တပ်မြို့ဟုခေါ်သည့် ပြင်ဦးလွင်၊ မိတ္ထီလာ ၊ မတ္တရာ ၊ နေပြည်တော်၊ မြစ်ကြီးနား စသည့် မြို့များ၌ စစ်တပ် ထောက်ခံပွဲများ ပြုလုပ်
မဲခေါင်၊ အောက်တိုဘာ ၂၅
အာဏာသိမ်း စစ်တပ်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲများကို ယနေ့ အောက်တိုဘာ (၂၅)ရက် မနက်ပိုင်းတွင် မန္တလေးတိုင်းအတွင်းရှိ ပြင်ဦးလွင်၊ မိတ္ထီလာ ၊ မတ္တရာ ၊ နေပြည်တော်နှင့် ကချင်ပြည်နယ် မြစ်ကြီးနား မြို့များ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ထောင်ချီသော ပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်ဖိနှိပ် ဖမ်းဆီးသတ်ဖြတ်နေချိန်တွင် အဆိုပါ အာဏာသိမ်း စစ်တပ်ကို ထောက်ခံကြောင်း တန်ပြန်ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မန္တလေးမြို့နန်းရှေ့တွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်ပြီး လူအင်အားနှစ်ထောင်ခန့်ဖြင့် စစ်တပ်ထောက်ခံပွဲပြုလုပ်ရန်ကြေညာထားသော်လည်း မလုပ်ဖြစ်သေးပေ။
#mekong
#စကစထောက်ခံပွဲ
#တပ်မြို့များ
unicode
#mekong