မြန်မာနိုင်ငံ၌ နှစ်စဉ် စက်တင်ဘာလမှသာ ဆန်ဈေးအမြင့်ဆုံးဖြစ်လေ့ရှိသော်လည်း လက်ရှိအချိန်၌
ယခင်နှစ်အမြင့်ဆုံးကို ရောက်ရှိနေသည်ဟု ဆန်စပါးကုန်စည်ဒိုင်တစ်ခု၌ ဆန်ရောင်းဝယ်သူများက ပြောပါတယ်။
“အခုဖြစ်နေတဲ့ဈေးက အရင်နှစ်တွေကဆို (၉) လပိုင်းမှဖြစ်တဲ့ဈေး။ (၉) လပိုင်းကမြန်မာနိုင်ငံမှာ ဆန်ဈေးအမြင့်ဆုံးအချိန်ပဲ။
အခုအဲဒီဈေးက ဒီနှစ် (၇) လပိုင်းထဲက အဲဒီဈေးတန်းကိုရောက်နေပြီ”ဟု ဆန်လက်လီ၊ လက်ကားရောင်း ဝယ်သူတစ်ဦးက ပြောပါတယ်။
သင်္ကြန်ကာလအပြီး တစ်ရိပ်ရိပ်မြင့်တက်လာသည့် ပြည်တွင်းဆန်ဈေးနှုန်းမှာ ဇူလိုင်လအတွင်း အမြင့်ဆုံး ကျပ် (၇၀၀၀၀)
အထိဈေးပေါက်နေပြီး ဆန်အရှားဆုံးအချိန်ဖြစ်သည့် စက်တင်ဘာလအထိ ဆက်လက်မြင့်တက်နေဦးမယ်လို့ သိရပါတယ်။
“အသစ်ပေါ်မယ့်အချိန်က အဝေးကြီးလိုသေးတယ်။ အရင်ဆန်ရှားတဲ့အချိန်မှ ဖြစ်တဲ့ဈေးက အခုထဲကရောက်နေပြီဆိုတော့
ရှေ့လျှောက် အကျဘက်ကိုမမြင်ဘူး။ အရင်နှစ်တွေက ဇူလိုင်ထဲမှာဖြစ်တဲ့ဈေးတွေနဲ့ ယှဉ်လိုက်ရင် ဒီနှစ်ဈေးတန်းက
ပထမဆုံးအကြိမ်လို့တောင်ပြောလို့ရတယ်”ဟု ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
ရန်ကုန်၏ လက်ရှိဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၈၀၀၀ မှ ၇၀၀၀၀ အထိရှိပြီး၊ ဧရာဝတီပေါ်ဆန်းတစ်အိမ်လျှင်
အမျိုးအစားပေါ်မူတည်၍ ကျပ် ၅၁၀၀၀ မှ ၅၇၀၀၀၊ ပေါ်ကျွဲတစ်အိတ်လျှင် ကျပ် ၄၂၀၀၀ မှ ၄၃၀၀၀ ခန့်ရှိကာ
ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၃၅၀၀၀ မှ ၃၉၀၀၀ အထိဈေးပေါက်နေပါတယ်။
ပြည်တွင်းစျေးကွက်တွင် တန်းမြင့်ဆန် ဟု သတ်မှတ်နိုင်သည့် အကောင်းဆုံးရွှေဘို ပေါ်ဆန်း အမျိုးအစားမှာ
လက်ရှိတွင် တစ်အိတ်လျှင် ကျပ် ၇၆၈၀၀၊ ရိုးရိုးရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၂၀၀၀၊ ပုသိမ်ပေါ်ဆန်မွှေးမှာ
တစ်အိတ်လျှင် ကျပ် ၆၂၄၀၀ တို့ဖြစ်ပါတယ်။ အလတ်တန်းစားဟု ခေါ်ဆိုနိုင်တဲ့ တောင်ပျံမွှေးဆန်မှာ တစ်အိတ်လျှင် ကျပ်
ခြောက်သောင်းကျော်၊ ရွှေဘိုမဂျမ်းတောဆန်၊ ကြားပျံမွှေး အစရှိသည့် ဆန်များမှာ တစ် အိတ်လျှင် ကျပ်ခြောက်သောင်းခန့်ရှိကြောင်း သိရပါတယ်။
ဆန်ကြမ်းအမျိုးအစားဖြစ်သည့် ဇီယာ ရှယ်မှာ တစ်အိတ်လျှင် ကျပ်သုံးသောင်းခွဲကျော်၊ ဆင်းသွယ်မှာ ကျပ် ၄၃၀၀၀
ကျော်၊ ရက်ကိုးဆယ်ဆန်မှာ တစ်အိတ်လျှင် ကျပ် ၄၃၂၀၀ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိရန်ကုန်သို့ ဆန်ဝင်ရောက်မှုနှုန်းမှာ
ပုံမှန်အတိုင်းသာရှိနေသေးကြောင်းလည်း ဆန်ကုန်သည်များထံက သိရပါတယ်။
