သြဂုတ်လ ၁၆ ရက်နေ့ ယနေ့အတွက်ထုတ်ပြန်ချက်များအရ မိုးရွာသွန်းနိုင်တဲ့ ဒေသတွေကတော့
မန္တလေး ပြင်ဦးလွင် နောင်ချိုကျောက်မဲ လာရှိူ မော်လူး မော်ဟန် မော်တိတ် အင်းတော် ကသာ ဘုံချောင်း အင်းရွာ မဲဇာ ဝန်းသို ကောလင်း
ချပ်ကြီး ချပ်သင်း ကျွန်းလှ သစ်ရာပင် ကန့်ဘလူ စပ္ပါယ်နံသာ ကျေးပင်အက် တကောင်း ထီးချိုင့် အစရှိသောဒေသများတွင် မိုးရွာသွန်းနိုင်ပြီး
ပူတာအို မချမ်းဘော နောင်မွန်း ပန်နန်းဒင် ခေါင်လန်ဖူး ဆွမ်ပရာဘွမ် အစရှိသော ဒေသတွေမှာတော့ မိုးကြီး နိုင်ပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့မှာ ချင်းတွင်းမြစ်ဖျားပိုင်း မိုးကြီးနိုင်ပြီး သြဂုတ်လ ၁၇ရက် မှ ၂၀ရက်နေ့အတွင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးများစွာရွာနိုင်ပြီး
ယခုအပတ်အတွင်း ကချင်ပြည်နယ်မှာ မိုးကြီးနိုင်ပြန်ပါတယ် ထူးကဲစိုးရိမ်မိုးရွာနိုင်ရင်တော့ အချိန်နဲ့တပြေးညီစောင့်ကြည့်တင်ပေးသွားပါမယ်” ဆိုပြီး မိုးလေဝသစေတနာရှင်မလေး စုစုစံမှ ကြိုတင်ခန့်မှန်းပေးထားချက်များအား ပြန်လည်စုစည်း ဖော်ပြအပ်ပါသည်။
ဩဂုတ်လ (၁၆)ရက်နေ့ နံနက် (၇:၀၀)နာရီအချိန် မိုးဇလထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်အရ မကွေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး
စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
Credit
zawgyi
သြဂုတ်လ ၁၇ ရက် မှ ၂၀ ရက်နေ့အတွင်း ရွာသွန်းမြဲထက်မိုးပိုလာနိုင်သောဒေသများနှင့် နေ့စဉ်မိုးလေဝသ ထုတ်ပြန်ချက်
မန္တလေး ပြင်ဦးလွင် နောင်ချိုကျောက်မဲ လာရှို မော်လူး မော်ဟန် မော်တိတ် အင်းတော် ကသာ ဘုံချောင်း အင်းရွာ မဲဇာ ဝန်းသို ကောလင်း
Credit



