ေဗဒင္

(၇) ရက္ သားသမီးမ်ားအတြက္ အခ်စ္ေဗဒင္…

(၇) ရက္ သားသမီးမ်ားအတြက္ အခ်စ္ေဗဒင္

တနဂၤေႏြ သားသမီး …

အရမ္း ခ်စ္တတ္ပါတယ္။ သို႔ေသာ္ ႏွစ္ေယာက္ၿပိဳင္တူ ထားခ်င္တတ္တယ္။ သူတို႔ အေတြးကေတာ့ အခ်စ္ဆိုတာ တစ္ေယာက္ထဲနဲ႔ ၿပီးရမွာလား။ အခ်စ္ဆိုတာ ေပးလို႔ကုန္သြားတဲ့ အရာမွ မဟုတ္တာေနာ္ …. လို႔ မ်ားေသာအားျဖင့္ ခံယူထားတတ္ၾကတယ္။ အေျခအေနေပးရင္ တစ္ေယာက္ထက္ ပိုရတတ္ ယူတတ္ပါတယ္။ သူမ်ားအထင္ႀကီး ေလးစားေအာင္ ေျပာဆိုတတ္ၾကပါတယ္။ သူတို႔နဲ႔ စကားေျပာၿပီးရင္ သူတို႔ကို အထင္ႀကီး ေလးစားသြားတတ္ၾကပါတယ္။ တကယ္တမ္းက်ေတာ့ အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳး ျဖစ္တတ္ပါတယ္။

အမ်ိဳးသားမ်ားဆို ဇြတ္ အတင္းခ်စ္ေရး ဆိုတတ္တယ္။ အမ်ိဳးသမီးမ်ားက်ေတာ့ ပြင့္လင္းတယ္၊ ခ်စ္သူအတြက္ ဘာမဆို ရင္ဆိုင္ခ်င္တတ္ၾကပါတယ္။ ခ်စ္သူအတြက္ မိသားစု ကိုေတာင္ စြန႔္လႊတ္ အဆက္သြယ္ျဖတ္ ရဲတာ တနဂၤေႏြသမီးေတြပါပဲ ။တနဂၤေႏြ သမီးမ်ားဟာ အစြဲအလန္း ႀကီးတတ္ၾကၿပီး ကိုယ့္ခ်စ္သူရဲ႕ စန္းပြင့္မႈေၾကာင့္ စိတ္အေႏွာက္အယွက္ ျဖစ္ရတတ္ပါတယ္။ တနဂၤေႏြသားမ်ားကေတာ့ အရမ္း ဂ႐ုစိုက္တဲ့ စတိုင္ေတြ ျပတတ္တယ္ ။ ကြယ္သြားတာနဲ႔ ေမ့ေရာ။ ကြယ္ေမ့ ေတြ႕ေသေအာင္လြမ္း ဆိုတာ တနဂၤေႏြ သားေတြပဲ

တနလၤာ သားသမီး

အခ်စ္အတြက္ ေပးဆပ္ရဲတယ္။ တကယ္ ခ်စ္လာရင္ ဘာမွ မျမင္အားလုံးကို စြန႔္လြတ္ ရင္ဆိုင္ရဲတယ္။ အဆင့္အတန္းမူလည္း ဂ႐ုမစိုက္ ။ ခ်စ္သူအျပစ္ကိုလဲ ခြင့္လႊတ္တတ္တယ္။ ဒါေပမဲ့ စိတ္မရွည္တတ္ဘူး။ စိတ္ဆပ္တတ္ပါတယ္။ စိတ္ေကာက္တတ္ပါတယ္။ အေခ်ာ့ ႀကိဳက္တတ္ပါတယ္ ။ တနလၤာနဲ႔ ႀကိဳက္ရင္ေတာ့ သူစိတ္ေကာက္တာ ေခ်ာ့ဖို႔သာ ျပင္ထားေတာ့ ။

