ၾကားသိရသမွ်

မြန်မာဘဏ်တွေရဲ့ လူပါးဝ အမြတ်ကြီးစားနေမှုကို လုပ်ငန်းရှင်များ ဖွင့်ချ

ပုဂ္ဂလိက (AD) ဘဏ်တွေမှာ မြန်မာကျပ်ငွေဘီလီယံနဲ့ချီပြီး ငွေသားတွေလက်ခံရရှိနေပေမဲ့ ဘဏ်လုပ်ငန်းရှင်တွေဟာ ပြည်သူတွေ အပ်နှံထားတဲ့ငွေတွေကို အလွယ်တကူပြန်ထုတ်မပေးဘဲ လူထုဆီက ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ကိုင်နေတယ်လို့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက ပြောဆိုကြောင်း ဒီဗီဘီ သတင်းမှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏

လုပ်ငန်းခွင်ကို တွေ့ရစဉ် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုက ဘဏ်တွေမှာ စုဆောင်းထားတဲ့ မိမိပိုင်ငွေကြေးတွေ ဆုံးရှုံးမှာစိုးရိမ်တဲ့အတွက် ငွေထုတ်ယူမှုရှိလာတာကို အကြောင်းပြုပြီး ဘဏ်ပိုင်ရှင် တွေက နည်းမျိုးစုံဖြင့် ကန့်သတ်မှုတွေ လုပ်လာခဲ့ပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း ဘဏ်တွေမှာ

ပြည်သူပိုင်ငွေကြေးတွေ အလွယ်တကူထုတ်ယူခွင့်မရရှိအောင် ဘဏ်ပိုင်ရှင်တွေနဲ့ လက်ဝါးရိုက်ပြီး ထိန်းချုပ်ထားတာ အချိန်အားဖြင့် ၈ လတာ ကြာပြီဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိလို့ ပြည်သူပိုင်ငွေကြေးတွေ ထုတ်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်က လက်တွေ့မကျတဲ့အကြောင်း

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။ ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော် “ဗဟိုဘဏ် rate နဲ့ US ဒေါ်လာ ဝယ်လိုသူတွေ က မိမိတို့ငွေစာရင်းဖွင့်ထားတဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ မိမိဝယ်ယူလိုတဲ့ US ဒေါ်လာပမာဏပေါ်မူတည်ပြီး ဘဏ်ငွေစာရင်း အသစ်ထဲမှာ ငွေသား (cash) အရင်ထည့်သွင်းထားရပါမယ်။ ဥပမာ US ဒေါ်လာ တသန်း ဝယ်ချင်ရင်

ကျပ် (၁.၈) ဘီလီယံ ငွေသား (cash) ထည့်ထားရတဲ့ သဘောပါ။ ပြီးရင်တော့ လိုအပ်တဲ့ sale contract, invoice, shipping documents တွေပါတင်ပြထားဖို့တော့ လိုတာပေါ့နော်။ ဒီလိုနည်းနဲ့ ရောင်းချပေးတာ ဖြစ်လို့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသား (cash) တွေရရှိနေတာပါ။ ဒါကြောင့် ဗဟိုဘဏ်ကနေ US ဒေါ်လာ များများဝယ်ခွင့် ရတဲ့ ဘဏ်က cash များများရတာကို ကျနော်တို့တွေ့ရပါတယ်။ မနေ့က(အောက်တိုဘာ ၁၈ရက်) ဆိုရင်ဗျာ ဗဟိုဘဏ်က

US ဒေါ်လာသန်း (၅၀) ကိုရောင်းချပေးတဲ့အတွက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေသား (cash) က ကျပ်ဘီလီယံ ( ၉၀) နီးပါး ရရှိစေပါတယ်။ ဒီတော့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေသားစီးဆင်းမှုမရှိဘူးလို့ ဘဏ်လုပ်ငန်းရှင်တွေ အကြောင်းပြချက်က လက်တွေ့မကျဘူး ဆိုတာ ပေါ်လွင်စေတယ်ဗျာ။ ဒါဆို ဘဏ်တွေဆီရောက်သွားတဲ့ ဒီငွေတွေက ဘယ်ရောက်သွားလဲ” လို့ အခုလိုထောက်ပြ

