အာက္ပိုင္း ေသသြားတဲ့ ခ်စ္သူကို ျပစ္မသြားပဲ သစၥာရွိရွိ ဆက္ခ်စ္ကာ ျပဳစုေပးေနတဲ့ ေလးစားဖြယ္ လူသားတဦး
ထိုင္းႏိုင္ငံ ေျမာက္ပိုင္း Chiang Mai မွာေနထိုင္တဲ့ အသက္ ၃၁ႏွစ္အ႐ြယ္ Narawut Phongyen ဆိုသူ အမ်ိဳးသားဟာ အသက္ ၂၁ႏွစ္အ႐ြယ္ Patcharaphan Lenkham ေကာင္မေလးနဲ႔ ၂၀၁၅ ခုႏွစ္မွာအြန္လိုင္းေပၚကတစ္ဆင့္ ဆုံေတြ႕ၿပီး ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ ခ်စ္သူေတြ ျဖစ္သြားေပမဲ့ ၇ လေလာက္အထိ တစ္ေယာက္ ကို တစ္ေယာက္ မျမင္ဘူးၾကပါဘူး။ အဲ့ဒီေနာက္ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႏွစ္ေယာက္သား အျပင္မွာ ေတြ႕ဆုံဖို႔ စီစဥ္ထားခဲ့ၾကပါတယ္။ဒါေပမဲ့ သူတို႔ရဲ႕ အစီအစဥ္က မေအာင္ျမင္ခဲ့ပါဘူး။ ခ်ိန္းေတြ႕မဲ့ ကာလ မေရာက္ခင္မွာပဲ Patcharaphan ဟာ ကားမေတာ္တဆမႈ တစ္ခုနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီးလည္ပင္းကေန ေအာက္ပိုင္းတစ္ေလွ်ာက္လုံး မလႈပ္ႏိုင္ေတာ့ဘဲ ေအာက္ပိုင္းေသသြားတဲ့အထိ ျဖစ္ခဲ့ရပါတယ္။
ခႏၶာကိုယ္တစ္ခုလုံးမွာ သူမလႈပ္ရွား ႏိုင္တာဆိုလို႔ လည္ပင္းအထက္ ဦးေခါင္းပိုင္း နဲ႔ လက္မကေလး ႏွစ္ေခ်ာင္းပဲ ရွိပါတယ္။ Narawut တစ္ေယာက္ သူ႔ခ်စ္သူရဲ႕ အေၾကာင္းကို ၾကားသိရတဲ့ အခ်ိန္မွာပဲ ေဆး႐ုံကို ဆက္သြယ္ၿပီး
အျမန္လိုက္ သြားခဲ့ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ အျပင္မွာ စစဦးဆုံးေတြ႕ဆုံတဲ့ အျဖစ္အပ်က္ ကေတာ့ ျမင္တဲ့ အတိုင္းပဲ သူမ်ားေတြကို ကဗ်ာမဆန္ခဲ့ပါဘူး။ ဒီလို အျဖစ္ဆိုးနဲ႔ႀကဳံတဲ့ အခ်ိန္မွ ခ်စ္သူကို ပထမဦးဆုံး အျပင္မွာ ဆုံဖူးတာျဖစ္ပါတယ္။ အခုဆို Narawut တစ္ေယာက္ သူ႔ရဲ႕ ခ်စ္သူကို သစၥာရွိရွိနဲ႔ ပစ္မသြားရပ္တဲ့ အျပင္ အနီးကပ္ျပဳစု ေစာက္ေရွာက္ေနတာ ၃ႏွစ္ေက်ာ္ ရွိေနပါၿပီ။ Narawut ဟာ ေန႔လည္ဘက္ဆို အလုပ္က ခဏျပန္လာကာ သူမအတြက္ ေန႔လည္စာဝယ္လာၿပီး ကိုယ္တိုင္ လာေကြၽးတတ္ပါတယ္။သူတို႔ႏွစ္ဦးရဲ႕ အျဖစ္အပ်က္ေလးကိုေတာ့ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၉ရက္ေန႔က မီဒီယာတစ္ခုကေန ဗီဒီယို ႐ိုက္ကူးၿပီး မွတ္တမ္းတင္မွ်ေဝေပးခဲ့တာျဖစ္ပါတယ္။ သူမကို ေန႔တိုင္း ထမင္းေကြၽးတာေတြ၊ အဝတ္အစား ေလွ်ာ္ဖြက္ေပးတာေတြ၊ ကိုယ္လက္ သန႔္စင္ေပးတာေတြ၊
