မိုးေလ၀သ

မုတ္သုံေလ အားေကာင္းေနၿပီး ျပည္နယ္ႏွင့္ တိုင္းအခ်ိဳ႕ မိုးႀကီးႏိုင္

မုတ္သုံေလ အားေကာင္းေနၿပီး ျပည္နယ္ႏွင့္ တိုင္းအခ်ိဳ႕ မိုးႀကီးႏိုင္

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔မွာ မုတ္သုံေလ အားေကာင္းေနၿပီး ျပည္နယ္နဲ႔တိုင္းအခ်ိဳ႕ မိုးႀကီးႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

စစ္ကိုင္းတိုင္းအထက္ပိုင္းနဲ႔ ကခ်င္ျပည္နယ္တို႔မွာ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ မေကြးတိုင္း၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)နဲ႔ ခ်င္းျပည္နယ္ တို႔မွာ ေနရာစိပ္စိပ္၊ က်န္တိုင္းနဲ႔ ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပားမိုးထစ္ခ်ဳန္း႐ြာႏိုင္ပါတယ္။

 

မႏၲေလးတိုင္းနဲ႔ မြန္ျပည္နယ္တို႔မွာ ေဒသအလိုက္၊ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) နဲ႔ ကရင္ျပည္နယ္တို႔မွာ ေနရာကြက္၍ မိုးႀကီးႏိုင္ၿပီး ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါတယ္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ တစ္ခါတစ္ရံ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ၿပီး လႈိင္းအျမင့္ ၆ ေပမွ ၉ ေပခန္႔ ရွိႏိုင္ပါတယ္။

 

မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလဟာ ၁ နာရီကို မိုင္ ၃၀ မွ ၃၅ မိုင္အထိ တိုက္ခတ္ႏိုင္ပါတယ္။ေနာက္ ၂ ရက္အတြက္ ခန္႔မွန္းခ်က္အရ ရခိုင္ျပည္နယ္မွာ မိုးပိုလာႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

ေနျပည္ေတာ္၊ မႏၲေလးၿမိဳ႕တို႔နဲ႔ အနီးတစ္ဝိုက္ေတြမွာ ဒီေန႔ညေနအထိ ခန္႔မွန္းခ်က္အရ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမယ္၊ ရန္ကုန္ၿမိဳ႕နဲ႔အနီးတစ္ဝိုက္ေတြမွာေတာ့ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမယ္လို႔ ဆိုပါတယ္။

DVB TV News

Unicode

မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နှင့် တိုင်းအချို့ မိုးကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပါတယ်။

မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့် ရှိနိုင်ပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ ၁ နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မှာ မိုးပိုလာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ မန္တလေးမြို့တို့နဲ့ အနီးတစ်ဝိုက်တွေမှာ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တွေမှာတော့ မိုးအသင့်အတင့် ထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။

DVB TV News