အဂၤါ သားသမီး

စိတ္အေျပာင္းလဲ မ်ားတတ္တယ္။ သူကေတာ့ မ စ ဘူး ။ သူကို စ လာရင္ ပါသြားတတ္ပါတယ္။ အရမ္းၾကင္နာတတ္သလို တစ္ခါ အလုပ္မ်ား ခ်င္ေယာင္ ေဆာင္ၿပီး ဖုန္းမဆက္ပဲ လုပ္ေနတတ္ပါတယ္။ စိတ္ကူးရင္ၿပီး ေလထဲမွာ တိုက္အိမ္ေဆာင္ေနတာ မၿပီးေတာ့ဘူး။ အျပင္မွာ လက္ေတြ႕မွာ မိသားစု ကိစၥ ေတြနဲ႔ ပဲ အခ်ိန္ကုန္ေနတယ္။ သူ႔စိတ္ထဲမွာ မိသားစုက ပထမ ။ ခ်စ္သူက ဒုတိယ ပဲ ။ သူနဲ႔ႀကိဳက္မိရင္ေတာ့ သူမိသာစု အေပၚ မျပစ္မေျပာေလနဲ႔ ေျပာရင္ ကြဲသြားတတ္တယ္။ သူမိသားစု အေပၚ ေဖၚလို လိုက္ၿပီး ဆက္ဆံ ႏိုင္ေအာင္သာ ႀကိဳးစားေတာ့ ။

ဗုဒၶဟူး သားသမီး

အစြဲအလမ္း ႀကီးတတ္တယ္။ ဇြတ္တ႐ြတ္ လုပ္တတ္တယ္။ မႀကိဳက္ခင္ေတာ့ မခုတ္တတ္တဲ့ ေၾကာင္လိုပဲ ။ ရည္းစားျဖစ္ၿပီးသြားၿပီ ဆိုရင္ ေရွ႕ေနမႀကီးျဖစ္သြားေတာ့တာပဲ ။ အလို မက် မၾကာခဏ စိတ္တို စိတ္ဆပ္ျဖစ္ေန တတ္တယ္။ အခ်စ္ေရးမွာ မ်ားေသာအားျဖင့္ သစၥာရွိတတ္ၿပီသူရဲ႕ အေျပာဆို မတတ္မႈေၾကာင့္ မၾကာမၾကာ စကားမ်ားမ်ားေနရတတ္တယ္။ စိတ္တိုေပမဲ့ ရင္ထဲမွာေတာ့ အားငယ္ေနၾကတတ္ပါတယ္။ သူတို႔နဲ႔ ႀကိဳက္မိရင္ေတာ့ သည္းခံ ျခင္း တရားကို လက္ကိုင္ထားၿပီး အလိုလိုက္ အႀကိဳက္ေဆာင္ေပးဖို႔သာ ႀကိဳးစားေတာ့ ။

ၾကာသာပေတး သားသမီး

အေျပာေကာင္းတယ္။ ခ်စ္သူအတြက္ ကူညီဖို႔ ဝန္မေလးဘူး ။ ဒါေပမဲ့ တစ္ေယာက္ထက္ပိုၿပီး ထားခ်င္တတ္တယ္ ။ မ်ားေသာအားျဖင့္ အခြင့္ေရး ရရင္ အကုန္ယူ အကုန္ေပး ခ်င္တတ္တယ္ ။အခ်စ္အတြက္ အလုပ္ကိုေတာင္ဖ်က္ၿပီး လိုက္ေလွ်ာတတ္ၾကတယ္ ။ ဒါေပမဲ့ ပတ္ဝန္က်င္ စကားေၾကာင့္ ကိုယ့္ခ်စ္သူကို ျဖတ္ပစ္ခ်င္တာ သူတို႔ရဲ႕ စ႐ိုက္ပါ။ ကိုယ့္အေတြးနဲ႔ ကိုယ္ ခ်စ္သူအေပၚ သံသယျဖစ္ေနတတ္တယ္။ခ်စ္သူအေပၚ အေျပာကေတာ့ ေကာင္းေပမဲ့ တကယ္လက္ေတြ႕မွာ ဘာမွ ျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္ေပးႏိုင္တတ္ၾကပါဘူး။ သူတို႔နဲ႔ႀကိဳက္ရင္ေတာ့ သတိထားပါ ။ လက္ထပ္ဖို႔ လက္တြန႔္ ရက္ေ႐ႊ႕ဆိုင္းေနတတ္တာ ၾကာသပေတး သားသမီးေတြပါပဲ ဗ်ာ။