အခန္းသန႔္ရွင္းေရး လုပ္ေပးတာေတြက အစ အလုပ္ အားရင္ အားသလို သူမဆီလာၿပီး ျပဳစု ေစာင့္ေရွာက္ေပး တတ္ပါတယ္။ Patcharaphan ဟာ သူ႔ရဲ႕ ေျခလက္အဂၤါေတြ အျမန္ဆုံး ျပန္ေကာင္းလာဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ “ကြၽန္မျပန္ေကာင္းလာေစခ်င္တယ္ဆိုတာ Narawut ေၾကာင့္ပါ။ သူနဲ႔ ေတြ႕ဆုံ ခဲ့တာ ကြၽန္မအတြက္ အလြန္ ကံေကာင္းပါတယ္။ ေအာက္ပိုင္း ေသေနမွန္းသိရက္နဲ႔ ကံတရားကို စိန္ေခၚၿပီး ကြၽန္မကို ပစ္မသြားရက္ဘဲ ေကာင္းလာေအာင္ ျပဳစုေပးေနတာ တကယ့္ကို ေလးစားမိပါတယ္” လို႔ ရင္ဖြင့္ထားပါတယ္။ Narawut ကလည္း “႐ုပ္ပိုင္း ဆိုင္ရာ ကုထုေတြနဲ႔ ေလ့က်င့္ခန္းေတြ လုပ္ၿပီး ေန႔စဥ္ ကုသေနတာ တစ္ေန႔ ကြၽန္ေတာ္အနားမွာ သူမ ရပ္တည္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားလို႔ပါ။ အတူတူ မိသားစုဘဝေလးကို စတင္ျခင္တယ္ဆိုတဲ့ အေတြးက ကြၽန္ေတာ္အလုပ္ကျပန္လာၿပီး သူ႔မ်က္ႏွာကို ျမင္တိုင္း ခံစား ေနရပါတယ္။ ေနျပန္ေကာင္း လာတဲ့ တစ္ေန႔က်ရင္ ႐ြာ မွာ မဂၤေဆာင္ကို ခမ္းခမ္းနားနားႀကီး ျပဳလုပ္ၾကမယ္လို႔လည္း ကတိေပးထားပါတယ္လို႔” ဆိုပါတယ္။
ခရက္ဒစ္
unicode
အာက်ပိုင်း သေသွားတဲ့ ချစ်သူကို ပြစ်မသွားပဲ သစ္စာရှိရှိ ဆက်ချစ်ကာ ပြုစုပေးနေတဲ့ လေးစားဖွယ် လူသားတဦး
ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Mai မှာနေထိုင်တဲ့ အသက် ၃၁နှစ်အရွယ် Narawut Phongyen ဆိုသူ အမျိုးသားဟာ အသက် ၂၁နှစ်အရွယ် Patcharaphan Lenkham ကောင်မလေးနဲ့ ၂၀၁၅ ခုနှစ်မှာအွန်လိုင်းပေါ်ကတစ်ဆင့် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ ချစ်သူတွေ ဖြစ်သွားပေမဲ့ ၇ လလောက်အထိ တစ်ယောက် ကို တစ်ယောက် မမြင်ဘူးကြပါဘူး။ အဲ့ဒီနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ နှစ်ယောက်သား အပြင်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်က မအောင်မြင်ခဲ့ပါဘူး။ ချိန်းတွေ့မဲ့ ကာလ မရောက်ခင်မှာပဲ Patcharaphan ဟာ ကားမတော်တဆမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးလည်ပင်းကနေ အောက်ပိုင်းတစ်လျှောက်လုံး မလှုပ်နိုင်တော့ဘဲ အောက်ပိုင်းသေသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ သူမလှုပ်ရှား နိုင်တာဆိုလို့ လည်ပင်းအထက် ဦးခေါင်းပိုင်း နဲ့ လက်မကလေး နှစ်ချောင်းပဲ ရှိပါတယ်။ Narawut တစ်ယောက် သူ့ချစ်သူရဲ့ အကြောင်းကို ကြားသိရတဲ့ အချိန်မှာပဲ ဆေးရုံကို ဆက်သွယ်ပြီး
