KTV တွင် ရန်ဖြစ်ရာက ဒုရဲအုပ်ဓားထိုးခံရပြီးသေဆုံး
==========================
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ ဗိုလ်မြတ်ထွန်းတံတားအဆင်းရှိ မန်းကေသီ စားသောက်ဆိုင်နှင့် KTV ၌ ဧည့်ခံ ကောင်မလေးကို လုရင်း ရန်ဖြစ်ကာ ဒုရဲအုပ်တစ်ဦး ဓားထိုးခံရပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်ည ၈ နာရီ ခန့်တွင် သေဆုံးသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ကောင်လေး ငါးယောက်က သူတို့ဘာသာ ကာရာအိုကေ ဆိုနေတာ။ အဲ့ဒီမှာ သူတို့ ခေါ်ထားတဲ့ ကောင်မလေး တစ်ယောက်က အဲ့ဒီ ရဲ ကြိုက်တဲ့ ကောင်မလေး ဖြစ်နေတယ်။ အဲ့ဒါကို သူတို့က ရဲဆိုပြီး ဗိုလ်ကျပြီးတော့ သွားခေါ်တာ။ ရန်ထဖြစ်ပြီးတော့ ထိုးကြရင်းနဲ့ ဓားနဲ့ ထိုးလိုက်တာမှာ အဲ့ဒီ ရဲ သေပြီး ကောင်လေးတွေက ထွက်ပြေးသွားတယ်။ မန်းကေသီက KTV ရော အနှိပ်ခန်းရော ရှိတဲ့ဆိုင် ”ဟု ၎င်းက ပြောသည်။
ဓားဖြင့် ထိုးခဲ့သူ လူငယ်အဖွဲ့က ကားမောင်း ထွက်ပြေးခဲ့ရာ စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့များက နောက်မှလိုက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးသည်ဟုလည်း ၎င်းက ဆိုသည်။
“သေနတ်တွေ ထုတ်လိုက်မှ ရဲမှန်း သိတော့ ဟိုက ကြောက်ပြီး ထွက်ပြေးတာကို သေနတ်နဲ့ လိုက်ပစ်တယ်။ ပုသိမ်-ရန်ကုန် လမ်းက ဂိတ်တွေကို အကုန်ပိတ်ပြီး သူတို့ကားကို ရှာခိုင်းတော့ ကြိမ်ပင်ဆယ်ဂိတ်မှာ မောင်းပြေးတာကို သေနတ်နဲ့ လှမ်းပစ်တယ် ကြားတယ်။ တစ်ယောက်ကတော့ ပေါင်ကို သေနတ် မှန်သွားတယ်။ ကျန်တဲ့သူတွေလည်း ရိုက်နှက် ခံရတယ် ကြားတယ် ” ဟု အဆိုပါ ဒေသခံက ပြောသည်။
KTV တြင္ ရန္ျဖစ္ရာက ဒုရဲအုပ္ဓားထိုးခံရၿပီးေသဆုံး
==========================
ဧရာဝတီတိုင္း၊ ေညာင္တုန္းၿမိဳ႕ ဗိုလ္ျမတ္ထြန္းတံတားအဆင္းရွိ မန္းေကသီ စားေသာက္ဆိုင္ႏွင့္ KTV ၌ ဧည့္ခံ ေကာင္မေလးကို လုရင္း ရန္ျဖစ္ကာ ဒုရဲအုပ္တစ္ဦး ဓားထိုးခံရၿပီး ယမန္ေန႔ ေဖေဖာ္ဝါရီလ ၁၅ ရက္ည ၈ နာရီ ခန႔္တြင္ ေသဆုံးသြားသည္ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
“ေကာင္ေလး ငါးေယာက္က သူတို႔ဘာသာ ကာရာအိုေက ဆိုေနတာ။ အဲ့ဒီမွာ သူတို႔ ေခၚထားတဲ့ ေကာင္မေလး တစ္ေယာက္က အဲ့ဒီ ရဲ ႀကိဳက္တဲ့ ေကာင္မေလး ျဖစ္ေနတယ္။ အဲ့ဒါကို သူတို႔က ရဲဆိုၿပီး ဗိုလ္က်ၿပီးေတာ့ သြားေခၚတာ။ ရန္ထျဖစ္ၿပီးေတာ့ ထိုးၾကရင္းနဲ႔ ဓားနဲ႔ ထိုးလိုက္တာမွာ အဲ့ဒီ ရဲ ေသၿပီး ေကာင္ေလးေတြက ထြက္ေျပးသြားတယ္။ မန္းေကသီက KTV ေရာ အႏွိပ္ခန္းေရာ ရွိတဲ့ဆိုင္ ”ဟု ၎က ေျပာသည္။
ဓားျဖင့္ ထိုးခဲ့သူ လူငယ္အဖြဲ႕က ကားေမာင္း ထြက္ေျပးခဲ့ရာ စစ္ေကာင္စီ တပ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕မ်ားက ေနာက္မွလိုက္၍ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေသးသည္ဟုလည္း ၎က ဆိုသည္။
“ေသနတ္ေတြ ထုတ္လိုက္မွ ရဲမွန္း သိေတာ့ ဟိုက ေၾကာက္ၿပီး ထြက္ေျပးတာကို ေသနတ္နဲ႔ လိုက္ပစ္တယ္။ ပုသိမ္-ရန္ကုန္ လမ္းက ဂိတ္ေတြကို အကုန္ပိတ္ၿပီး သူတို႔ကားကို ရွာခိုင္းေတာ့ ႀကိမ္ပင္ဆယ္ဂိတ္မွာ ေမာင္းေျပးတာကို ေသနတ္နဲ႔ လွမ္းပစ္တယ္ ၾကားတယ္။ တစ္ေယာက္ကေတာ့ ေပါင္ကို ေသနတ္ မွန္သြားတယ္။ က်န္တဲ့သူေတြလည္း ရိုက္ႏွက္ ခံရတယ္ ၾကားတယ္ ” ဟု အဆိုပါ ေဒသခံက ေျပာသည္။



