ျပည္တြင္းသတင္း

ျပည္ၿမိဳ႕တြင္ ယေန႔ ညေန ၅နာရီေက်ာ္အခ်ိန္ကေရႊဆိုင္တစ္ဆိုင္၀င္၍ ခဲက်ည္ထည့္ကာပစ္၍ရေသာ ေကာ္ေသနတ္ျဖင့္လုယက္

ျပည္ၿမိဳ႕တြင္ ယေန႔ ညေန ၅နာရီေက်ာ္အခ်ိန္ကေရႊဆိုင္တစ္ဆိုင္၀င္၍ ခဲက်ည္ထည့္ကာပစ္၍ရေသာ ေကာ္ေသနတ္ျဖင့္လုယက္

ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕ ေရႊကူရပ္ကြက္ရွိ ေမသရဖူေရႊဆိုင္ကို၀င္၍ ယေန႔ ညေန ၅နာရီေက်ာ္အခ်ိန္က ခဲက်ည္ထည့္ ကာပစ္၍ရေသာ ေကာ္ေသနတ္ျဖင့္လုယက္မွဳျဖစ္ပြားခဲ့ေၾကာင္း ျပည္ၿမိဳ႕ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဳး ရဲမွဳး သန္းေဇာ္၀င္း က ျပည္ျမန္မာကို ေျပာသည္။

 

“ခုညေန ၅နာရီ ၉ မိနစ္ အခ်ိန္မွာ ေရႊကူရပ္ကြက္ ေရႊတေခ်ာင္းႏွင့္ပန္းဘဲတန္းလမ္းေထာင့္မွာ ေမသရဖူေရႊဆိုင္ကို ျပည္ၿမိဳ႕သဲကုန္းအုပ္စု ဆင္ဖက္ရြာက ျပည့္ၿဖိဳးေအာင္နဲ႔ထက္ေအာင္ေက်ာ္ေအာင္ဆိုတဲ့ အသက္ ၂၃ ႏွစ္ ၂၄ ႏွစ္ အရြယ္ ႏွစ္ေယာက္က ခဲက်ည္ထည့္ပစ္လို႔ ရတဲ့ ေကာ္ေသနတ္နဲ႔ ၀င္ၿပီးၿပီေတာ့ လုယက္တာမ်ိဳးလုပ္တာေပါ့။

 

ကၽြန္ေတာ္တို႔လည္း သိသိခ်င္း ခ်က္ခ်င္းလာတယ္။ရပ္ကြက္ေနျပည္သူေတြ၊ပိုင္ရွင္ရယ္၊ရဲတပ္ဖြဲ႔ရယ္ အားလံုးပူးေပါင္းဖမ္းဆီးႏိုင္ပါတယ္။ျပည္သူလူထုကိုလည္းရဲတပ္ဖြဲ႔က ေက်းဇူးတင္ပါတယ္။အခုကေတာ့ လုယက္မွဳ ပုဒ္မ ၃၉၂ နဲ႔ ဥပေဒအရ အေရးယူဖို႔ေဆာင္ရြက္ေနပါတယ္။၊လက္ရွိမွာေတာ့ေပါ့ေနာ္။အျခား မွဳခင္းပိုင္းေတြ ဘာေတြ ရွိအံုးမလဲ၊ျပစ္မွဳေဟာင္းေတြ ရွိသလား အဲဒါေတြကိုလည္း စစ္ေဆးဖို႔ ေဆာင္ရြက္ေနပါတယ္ဗ်”ဟု ယင္းက ေျပာသည္။

 

ေမငယ္

ဓာတ္ပံု-ေရႊေစ်းေငြေစ်းေန႔စဥ္သတင္းမ်ား

Unicode

ပြည်မြို့တွင် ယနေ့ ညနေ ၅နာရီကျော်အချိန်ကရွှေဆိုင်တစ်ဆိုင်ဝင်၍ ခဲကျည်ထည့်ကာပစ်၍ရသော ကော်သေနတ်ဖြင့်လုယက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေကူရပ်ကွက်ရှိ မေသရဖူရွှေဆိုင်ကိုဝင်၍ ယနေ့ ညနေ ၅နာရီကျော်အချိန်က ခဲကျည်ထည့် ကာပစ်၍ရသော ကော်သေနတ်ဖြင့်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုး သန်းဇော်ဝင်း က ပြည်မြန်မာကို ပြောသည်။

“ခုညနေ ၅နာရီ ၉ မိနစ် အချိန်မှာ ရွှေကူရပ်ကွက် ရွှေတချောင်းနှင့်ပန်းဘဲတန်းလမ်းထောင့်မှာ မေသရဖူရွှေဆိုင်ကို ပြည်မြို့သဲကုန်းအုပ်စု ဆင်ဖက်ရွာက ပြည့်ဖြိုးအောင်နဲ့ထက်အောင်ကျော်အောင်ဆိုတဲ့ အသက် ၂၃ နှစ် ၂၄ နှစ် အရွယ် နှစ်ယောက်က ခဲကျည်ထည့်ပစ်လို့ ရတဲ့ ကော်သေနတ်နဲ့ ဝင်ပြီးပြီတော့ လုယက်တာမျိုးလုပ်တာပေါ့။

ကျွန်တော်တို့လည်း သိသိချင်း ချက်ချင်းလာတယ်။ရပ်ကွက်နေပြည်သူတွေ၊ပိုင်ရှင်ရယ်၊ရဲတပ်ဖွဲ့ရယ် အားလုံးပူးပေါင်းဖမ်းဆီးနိုင်ပါတယ်။ပြည်သူလူထုကိုလည်းရဲတပ်ဖွဲ့က ကျေးဇူးတင်ပါတယ်။အခုကတော့ လုယက်မှု ပုဒ်မ ၃၉၂ နဲ့ ဥပဒေအရ အရေးယူဖို့ဆောင်ရွက်နေပါတယ်။၊လက်ရှိမှာတော့ပေါ့နော်။အခြား မှုခင်းပိုင်းတွေ ဘာတွေ ရှိအုံးမလဲ၊ပြစ်မှုဟောင်းတွေ ရှိသလား အဲဒါတွေကိုလည်း စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်ဗျ”ဟု ယင်းက ပြောသည်။

မေငယ်

ဓာတ်ပုံ-ရွှေဈေးငွေဈေးနေ့စဉ်သတင်းများ