ေသာၾကာ သားသမီး

အခ်စ္ေရးမွာ ကိုယ္က ေပးဆပ္ေသာ္လည္း ေပးတိုင္းျပန္မရတတ္တာ ေသာၾကာ သားသမီးပါ။ ကိုယ္က တကယ္ခ်စ္ေသာ္လည္း ႏုတ္ေၾကာင့္ေသဆိုသလိုပဲ အေျပာေၾကာင့္ ဒုကၡ ျဖစ္ျဖစ္ေနတတ္တာ သူတို႔ ကံေပါ့ ။ တကယ္ျဖစ္ခ်င္ေနတာက တစ္ခု တကယ္ေျပာ ထြက္သြားတာ က တစ္ခုျဖစ္ေနတတ္ပါတယ္ ။ အခ်စ္ေရးမွာ ေမတၱာ တရားႀကီးတတ္ၿပီး အစြဲ အလန္းလည္း ႀကီးတတ္ပါတယ္။ ဒါေပမဲ့ ခံစားလြယ္တတ္ၾကပါတယ္။ သူတို႔ကေတာ့ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ အဆင္ေျပၿပီ ဆိုရင္ ပတ္ဝန္းက်င္ ေႏွာက္ယွက္မႈ ပေယာဂ မၾကာမၾကာ ေတြ႕ၾကဳတတ္တာ သူတို႔ရဲ႕ ကံပါပဲ ။ မ်ားေသာအားျဖင့္ ေသာၾကာ အမ်ားစုဟာ ရည္းစားဦး နဲ႔ လြဲ လြဲ သြားတတ္ၾကပါတယ္။ သူတို႔နဲ႔ ႀကိဳက္ရင္ေတာ့ ရည္းစားဦးပါ ဆိုရင္ေတာ့ သတိထာ။

စေန သားသမီး

အခ်စ္ႀကီးတယ္။ သံေယာဇဥ္ႀကီး တယ္။ ခ်စ္သူ ေဖါက္ျပန္ရင္ေတာင္ ခြင့္လြတ္ႏိုင္တတ္တယ္ ။ အေျပာေကာင္းတယ္။ သေဘာေကာင္းတယ္။သဝန္တိုတတ္တယ္။ သူမ်ား ထက္ပိုၿပီး သဝန္တို တတ္တယ္ ။ ကိုယ္ကေတာ့ မစဘူး ။ ကိုယ့္ကို စ လာရင္ ပါပါ သြားတတ္ပါတယ္။ လက္သာ ရင္ လိုက္တဲ့ကေလး လိုပဲ ။ပိုဂ႐ုစိုက္တဲ့ သူေနာက္ ပါ ပါ သြားတတ္ၾကတာ စေနသားသမီးပါပဲ ။ စေနနဲ႔ ႀကိဳက္ရင္ေတာ့ ပိုဂ႐ုစိုက္ႏိုင္ေအာင္သာ ႀကိဳးစားေပေတာ့ ။

ေနာက္တစ္ခု က စေနသားသမီးက ၾကာရင္ ၿငီးေငြ႕သြားတတ္ၾကတယ္ ။ စေနသားသမီး နဲ႔ တစ္ႏွစ္ေက်ာ္ ၂ ႏွစ္ေလာက္ သမီးရည္းစားျဖစ္ၿပီးရင္ ယူခ်င္စိတ္ ေလွ်ာ့သြားတတ္ၾကတယ္။ အဲဒီေတာ့ စေနသားသမီးနဲ႔ ႀကိဳက္ရင္ တစ္ႏွစ္အတြင္း ယူဖို႔သာလုပ္ ႏို႔မို႔ဆို မယူျဖစ္ပဲ ဇာတ္ေျမာျဖစ္သြား တတ္ပါတယ္။

Crd;….

Unicode

(၇) ရက် သားသမီးများအတွက် အချစ်ဗေဒင်

တနင်္ဂနွေ သားသမီး …

အရမ်း ချစ်တတ်ပါတယ်။ သို့သော် နှစ်ယောက်ပြိုင်တူ ထားချင်တတ်တယ်။ သူတို့ အတွေးကတော့ အချစ်ဆိုတာ တစ်ယောက်ထဲနဲ့ ပြီးရမှာလား။ အချစ်ဆိုတာ ပေးလို့ကုန်သွားတဲ့ အရာမှ မဟုတ်တာနော် …. လို့ များသောအားဖြင့် ခံယူထားတတ်ကြတယ်။ အခြေအနေပေးရင် တစ်ယောက်ထက် ပိုရတတ် ယူတတ်ပါတယ်။ သူများအထင်ကြီး လေးစားအောင် ပြောဆိုတတ်ကြပါတယ်။ သူတို့နဲ့ စကားပြောပြီးရင် သူတို့ကို အထင်ကြီး လေးစားသွားတတ်ကြပါတယ်။ တကယ်တမ်းကျတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်တတ်ပါတယ်။