အမြန်လိုက် သွားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အပြင်မှာ စစဦးဆုံးတွေ့ဆုံတဲ့ အဖြစ်အပျက် ကတော့ မြင်တဲ့ အတိုင်းပဲ သူများတွေကို ကဗျာမဆန်ခဲ့ပါဘူး။ ဒီလို အဖြစ်ဆိုးနဲ့ကြုံတဲ့ အချိန်မှ ချစ်သူကို ပထမဦးဆုံး အပြင်မှာ ဆုံဖူးတာဖြစ်ပါတယ်။ အခုဆို Narawut တစ်ယောက် သူ့ရဲ့ ချစ်သူကို သစ္စာရှိရှိနဲ့ ပစ်မသွားရပ်တဲ့ အပြင် အနီးကပ်ပြုစု စောက်ရှောက်နေတာ ၃နှစ်ကျော် ရှိနေပါပြီ။ Narawut ဟာ နေ့လည်ဘက်ဆို အလုပ်က ခဏပြန်လာကာ သူမအတွက် နေ့လည်စာဝယ်လာပြီး ကိုယ်တိုင် လာကျွေးတတ်ပါတယ်။သူတို့နှစ်ဦးရဲ့ အဖြစ်အပျက်လေးကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ရက်နေ့က မီဒီယာတစ်ခုကနေ ဗီဒီယို ရိုက်ကူးပြီး မှတ်တမ်းတင်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ သူမကို နေ့တိုင်း ထမင်းကျွေးတာတွေ၊ အဝတ်အစား လျှော်ဖွက်ပေးတာတွေ၊ ကိုယ်လက် သန့်စင်ပေးတာတွေ၊
အခန်းသန့်ရှင်းရေး လုပ်ပေးတာတွေက အစ အလုပ် အားရင် အားသလို သူမဆီလာပြီး ပြုစု စောင့်ရှောက်ပေး တတ်ပါတယ်။ Patcharaphan ဟာ သူ့ရဲ့ ခြေလက်အင်္ဂါတွေ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ကျွန်မပြန်ကောင်းလာစေချင်တယ်ဆိုတာ Narawut ကြောင့်ပါ။ သူနဲ့ တွေ့ဆုံ ခဲ့တာ ကျွန်မအတွက် အလွန် ကံကောင်းပါတယ်။ အောက်ပိုင်း သေနေမှန်းသိရက်နဲ့ ကံတရားကို စိန်ခေါ်ပြီး ကျွန်မကို ပစ်မသွားရက်ဘဲ ကောင်းလာအောင် ပြုစုပေးနေတာ တကယ့်ကို လေးစားမိပါတယ်” လို့ ရင်ဖွင့်ထားပါတယ်။ Narawut ကလည်း “ရုပ်ပိုင်း ဆိုင်ရာ ကုထုတွေနဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီး နေ့စဉ် ကုသနေတာ တစ်နေ့ ကျွန်တော်အနားမှာ သူမ ရပ်တည်နိုင်ဖို့ မျှော်လင့်ထားလို့ပါ။ အတူတူ မိသားစုဘဝလေးကို စတင်ခြင်တယ်ဆိုတဲ့ အတွေးက ကျွန်တော်အလုပ်ကပြန်လာပြီး သူ့မျက်နှာကို မြင်တိုင်း ခံစား နေရပါတယ်။ နေပြန်ကောင်း လာတဲ့ တစ်နေ့ကျရင် ရွာ မှာ မင်္ဂဆောင်ကို ခမ်းခမ်းနားနားကြီး ပြုလုပ်ကြမယ်လို့လည်း ကတိပေးထားပါတယ်လို့” ဆိုပါတယ်။
ခရက်ဒစ်