“မပြည့်စုံပေမဲ့ ပြည်သူတွေ ထမင်းတနပ်အဆင်ပြေစေဖို့ ၅၀၀ကျပ်တန် ထမင်းဆိုင်ဖွင့်တဲ့ သဒ္ဒါကောင်းတဲ့ မိသားစု”
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်အနီးမှာ နိုဝင်ဘာ ၂၅ရက်နေ့ကစတင်ကာ ကြယ်စင်လင်း ၅၀၀ကျပ်တန် ပုံစား ထမင်းဆိုင်ဖွင့်လှစ်ထားပါတယ်။ ကြယ်စင်လင်းထမင်းဆိုင်မိသားစုက အခြေခံလူတန်းစားမိသားစုပဲဖြစ်ပါတယ်။
၅၀၀ကျပ်တန်ထမင်းဆိုင်ကိုတော့ သူတို့ရဲ့စေတနာနဲ့သဒ္ဒါတရားကို အခြေခံကာ မိသားစုတနိုင်တပိုင်လေး ဖွင့်လှစ်ထားခြင်းဖြစ်ကာ အမေက ချက်ပြုတ်ပြီး အဖေနဲ့သားက ပိုက်ဆံသိမ်း ၊စားပွဲထိုးကြတာဖြစ်ပါတယ်။
ဒီလိုအချိန်မှာပြည်သူတွေအတွက် ထမင်းတစ်နပ်စားဖို့ရာ အဆင်ပြေခဲ့ပြီဆိုရင်ပဲ ကျေနပ်ပါကြောင်း စျေးနည်းနည်းပဲ ပေးရလို့ဆိုပြီး လက်ရာ နဲ့ customer service က လုံးဝ စိတ်ပျက်စရာမဖြစ်အောင် အကောင်းဆုံးကြိုးစားပါကြောင်း ကြယ်စင်လင်း ၅၀၀ကျပ်တန် ပုံစား ထမင်းဆိုင်မှ မဟန်နီကပြောပါတယ်။
ဆိုင်စားလည်းရသလို ပါဆယ်လည်းရပြီး အချိန်ကတော့မနက်၆နာရီကနေ ၃နာရီအထိ ရောင်းချပေးနေပါတယ်။
Crd
Zawgyi
“မျပည့္စုံေပမဲ့ ျပည္သူေတြ ထမင္းတနပ္အဆင္ေျပေစဖို႔ ၅၀၀က်ပ္တန္ ထမင္းဆိုင္ဖြင့္တဲ့ သဒၵါေကာင္းတဲ့ မိသားစု”
ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ ၊ဘုန္းႀကီးေက်ာင္းေကြ႕ မွတ္တိုင္အနီးမွာ ႏိုဝင္ဘာ ၂၅ရက္ေန႔ကစတင္ကာ ၾကယ္စင္လင္း ၅၀၀က်ပ္တန္ ပုံစား ထမင္းဆိုင္ဖြင့္လွစ္ထားပါတယ္။ ၾကယ္စင္လင္းထမင္းဆိုင္မိသားစုက အေျခခံလူတန္းစားမိသားစုပဲျဖစ္ပါတယ္။
၅၀၀က်ပ္တန္ထမင္းဆိုင္ကိုေတာ့ သူတို႔ရဲ႕ေစတနာနဲ႔သဒၵါတရားကို အေျခခံကာ မိသားစုတႏိုင္တပိုင္ေလး ဖြင့္လွစ္ထားျခင္းျဖစ္ကာ အေမက ခ်က္ျပဳတ္ၿပီး အေဖနဲ႔သားက ပိုက္ဆံသိမ္း ၊စားပြဲထိုးၾကတာျဖစ္ပါတယ္။
ဒီလိုအခ်ိန္မွာျပည္သူေတြအတြက္ ထမင္းတစ္နပ္စားဖို႔ရာ အဆင္ေျပခဲ့ၿပီဆိုရင္ပဲ ေက်နပ္ပါေၾကာင္း ေစ်းနည္းနည္းပဲ ေပးရလို႔ဆိုၿပီး လက္ရာ နဲ႔ customer service က လုံးဝ စိတ္ပ်က္စရာမျဖစ္ေအာင္ အေကာင္းဆုံးႀကိဳးစားပါေၾကာင္း ၾကယ္စင္လင္း ၅၀၀က်ပ္တန္ ပုံစား ထမင္းဆိုင္မွ မဟန္နီကေျပာပါတယ္။
ဆိုင္စားလည္းရသလို ပါဆယ္လည္းရၿပီး အခ်ိန္ကေတာ့မနက္၆နာရီကေန ၃နာရီအထိ ေရာင္းခ်ေပးေနပါတယ္။
Crd



