ၾကားသိရသမွ်
Rain (For Ialinks)
Unicode
ရေကြီးမှုဖြစ်ထား၍ လည်ပင်းနားထိ မြင့်တက်နေသော ရေထဲတွင် ဖျားနေသော သမီးငယ်လေးကို အပေါ်သို့မြှောက်ကိုင်ကာ ၂နာရီကြာ ဖြတ်ကျော်ပြီး ဆေးခန်းပို့ခဲ့သော ဖခင်
မိဘတို့ဧ။် သားသမီးအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာတရားသည် နှိုင်းဆ၍မရလောက်ပင် ကြီးမားလှသည်ကို အနီးနား ပတ်ဝန်းကျင်ဆီ ပြေးကြည့်စရာမလိုပဲ ကိုယ်ကိုတိုင်က ခံစားသိရှိနိုင်သည်။
သို့ဖြစ်၍ အိန္ဒိယနိုင်ငံ ကူဒူမူဆာကျေးရွာတွင် ရေကြီးရေလျှံမှုများစွာ ဖြစ်ပွားခဲ့ရာ လမ်းများပိတ်ဆို့နေပြီး တစ်နေရာသို့ သွားလိုပါက လှေစီးပြီးသွားရမည့် အခြေအနေတွင် အသက်၃၀အရွယ် အမျိုးသားတစ်ဦးသည် အသက်ကိုပင် မငဲ့ပဲ ရေထဲဆင်းပြီးတော့ သမီးလေးရဲ့ ကျန်းမာရေးကို ဦးစားပေးကာ ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သည်။
အမျိုးသားသည် အဖျားတက်ပြီး အခြေအနေဆိုးရွားလွန်းသော သမီးငယ်လေးအား ဆေးခန်းပြရန် လိုအပ်နေတာကြောင့် အဆင်သင့် လှေလည်းမရှိသည့်အတွက် သူကိုယ်တိုင် လည်ပင်းထိ မြင့်တက်နေသော ရေထဲသို့ဆင်းခဲ့သည်။
ထို့နောက် သမီးငယ်လေးအား ရေမစိုရန် အပေါ်သို့ ချီမြှောက်ထားပြီး ၂နာရီအကြာ ရေထဲလမ်းကို လျှောက်ကာ ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ရာ အချိန်မှီဆေးကုသခွင့် ရလိုက်တာကြောင့် အသက် အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့သည်။
Rain (For Ialinks)