ပြောပါတယ်။ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် ပြည်သူတွေမှာတော့ လိုအပ်တဲ့ငွေကြေးကို အလွယ်တကူ ထုတ်ယူခွင့်မရတဲ့အတွက် ရာခိုင်နှုန်းတခုပေးပြီး ထုတ်ယူရတဲ့ မှောင်ခိုဈေးကွက်ကြီးကတော့ ပုဂ္ဂလိကဘဏ်တွေအကြားမှာ ကောင်းစွာရှင်သန်ကြီးထွားလို့နေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း “ကုမ္ပဏီတွေအတွက်

ဗဟိုဘဏ်သတ်မှတ်ချက် သိန်း ၂၀၀ ရရင်တောင် ကျနော်တို့က အဆင်ပြေတယ်ဗျာ။ အဲ့ သိန်း၂၀၀ လည်း ထုတ်မရဘူး။ ATM စက်မှာလည်း မထည့်လို့ ထုတ်မရဘူးဗျာ။ ဒါပေမယ့် ရာခိုင်နှုန်းပေးပြီးထုတ်ရင်တော့ ရတယ်ဗျာ။ ရာခိုင်နှုန်းကလည်း အကောင့်ကနေ ထုတ်ရင် အနည်းဆုံး ၆ ရာခိုင်နှုန်းပေးရတယ်။ ပိုဆိုးတာက အခြေခံ လူတန်းစားတွေသုံးနေရတဲ့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေ

ဥပမာ (Wave money)ဆိုရင် ၁၀ ရာခိုင်နှုန်းတောင် ပေးရတယ်။ သူရတဲ့လစာ ၁သိန်း ကို နယ်ကအိမ်ဆီ ပြန်လွှဲတာ ၁၀ ရာခိုင်နှုန်းဆိုတော့ ၉သောင်းပဲ ရတော့တယ်ဗျာ။ အဲ့တော့ ဘဏ်တွေနဲ့ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက လူထုဆီက ခေါင်းပုံဖြတ်ပြီး စားသောက်နေတာကို ဗဟိုဘဏ်ကလည်း

မမြင်ချင်ယောင်ပြီး ခွင့်ပြုပေးထားသလားလို့ သံသယရှိတယ်ဗျာ” လို့ဆိုပါတယ်။ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် ဗဟိုဘဏ်မှ ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ (AD) လိုင်စင်ရ ပုဂ္ဂလိကဘဏ်အရေအတွက် ၂၁ ခုရှိတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှ

ာ စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုဟာ ပုဂ္ဂိလက ဘဏ်တွေကနေ မိမိပိုင်ငွေတွေကို ခက်ခက်ခဲခဲအလီလီခွဲပြီးထုတ်ယူနေကြရတာဖြစ်ပြီး အပ်နှံထားတဲ့ ငွေတွေဟာလည်း မြန်မာကျပ်ငွေဖောင်းပွမှုကြောင့် တန်ဖိုးကျဆင်းမှုနဲ့လည်း ကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် ပုဂ္ဂိလက ဘဏ်တချို့က ကိုယ့်ရဲ့ဖောက်သည်တွေကို စစ်ကောင်စီထံသတင်းပေးပြီး

ဖမ်းဆီးခိုင်းတာ ၊ CDM ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့တယ်၊ NUG ထီထိုးတယ်စတဲ့ စွပ်စွဲချက်တွေနဲ့ ဘဏ်အကောင့်တွေကို ပိတ်ပြီး ငွေတွေသိမ်းယူတာတွေလည်း ဥပဒေမဲ့ လုပ်ဆောင်နေပါတယ်။

crd-

———————

ပုဂၢလိက (AD) ဘဏ္ေတြမွာ ျမန္မာက်ပ္ေငြဘီလီယံနဲ႔ခ်ီၿပီး ေငြသားေတြလက္ခံရရွိေနေပမဲ့ ဘဏ္လုပ္ငန္းရွင္ေတြဟာ ျပည္သူေတြ အပ္ႏွံထားတဲ့ေငြေတြကို အလြယ္တကူျပန္ထုတ္မေပးဘဲ လူထုဆီက ေခါင္းပုံျဖတ္ အျမတ္ႀကီးစားလုပ္ကိုင္ေနတယ္လို႔ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ေတြက ေျပာဆိုေၾကာင္း ဒီဗီဘီ သတင္းမွာ ေဖာ္ျပထားပါတယ္။ ရန္ကုန္ၿမိဳ႕ရွိ ပုဂၢလိကဘဏ္ခြဲတစ္ခု၏

