ၾကားသိရသမွ်






Rain (For Ialinks)

Unicode

ဘဏ်ဝန်ထမ်းတွေမှ ဝန်ဆောင်မှု ညံ့ဖျင်းလို့ဆိုပြီး မကျေနပ်၍ အပ်နှံထားသော ယွမ်၂၅သန်းကို တစ်ခါတည်းထုတ်ယူသွားခဲ့သည့် အမျိုးသား

တရုတ်နိုင်ငံ ရှန်ဟိုင်းပြည်နယ်ရှိ နာမည်ကြီး ဘဏ်တစ်ခုဖြစ်သည့် Hongmeiဘဏ်ခွဲတွင် ဖြစ်သွားသော ဘဏ်ဝန်ထမ်းနှင့် သူဌေးတစ်ဦးဧ။်လုပ်ရပ်သည် လူမှုကွန်ယက်တွင် အတော်လေးပျံ့နှံ့သွားခဲ့သည်။

သူဌေးအမျိုးသားတစ်ဦးသည် ဘဏ်သို့လာရောက်စဥ် Maskပါမလာခဲ့၍ လုံခြုံရေးဝန်ထမ်းမှ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းနှင့်အညီ လိုက်နာပေးရန် တောင်းဆိုခဲ့ရာ စိတ်တိုတိုနဲ့ အထဲဝင်မရသည့်အဆုံး ထွက်သွားခဲ့သည်။

ထို့နောက် အမျိုးသားသည် ၅မိနစ်လောက်အကြာတွင် Maskကို တပ်ဆင်ထားပြီး ဘဏ်ရှေ့သို့ ပြန်ရောက်လာကာ သူအပ်နှံထားသည့်ငွေအားလုံးကို ထုတ်ပေးရန် ပြောဆိုခဲ့ပြီး ဝန်ဆောင်မှုညံ့ဖျင်းလွန်းသည့်အတွက် အခြားဘဏ်တစ်ခုသို့ ပြောင်းပြီးအပ်နှံမည်ဟု ဆိုခဲ့သေးသည်။

ထို့နောက် အမျိုးသားသည် သူထုတ်ယူသော ယွမ်၂၅သန်းကို ငွေတွက်စက်နဲ့မပြုလုပ်ခိုင်းပဲ ဘဏ်ဝန်ထမ်းတွေကိုသာ လက်နဲ့ရေတွက်ခိုင်းခဲ့ရာ ၂နာရီနီးပါး ကြာမြင့်ခဲ့ပြီး ငွေအားလုံးကို ခရီးဆောင်အိတ်ထဲတွင် ထည့်ကာ သယ်ဆောင်သွားခဲ့သည်။

Rain (For Ialinks)