ျမန္မာနိုင္ငံတြင္ပထမဦးဆုံးျဖစ္လာမည့္ မွန္တံတား စီမံကိန္းကို ဂုတ္ထိပ္တံတားအနီးတြင္ မၾကာမီတည္ေဆာက္မည္
ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ကမၻာေက်ာ္ ဂုတ္ထိပ္တံတားအနီးတြင္ ခရီးသြားမ်ားကို ဆြဲေဆာင္နိုင္ရန္အတြက္ မွန္တံတား ႏွင့္ အပန္းေျဖစခန္းစီမံကိန္းကို မၾကာမီတည္ေဆာက္ေတာ့မည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ စီမံ၊ဘ႑ာဝန္ႀကီး စိုးညြန႔္လြင္ကေအာက္တိုဘာလ ၁၇ ရက္တြင္ေျပာ သည္။
အဆိုပါ ဂုတ္ထိပ္မွန္တံတားႏွင့္ အပန္းေျဖစီမံကိန္းကို ပုဂၢလိက ကုမၸဏီတစ္ခုက ယခုႏွစ္မွစတင္ကာ ၂၀၂၂ ခုႏွစ္အတြင္း အၿပီးေဆာင္ရြက္မည္ျဖစ္Nပီး စီမံကိန္းတြင္ မွန္တံတားအျပင္ ဘန္ဂလိုမ်ား၊ ေခတ္ မီကစားကြင္း၊အပန္းေျဖဥယ်ာဥ္၊ရြက္ဖ်င္တဲမ်ား၊စိုက္ခင္းမ်ား၊အမွတ္တရပစၥည္းအေရာင္းဆိုင္၊စားေသာက္ဆိုင္မ်ားပါဝင္မည္ ျဖစ္ေၾကာင္းသိရသည္။
“ခြင့္ျပဳမိန႔္ စာရြက္စာတမ္းအားလုံးၿပီးေနပါၿပီ။လုပ္ငန္းစတင္ဖို႔ဘဲရွိပါေတာ့တယ္။ ဂုတ္ထိပ္တံတားရယ္ ဘန႔္ေဘြးက်င္း ေရတံခြန္ရယ္၊မွန္တံတားရယ္ကမနီးမေဝးပါပဲ။ခရီးသြားက႑ ဖြံ့ၿဖိဳးတိုးတက္ဖို႔ အတြက္ ေဆာင္ရြက္တာပါ။ကိုဗစ္ကာလအလြန္ရွမ္းျပည္နယ္အတြင္းခရီးသြားလုပ္ငန္းေတြစနစ္တက်နဲ႔ျပန္လည္ဖြံ့ၿဖိဳး ေစဖို႔ ျပည္နယ္နဲ႔ကိုက္ညီတဲ့ Tourism master plan ကိုလည္းေရးဆြဲထားၿပီးျဖစ္ပါတယ္”ဟု ၎ကေျပာသည္။
ဂုတ္ထိပ္မွန္တံတားႏွင့္ အပန္းေျဖစီမံကိန္းသည္ ဝန္ထမ္းဦးေရ ၃၀၀ ခန႔္အလုပ္အကိုင္အခြင့္အလမ္း ေပးနိုင္မည္ျဖစ္ကာ ကုမၸဏီအေနျဖင့္ အပန္းေျဖစီမံကိန္းမွရရွိေသာအျမတ္ေငြမ်ားထဲမွ ၅ ရာခိုင္ႏႈန္းကို လည္း က်န္းမာေရး၊ပညာေရးႏွင့္ေက်းလက္ေဒသ ဖြံ့ၿဖိဳးတိုးတက္ေရးလုပ္ငန္း မ်ားအတြက္လႉဒါန္း ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
swh(ဓာတ္ပုံ-Cherry Muse)
unicode,
မြန်မာနိုင်ငံတွင်ပထမဦးဆုံးဖြစ်လာမည့် မှန်တံတား စီမံကိန်းကို ဂုတ်ထိပ်တံတားအနီးတွင် မကြာမီတည်ဆောက်မည်
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးတွင် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် မှန်တံတား နှင့် အပန်းဖြေစခန်းစီမံကိန်းကို မကြာမီတည်ဆောက်တော့မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် စီမံ၊ဘဏ္ဍာဝန်ကြီး စိုးညွန့်လွင်ကအောက်တိုဘာလ ၁၇ ရက်တွင်ပြော သည်။
အဆိုပါ ဂုတ်ထိပ်မှန်တံတားနှင့် အပန်းဖြေစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ယခုနှစ်မှစတင်ကာ ၂၀၂၂ ခုနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်Nပီး စီမံကိန်းတွင် မှန်တံတားအပြင် ဘန်ဂလိုများ၊ ခေတ် မီကစားကွင်း၊အပန်းဖြေဥယျာဉ်၊ရွက်ဖျင်တဲများ၊စိုက်ခင်းများ၊အမှတ်တရပစ္စည်းအရောင်းဆိုင်၊စားသောက်ဆိုင်များပါဝင်မည် ဖြစ်ကြောင်းသိရသည်။
“ခွင့်ပြုမိန့် စာရွက်စာတမ်းအားလုံးပြီးနေပါပြီ။လုပ်ငန်းစတင်ဖို့ဘဲရှိပါတော့တယ်။ ဂုတ်ထိပ်တံတားရယ် ဘန့်ဘွေးကျင်း ရေတံခွန်ရယ်၊မှန်တံတားရယ်ကမနီးမဝေးပါပဲ။ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆောင်ရွက်တာပါ။ကိုဗစ်ကာလအလွန်ရှမ်းပြည်နယ်အတွင်းခရီးသွားလုပ်ငန်းတွေစနစ်တကျနဲ့ပြန်လည်ဖွံ့ဖြိုး စေဖို့ ပြည်နယ်နဲ့ကိုက်ညီတဲ့ Tourism master plan ကိုလည်းရေးဆွဲထားပြီးဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
ဂုတ်ထိပ်မှန်တံတားနှင့် အပန်းဖြေစီမံကိန်းသည် ဝန်ထမ်းဦးရေ ၃၀၀ ခန့်အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်မည်ဖြစ်ကာ ကုမ္ပဏီအနေဖြင့် အပန်းဖြေစီမံကိန်းမှရရှိသောအမြတ်ငွေများထဲမှ ၅ ရာခိုင်နှုန်းကို လည်း ကျန်းမာရေး၊ပညာရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
swh(ဓာတ်ပုံ-Cherry Muse)