Unicode
ပစ္စည်း အလုခံရတဲ့သူက ငိုနေခဲ့လို့ ပစ္စည်းတွေ ပြန်ပေးပြီး ချော့ ခဲ့ရတဲ့ သူခိုးတွေရဲ့ အဖြစ် (ရုပ်သံ)
တစ်စုံတစ်ယောက်ရဲ့ တန်ဖိုးရှိလှတဲ့ ပစ္စည်းတွေကိုလုယူခဲ့မယ်ဆိုလျှင် ၊ လုယက်သူက ပစ္စည်းတွေ ရလို့ပျော်ရွှင်နေရပေမဲ့ လုယူခံရသူတွေကတော့ တန်ဖိုးထားပြီး ၊ ကြိုးစားထားရတဲ့အရာတွေ ဆုံးရှုံးသွားရလို့ မျှော်လင့်မထားလောက်အောင် ဝမ်းနည်းပူဆွေးကြရမှာပါ ။ ကံကောင်းစွာနဲ့ပဲ ဒီတစ်ခေါက်ဖော်ပြမဲ့လုယက်သူတွေဟာ အခြား တစ်ဖက်သောသူရဲ့ ဆုံးရှုံးနစ်နာမှုကို နားလည်သဘောပေါက်သွားခဲ့ပါတယ် ။
ပါကစ္စတန်နိုင်ငံ Karachi မြို့မှ သူခိုးနှစ်ယောက်ဟာ လမ်းမဘေးမှာ ဆိုင်ကယ်ရပ်ထားတဲ့ Delivery အမျိုးသားတစ်ဦးထံမှ ပစ္စည်းလုယူဖို့ ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာခဲ့ကြပါတယ် ။ Video ထဲမှာတော့ သူခိုးနှစ်ယောက်ဟာ Delivery အမျိုးသားထံမှ ပစ္စည်းလုယူခဲ့ပေမဲ့လည်း သနားစရာကောင်းလွန်းလှတဲ့ Delivery အမျိုးသားက ဝမ်းနည်းစွာငိုကြွေးသွားခဲ့လို့ ၊ သူခိုးနှစ်ယောက်က ပစ္စည်းများပြန်ပေးပြီး Delivery သမားကို ပွေ့ဖက် ၊ လက်ဆွဲနှုတ်ဆက်ကာ ပြန်နှစ်သိမ့်ပေးခဲ့ကြပါတယ် ။
အဆိုပါအဖြစ်အပျက်ကို ” CCTV ထဲက Karachi မြို့မှ လုယက်သမား နှစ်ယောက်က ငိုနေတဲ့ Food Delivery သမားကို နှစ်သိမ့်ခဲ့ပြီး ၊ ပစ္စည်းတွေပြန်ပေးခဲ့တဲ့အဖြစ် ” ဆိုပြီးရေးသားကို အဆိုပါ video ကိုဝေမျှခဲ့တာပါ ။
အခုလို တဖက်သောသူရဲ့ ဆုံးရှုံးနစ်နာမှုကို သဘောပေါက်နားလည်သွားတဲ့ လုယက်သူတွေရဲ့လုပ်ရပ်ကတော့ အံ့သြဖို့ကောင်းလောက်အောင်ပါပဲ ။ အဆိုပါသူခိုးနှစ်ယောက်လည်း ပြစ်မှုကျူ းလွန်ခြင်းမရှိဘဲ ဘဝကိုသမာရိုးကျ ကောင်းမွန်တဲ့နည်းလမ်း နဲ့သာဆက်ပြီးဖြတ်သန်းကြဖို့ မျှော်လင့် မိပါတယ် ။