အမျိုးသားများဆို ဇွတ် အတင်းချစ်ရေး ဆိုတတ်တယ်။ အမျိုးသမီးများကျတော့ ပွင့်လင်းတယ်၊ ချစ်သူအတွက် ဘာမဆို ရင်ဆိုင်ချင်တတ်ကြပါတယ်။ ချစ်သူအတွက် မိသားစု ကိုတောင် စွန့်လွှတ် အဆက်သွယ်ဖြတ် ရဲတာ တနင်္ဂနွေသမီးတွေပါပဲ ။တနင်္ဂနွေ သမီးများဟာ အစွဲအလန်း ကြီးတတ်ကြပြီး ကိုယ့်ချစ်သူရဲ့ စန်းပွင့်မှုကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတတ်ပါတယ်။ တနင်္ဂနွေသားများကတော့ အရမ်း ဂရုစိုက်တဲ့ စတိုင်တွေ ပြတတ်တယ် ။ ကွယ်သွားတာနဲ့ မေ့ရော။ ကွယ်မေ့ တွေ့သေအောင်လွမ်း ဆိုတာ တနင်္ဂနွေ သားတွေပဲ

တနင်္လာ သားသမီး

အချစ်အတွက် ပေးဆပ်ရဲတယ်။ တကယ် ချစ်လာရင် ဘာမှ မမြင်အားလုံးကို စွန့်လွတ် ရင်ဆိုင်ရဲတယ်။ အဆင့်အတန်းမူလည်း ဂရုမစိုက် ။ ချစ်သူအပြစ်ကိုလဲ ခွင့်လွှတ်တတ်တယ်။ ဒါပေမဲ့ စိတ်မရှည်တတ်ဘူး။ စိတ်ဆပ်တတ်ပါတယ်။ စိတ်ကောက်တတ်ပါတယ်။ အချော့ ကြိုက်တတ်ပါတယ် ။ တနင်္လာနဲ့ ကြိုက်ရင်တော့ သူစိတ်ကောက်တာ ချော့ဖို့သာ ပြင်ထားတော့ ။

အင်္ဂါ သားသမီး

စိတ်အပြောင်းလဲ များတတ်တယ်။ သူကတော့ မ စ ဘူး ။ သူကို စ လာရင် ပါသွားတတ်ပါတယ်။ အရမ်းကြင်နာတတ်သလို တစ်ခါ အလုပ်များ ချင်ယောင် ဆောင်ပြီး ဖုန်းမဆက်ပဲ လုပ်နေတတ်ပါတယ်။ စိတ်ကူးရင်ပြီး လေထဲမှာ တိုက်အိမ်ဆောင်နေတာ မပြီးတော့ဘူး။ အပြင်မှာ လက်တွေ့မှာ မိသားစု ကိစ္စ တွေနဲ့ ပဲ အချိန်ကုန်နေတယ်။ သူ့စိတ်ထဲမှာ မိသားစုက ပထမ ။ ချစ်သူက ဒုတိယ ပဲ ။ သူနဲ့ကြိုက်မိရင်တော့ သူမိသာစု အပေါ် မပြစ်မပြောလေနဲ့ ပြောရင် ကွဲသွားတတ်တယ်။ သူမိသားစု အပေါ် ဖေါ်လို လိုက်ပြီး ဆက်ဆံ နိုင်အောင်သာ ကြိုးစားတော့ ။

ဗုဒ္ဓဟူး သားသမီး

အစွဲအလမ်း ကြီးတတ်တယ်။ ဇွတ်တရွတ် လုပ်တတ်တယ်။ မကြိုက်ခင်တော့ မခုတ်တတ်တဲ့ ကြောင်လိုပဲ ။ ရည်းစားဖြစ်ပြီးသွားပြီ ဆိုရင် ရှေ့နေမကြီးဖြစ်သွားတော့တာပဲ ။ အလို မကျ မကြာခဏ စိတ်တို စိတ်ဆပ်ဖြစ်နေ တတ်တယ်။ အချစ်ရေးမှာ များသောအားဖြင့် သစ္စာရှိတတ်ပြီသူရဲ့ အပြောဆို မတတ်မှုကြောင့် မကြာမကြာ စကားများများနေရတတ်တယ်။ စိတ်တိုပေမဲ့ ရင်ထဲမှာတော့ အားငယ်နေကြတတ်ပါတယ်။ သူတို့နဲ့ ကြိုက်မိရင်တော့ သည်းခံ ခြင်း တရားကို လက်ကိုင်ထားပြီး အလိုလိုက် အကြိုက်ဆောင်ပေးဖို့သာ ကြိုးစားတော့ ။

