ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ် သင်ဇာရယ်
unicode
ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိပါတယ် သဥ္ဇာရယ်
ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေ…
photo လေးတွေပြန်ရှာရင်းငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ် …
နင်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရလေးတွေကို ဒီ မှာလာသိမ်းရင်း ငါ့ရဲ့စိတ်ထားအရမ်းကောင်းပြီးအရည်အချင်းရှိတဲ့သူငယ်ချင်းလေး
ရောက်လေရာဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး နင့်ရဲ့ အနုပညာအရည်အသွေးတွေကို အပြည့်အဝ ချပြနိုင်တဲ့ သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ် …
နောက်ဘဝဆိုတာရှိခဲ့ရင်လဲ ခုလိုနင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် … နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့နင့်သီချင်းတွေကို ငါအမြဲတမ်းအမှတ်ရနေမှာပါ …
ငါ့သူငယ်ချင်းလေးကစိတ်ထားကောင်းလို့ ကောင်းရာမွန်ရာရောက်မယ်ဆိုတာ ငါယုံတယ် …
ကောင်းကောင်းအနားယူပါတော့
source thinzarwintkyaw