာင္မည့္ ဆရာဝန္ႏွင့္ သူနာျပဳမ်ားသည္ ျမန္မာအမ်ိဳးသားပိုင္ေလေၾကာင္းလိုင္း အထူးေလယာဥ္ျဖင့္ ရခိုင္ျပည္နယ္၊ စစ္ေတြေလဆိပ္သို႔ –
ယေန႔ (၂၃-၈-၂၀၂၀) ရက္ေန႔၊ နံနက္တြင္ ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ (၂၀၂၀) ျပည့္ႏွစ္၊ ဩဂုတ္လ (၂၃) ရက္ေန႔က သတင္းေဖာ္ျပထားသည္။
“မိမိဆႏၵအေလ်ာက္” ရခိုင္ျပည္နယ္တြင္ ယာယီတာဝန္ထမ္းေဆာင္ၾကမည့္
• ဒုတိယျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရး ဦးစီးဌာနမႉး (၁) ဦး၊
• ေရာဂါေဗဒအထူးကုဆရာဝန္ႀကီး (၁) ဦး၊
• လက္ေထာက္ဆရာဝန္ (ေမ့ေဆးအထူးကု) (၃) ဦး၊
• လက္ေထာက္ဆရာဝန္ (ေဆးပညာအထူးကု) (၁) ဦး၊
• လက္ေထာက္ဆရာဝန္ (ေရာဂါေဗဒ) (၁) ဦး၊
• လက္ေထာက္ဆရာဝန္ (အဏုဇီဝေဗဒ) (၁) ဦး၊
• လက္ေထာက္ဆရာဝန္ (၁၃) ဦး၊
• သူနာျပဳဆရာအုပ္ႀကီး (၁) ဦး၊
• အထက္တန္းသူနာျပဳ (၁) ဦးႏွင့္
• သူနာျပဳ (၁) ဦး တို႔ျဖစ္ၾကၿပီး
၄င္းတို႔ကို ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၊ လူမႈေရးဝန္ႀကီး ေဒါက္တာခ်မ္းသာ၊ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမႉး ေဒါက္တာစိုင္းဝင္းေဇာ္လႈိင္၊ ဗဟိုကြင္းဆင္းအဖြဲ႕ေခါင္းေဆာင္ ၫႊန္ၾကားေရးမႉး (ကူးစက္ေရာဂါႏွိမ္နင္းေရး) ေဒါက္တာဉာဏ္ဝင္းျမင့္၊ စစ္ေတြျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္လြင္ႏွင့္ တာဝန္ရွိသူမ်ားက စစ္ေတြေလဆိပ္သို႔သြားေရာက္ ႀကိဳဆိုခဲ့ေၾကာင္း
အဆိုပါ အထူးေလယာဥ္ျဖင့္ ရခိုင္ျပည္နယ္တြင္ ကိုဗစ္ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအတြက္ ေဆးႏွင့္ ေဆးပစၥည္းကိရိယာမ်ားကိုလည္း ပို႔ေဆာင္ခဲ့ေၾကာင္း သတင္းေဖာ္ျပခ်က္တြင္ ေဖာ္ျပပါရွိပါသည္။
သတင္း/ဓာတ္ပုံ-က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန
Credit to AlinnMyay
Unicode
လေးစားဂုဏ်ယူဖွယ်ရာ ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ
“မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ ခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ
ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများသည် မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ –
ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့က သတင်းဖော်ပြထားသည်။
“မိမိဆန္ဒအလျောက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့်
• ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး (၁) ဦး၊
• ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊
• လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊
• လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊
• လက်ထောက်ဆရာဝန် (ရောဂါဗေဒ) (၁) ဦး၊
• လက်ထောက်ဆရာဝန် (အဏုဇီဝဗေဒ) (၁) ဦး၊
• လက်ထောက်ဆရာဝန် (၁၃) ဦး၊
• သူနာပြုဆရာအုပ်ကြီး (၁) ဦး၊
• အထက်တန်းသူနာပြု (၁) ဦးနှင့်
• သူနာပြု (၁) ဦး တို့ဖြစ်ကြပြီး
၎င်းတို့ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်၊ ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါနှိမ်နင်းရေး) ဒေါက်တာဉာဏ်ဝင်းမြင့်၊ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ကြောင်း
အဆိုပါ အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်တွင် ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုလည်း ပို့ဆောင်ခဲ့ကြောင်း သတင်းဖော်ပြချက်တွင် ဖော်ပြပါရှိပါသည်။
သတင်း/ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Credit to AlinnMyay