ကြာသာပတေး သားသမီး

အပြောကောင်းတယ်။ ချစ်သူအတွက် ကူညီဖို့ ဝန်မလေးဘူး ။ ဒါပေမဲ့ တစ်ယောက်ထက်ပိုပြီး ထားချင်တတ်တယ် ။ များသောအားဖြင့် အခွင့်ရေး ရရင် အကုန်ယူ အကုန်ပေး ချင်တတ်တယ် ။အချစ်အတွက် အလုပ်ကိုတောင်ဖျက်ပြီး လိုက်လျှောတတ်ကြတယ် ။ ဒါပေမဲ့ ပတ်ဝန်ကျင် စကားကြောင့် ကိုယ့်ချစ်သူကို ဖြတ်ပစ်ချင်တာ သူတို့ရဲ့ စရိုက်ပါ။ ကိုယ့်အတွေးနဲ့ ကိုယ် ချစ်သူအပေါ် သံသယဖြစ်နေတတ်တယ်။ချစ်သူအပေါ် အပြောကတော့ ကောင်းပေမဲ့ တကယ်လက်တွေ့မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ပေးနိုင်တတ်ကြပါဘူး။ သူတို့နဲ့ကြိုက်ရင်တော့ သတိထားပါ ။ လက်ထပ်ဖို့ လက်တွန့် ရက်ရွှေ့ဆိုင်းနေတတ်တာ ကြာသပတေး သားသမီးတွေပါပဲ ဗျာ။

သောကြာ သားသမီး

အချစ်ရေးမှာ ကိုယ်က ပေးဆပ်သော်လည်း ပေးတိုင်းပြန်မရတတ်တာ သောကြာ သားသမီးပါ။ ကိုယ်က တကယ်ချစ်သော်လည်း နုတ်ကြောင့်သေဆိုသလိုပဲ အပြောကြောင့် ဒုက္ခ ဖြစ်ဖြစ်နေတတ်တာ သူတို့ ကံပေါ့ ။ တကယ်ဖြစ်ချင်နေတာက တစ်ခု တကယ်ပြော ထွက်သွားတာ က တစ်ခုဖြစ်နေတတ်ပါတယ် ။ အချစ်ရေးမှာ မေတ္တာ တရားကြီးတတ်ပြီး အစွဲ အလန်းလည်း ကြီးတတ်ပါတယ်။ ဒါပေမဲ့ ခံစားလွယ်တတ်ကြပါတယ်။ သူတို့ကတော့ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေပြီ ဆိုရင် ပတ်ဝန်းကျင် နှောက်ယှက်မှု ပယောဂ မကြာမကြာ တွေ့ကြုတတ်တာ သူတို့ရဲ့ ကံပါပဲ ။ များသောအားဖြင့် သောကြာ အများစုဟာ ရည်းစားဦး နဲ့ လွဲ လွဲ သွားတတ်ကြပါတယ်။ သူတို့နဲ့ ကြိုက်ရင်တော့ ရည်းစားဦးပါ ဆိုရင်တော့ သတိထာ။

စနေ သားသမီး

အချစ်ကြီးတယ်။ သံယောဇဉ်ကြီး တယ်။ ချစ်သူ ဖေါက်ပြန်ရင်တောင် ခွင့်လွတ်နိုင်တတ်တယ် ။ အပြောကောင်းတယ်။ သဘောကောင်းတယ်။သဝန်တိုတတ်တယ်။ သူများ ထက်ပိုပြီး သဝန်တို တတ်တယ် ။ ကိုယ်ကတော့ မစဘူး ။ ကိုယ့်ကို စ လာရင် ပါပါ သွားတတ်ပါတယ်။ လက်သာ ရင် လိုက်တဲ့ကလေး လိုပဲ ။ပိုဂရုစိုက်တဲ့ သူနောက် ပါ ပါ သွားတတ်ကြတာ စနေသားသမီးပါပဲ ။ စနေနဲ့ ကြိုက်ရင်တော့ ပိုဂရုစိုက်နိုင်အောင်သာ ကြိုးစားပေတော့ ။

နောက်တစ်ခု က စနေသားသမီးက ကြာရင် ငြီးငွေ့သွားတတ်ကြတယ် ။ စနေသားသမီး နဲ့ တစ်နှစ်ကျော် ၂ နှစ်လောက် သမီးရည်းစားဖြစ်ပြီးရင် ယူချင်စိတ် လျှော့သွားတတ်ကြတယ်။ အဲဒီတော့ စနေသားသမီးနဲ့ ကြိုက်ရင် တစ်နှစ်အတွင်း ယူဖို့သာလုပ် နို့မို့ဆို မယူဖြစ်ပဲ ဇာတ်မြောဖြစ်သွား တတ်ပါတယ်။

Crd;….