လုပ္ငန္းခြင္ကို ေတြ႕ရစဥ္ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ လူထုက ဘဏ္ေတြမွာ စုေဆာင္းထားတဲ့ မိမိပိုင္ေငြေၾကးေတြ ဆုံးရႈံးမွာစိုးရိမ္တဲ့အတြက္ ေငြထုတ္ယူမႈရွိလာတာကို အေၾကာင္းျပဳၿပီး ဘဏ္ပိုင္ရွင္ ေတြက နည္းမ်ိဳးစုံျဖင့္ ကန႔္သတ္မႈေတြ လုပ္လာခဲ့ပါတယ္။ စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္ကလည္း ဘဏ္ေတြမွာ

ျပည္သူပိုင္ေငြေၾကးေတြ အလြယ္တကူထုတ္ယူခြင့္မရရွိေအာင္ ဘဏ္ပိုင္ရွင္ေတြနဲ႔ လက္ဝါး႐ိုက္ၿပီး ထိန္းခ်ဳပ္ထားတာ အခ်ိန္အားျဖင့္ ၈ လတာ ၾကာၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ပုဂၢလိကဘဏ္ေတြမွာ ေငြသားစီးဆင္းမႈမရွိလို႔ ျပည္သူပိုင္ေငြေၾကးေတြ ထုတ္မေပးႏိုင္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္က လက္ေတြ႕မက်တဲ့အေၾကာင္း

ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္တဦးကေျပာပါတယ္။ ဗဟိုဘဏ္ဒုဥကၠ႒ဦးဝင္းေသာ္ “ဗဟိုဘဏ္ rate နဲ႔ US ေဒၚလာ ဝယ္လိုသူေတြ က မိမိတို႔ေငြစာရင္းဖြင့္ထားတဲ့ ပုဂၢလိက ဘဏ္ေတြမွာ မိမိဝယ္ယူလိုတဲ့ US ေဒၚလာပမာဏေပၚမူတည္ၿပီး ဘဏ္ေငြစာရင္း အသစ္ထဲမွာ ေငြသား (cash) အရင္ထည့္သြင္းထားရပါမယ္။ ဥပမာ US ေဒၚလာ တသန္း ဝယ္ခ်င္ရင္

က်ပ္ (၁.၈) ဘီလီယံ ေငြသား (cash) ထည့္ထားရတဲ့ သေဘာပါ။ ၿပီးရင္ေတာ့ လိုအပ္တဲ့ sale contract, invoice, shipping documents ေတြပါတင္ျပထားဖို႔ေတာ့ လိုတာေပါ့ေနာ္။ ဒီလိုနည္းနဲ႔ ေရာင္းခ်ေပးတာ ျဖစ္လို႔ ပုဂၢလိကဘဏ္ေတြမွာ ေငြသား (cash) ေတြရရွိေနတာပါ။ ဒါေၾကာင့္ ဗဟိုဘဏ္ကေန US ေဒၚလာ မ်ားမ်ားဝယ္ခြင့္ ရတဲ့ ဘဏ္က cash မ်ားမ်ားရတာကို က်ေနာ္တို႔ေတြ႕ရပါတယ္။ မေန႔က(ေအာက္တိုဘာ ၁၈ရက္) ဆိုရင္ဗ်ာ ဗဟိုဘဏ္က

US ေဒၚလာသန္း (၅၀) ကိုေရာင္းခ်ေပးတဲ့အတြက္ ပုဂၢလိကဘဏ္ေတြမွာ ေငြသား (cash) က က်ပ္ဘီလီယံ ( ၉၀) နီးပါး ရရွိေစပါတယ္။ ဒီေတာ့ ပုဂၢလိကဘဏ္ေတြမွာ ေငြသားစီးဆင္းမႈမရွိဘူးလို႔ ဘဏ္လုပ္ငန္းရွင္ေတြ အေၾကာင္းျပခ်က္က လက္ေတြ႕မက်ဘူး ဆိုတာ ေပၚလြင္ေစတယ္ဗ်ာ။ ဒါဆို ဘဏ္ေတြဆီေရာက္သြားတဲ့ ဒီေငြေတြက ဘယ္ေရာက္သြားလဲ” လို႔ အခုလိုေထာက္ျပ

ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕ရွိ ပုဂၢလိကဘဏ္ခြဲတစ္ခု၏ လုပ္ငန္းခြင္ကို ေတြ႕ရစဥ္ ျပည္သူေတြမွာေတာ့ လိုအပ္တဲ့ေငြေၾကးကို အလြယ္တကူ ထုတ္ယူခြင့္မရတဲ့အတြက္ ရာခိုင္ႏႈန္းတခုေပးၿပီး ထုတ္ယူရတဲ့ ေမွာင္ခိုေဈးကြက္ႀကီးကေတာ့ ပုဂၢလိကဘဏ္ေတြအၾကားမွာ ေကာင္းစြာရွင္သန္ႀကီးထြားလို႔ေနပါတယ္။ စီးပြားေရးလုပ္ငန္းရွင္တဦးကလည္း “ကုမၸဏီေတြအတြက္

ဗဟိုဘဏ္သတ္မွတ္ခ်က္ သိန္း ၂၀၀ ရရင္ေတာင္ က်ေနာ္တို႔က အဆင္ေျပတယ္ဗ်ာ။ အဲ့ သိန္း၂၀၀ လည္း ထုတ္မရဘူး။ ATM စက္မွာလည္း မထည့္လို႔ ထုတ္မရဘူးဗ်ာ။ ဒါေပမယ့္ ရာခိုင္ႏႈန္းေပးၿပီးထုတ္ရင္ေတာ့ ရတယ္ဗ်ာ။ ရာခိုင္ႏႈန္းကလည္း အေကာင့္ကေန ထုတ္ရင္ အနည္းဆုံး ၆ ရာခိုင္ႏႈန္းေပးရတယ္။ ပိုဆိုးတာက အေျခခံ လူတန္းစားေတြသုံးေနရတဲ့ ေငြလႊဲဝန္ေဆာင္မႈလုပ္ငန္းေတြ

ဥပမာ (Wave money)ဆိုရင္ ၁၀ ရာခိုင္ႏႈန္းေတာင္ ေပးရတယ္။ သူရတဲ့လစာ ၁သိန္း ကို နယ္ကအိမ္ဆီ ျပန္လႊဲတာ ၁၀ ရာခိုင္ႏႈန္းဆိုေတာ့ ၉ေသာင္းပဲ ရေတာ့တယ္ဗ်ာ။ အဲ့ေတာ့ ဘဏ္ေတြနဲ႔ေငြလႊဲလုပ္ငန္းလုပ္ကိုင္ေနတဲ့သူေတြက လူထုဆီက ေခါင္းပုံျဖတ္ၿပီး စားေသာက္ေနတာကို ဗဟိုဘဏ္ကလည္း

မျမင္ခ်င္ေယာင္ၿပီး ခြင့္ျပဳေပးထားသလားလို႔ သံသယရွိတယ္ဗ်ာ” လို႔ဆိုပါတယ္။ ရန္ကုန္ၿမိဳ႕ရွိ ပုဂၢလိကဘဏ္ခြဲတစ္ခု၏ လုပ္ငန္းခြင္ကို ေတြ႕ရစဥ္ ဗဟိုဘဏ္မွ ထုတ္ျပန္ထားတဲ့အခ်က္အလက္ေတြအရ ျမန္မာႏိုင္ငံမွာ (AD) လိုင္စင္ရ ပုဂၢလိကဘဏ္အေရအတြက္ ၂၁ ခုရွိတာ ေတြ႕ရပါတယ္။ ျမန္မာႏိုင္ငံမွ

ာ စစ္အာဏာသိမ္းၿပီးေနာက္ ျပည္သူလူထုဟာ ပုဂၢိလက ဘဏ္ေတြကေန မိမိပိုင္ေငြေတြကို ခက္ခက္ခဲခဲအလီလီခြဲၿပီးထုတ္ယူေနၾကရတာျဖစ္ၿပီး အပ္ႏွံထားတဲ့ ေငြေတြဟာလည္း ျမန္မာက်ပ္ေငြေဖာင္းပြမႈေၾကာင့္ တန္ဖိုးက်ဆင္းမႈနဲ႔လည္း ႀကဳံေတြ႕ေနၾကရပါတယ္။ ဒါ့အျပင္ ပုဂၢိလက ဘဏ္တခ်ိဳ႕က ကိုယ့္ရဲ႕ေဖာက္သည္ေတြကို စစ္ေကာင္စီထံသတင္းေပးၿပီး

ဖမ္းဆီးခိုင္းတာ ၊ CDM ဝန္ထမ္းေတြကို ေငြေၾကးေထာက္ပံ့တယ္၊ NUG ထီထိုးတယ္စတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ဘဏ္အေကာင့္ေတြကို ပိတ္ၿပီး ေငြေတြသိမ္းယူတာေတြလည္း ဥပေဒမဲ့ လုပ္ေဆာင္ေနပါတယ္။

crd-