Post Views: 100
zawgyi,
ျမန္မာႏိုင္ငံ၌ ႏွစ္စဥ္ စက္တင္ဘာလမွသာ ဆန္ေဈးအျမင့္ဆုံးျဖစ္ေလ့ရွိေသာ္လည္း လက္ရွိအခ်ိန္၌
ယခင္ႏွစ္အျမင့္ဆုံးကို ေရာက္ရွိေနသည္ဟု ဆန္စပါးကုန္စည္ဒိုင္တစ္ခု၌ ဆန္ေရာင္းဝယ္သူမ်ားက ေျပာပါတယ္။
“အခုျဖစ္ေနတဲ့ေဈးက အရင္ႏွစ္ေတြကဆို (၉) လပိုင္းမွျဖစ္တဲ့ေဈး။ (၉) လပိုင္းကျမန္မာႏိုင္ငံမွာ ဆန္ေဈးအျမင့္ဆုံးအခ်ိန္ပဲ။
အခုအဲဒီေဈးက ဒီႏွစ္ (၇) လပိုင္းထဲက အဲဒီေဈးတန္းကိုေရာက္ေနၿပီ”ဟု ဆန္လက္လီ၊ လက္ကားေရာင္း ဝယ္သူတစ္ဦးက ေျပာပါတယ္။
သၾကၤန္ကာလအၿပီး တစ္ရိပ္ရိပ္ျမင့္တက္လာသည့္ ျပည္တြင္းဆန္ေဈးႏႈန္းမွာ ဇူလိုင္လအတြင္း အျမင့္ဆုံး က်ပ္ (၇၀၀၀၀)
အထိေဈးေပါက္ေနၿပီး ဆန္အရွားဆုံးအခ်ိန္ျဖစ္သည့္ စက္တင္ဘာလအထိ ဆက္လက္ျမင့္တက္ေနဦးမယ္လို႔ သိရပါတယ္။
“အသစ္ေပၚမယ့္အခ်ိန္က အေဝးႀကီးလိုေသးတယ္။ အရင္ဆန္ရွားတဲ့အခ်ိန္မွ ျဖစ္တဲ့ေဈးက အခုထဲကေရာက္ေနၿပီဆိုေတာ့
ေရွ႕ေလွ်ာက္ အက်ဘက္ကိုမျမင္ဘူး။ အရင္ႏွစ္ေတြက ဇူလိုင္ထဲမွာျဖစ္တဲ့ေဈးေတြနဲ႔ ယွဥ္လိုက္ရင္ ဒီႏွစ္ေဈးတန္းက
ပထမဆုံးအႀကိမ္လို႔ေတာင္ေျပာလို႔ရတယ္”ဟု ဆန္ကုန္သည္တစ္ဦးက ေျပာပါတယ္။
ရန္ကုန္၏ လက္ရွိေဈးႏႈန္းမ်ားမွာ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ က်ပ္ ၅၈၀၀၀ မွ ၇၀၀၀၀ အထိရွိၿပီး၊ ဧရာဝတီေပၚဆန္းတစ္အိမ္လွ်င္
အမ်ိဳးအစားေပၚမူတည္၍ က်ပ္ ၅၁၀၀၀ မွ ၅၇၀၀၀၊ ေပၚကြၽဲတစ္အိတ္လွ်င္ က်ပ္ ၄၂၀၀၀ မွ ၄၃၀၀၀ ခန႔္ရွိကာ
ဆန္ၾကမ္းတစ္အိတ္လွ်င္ က်ပ္ ၃၅၀၀၀ မွ ၃၉၀၀၀ အထိေဈးေပါက္ေနပါတယ္။
ျပည္တြင္းေစ်းကြက္တြင္ တန္းျမင့္ဆန္ ဟု သတ္မွတ္ႏိုင္သည့္ အေကာင္းဆုံးေ႐ႊဘို ေပၚဆန္း အမ်ိဳးအစားမွာ
လက္ရွိတြင္ တစ္အိတ္လွ်င္ က်ပ္ ၇၆၈၀၀၊ ႐ိုး႐ိုးေ႐ႊဘိုေပၚဆန္း တစ္အိတ္လွ်င္ က်ပ္ ၇၂၀၀၀၊ ပုသိမ္ေပၚဆန္ေမႊးမွာ
တစ္အိတ္လွ်င္ က်ပ္ ၆၂၄၀၀ တို႔ျဖစ္ပါတယ္။ အလတ္တန္းစားဟု ေခၚဆိုႏိုင္တဲ့ ေတာင္ပ်ံေမႊးဆန္မွာ တစ္အိတ္လွ်င္ က်ပ္
ေျခာက္ေသာင္းေက်ာ္၊ ေ႐ႊဘိုမဂ်မ္းေတာဆန္၊ ၾကားပ်ံေမႊး အစရွိသည့္ ဆန္မ်ားမွာ တစ္ အိတ္လွ်င္ က်ပ္ေျခာက္ေသာင္းခန႔္ရွိေၾကာင္း သိရပါတယ္။
ဆန္ၾကမ္းအမ်ိဳးအစားျဖစ္သည့္ ဇီယာ ရွယ္မွာ တစ္အိတ္လွ်င္ က်ပ္သုံးေသာင္းခြဲေက်ာ္၊ ဆင္းသြယ္မွာ က်ပ္ ၄၃၀၀၀
ေက်ာ္၊ ရက္ကိုးဆယ္ဆန္မွာ တစ္အိတ္လွ်င္ က်ပ္ ၄၃၂၀၀ ျဖစ္ေၾကာင္း သိရပါတယ္။ လက္ရွိရန္ကုန္သို႔ ဆန္ဝင္ေရာက္မႈႏႈန္းမွာ
ပုံမွန္အတိုင္းသာရွိေနေသးေၾကာင္းလည္း ဆန္ကုန္သည္မ်ားထံက သိရပါတယ္။
Post Views: 100



