ဗဟုသုတ

မွေးဖွားလာတဲ့ကံ မကောင်းချင်နေပါ အိုဇာတာတော့ ကောင်းချင်တယ်

မွေးဖွားလာတဲ့ကံ မကောင်းချင်နေပါ အိုဇာတာတော့ ကောင်းချင်တယ် အိုဇာတာတဲ့ ကိုယ်အိုသွားတဲ့အခါ ကိုယ်နာသွားတဲ့အခါ နောက်ဆုံးနေ၀င်ချိန်တွေကို အပြုံးလေးနဲ့ ထွက်ခွါသွားချင်တယ်လေ

အိုဇာတာကောင်းဖို့ဆိုရင် ငါမှန်တယ်ဆိုတဲ့ အတ္တတွေ လျော့သင့်တန်သလောက် လျော့သင့်တယ် ငါဆိုတဲ့ အတ္တတွေကြီးနေတဲ့လူက အသက်ကြီးလာတဲ့အခါ တစ်ယောက်တည်း အထီးကျန်ရတတ်တယ်လေ ပေးတတ်ကမ်းတတ်တဲ့လက်တစ်စုံလဲ လိုပါတယ် . . .ဒီနေ့မှာမျိုးစေ့မချခဲ့ရင် နောင်တစ်ချိန်မှာ အပင်ပေါက်လာစရာအကြောင်းမရှိဘူးလေ တစ်ခါတစ်လေ မျိုးစေ့တွေ ချခဲ့ရင်တောင် အပင်ပေါက်ချင်မှ ပေါက်တတ်တာလေ

သွားနိုင်လာနိုင်တုန်းမှာ ရှာနိုင်ဖွေနိုင်တုန်းမှာ ငါဆိုတဲ့မာနကြီးနဲ့ နေချင်နေလို့ရတယ် တစ်ကောင်တည်းခြင်္သေ့ဆိုပြီးလဲ လုပ်ချင်လုပ်လို့ရတယ် ဒါပေမယ့် အသက်တွေကြီးလာတဲ့အခါ စိတ်သာရှိပြီ ကိုယ်မပါတဲ့အချိန်တွေ ရောက်တဲ့အခါ နောင်တတွေ ရလာတတ်တယ် ပြီးတော့ အိုဇာတာကောင်းဖို့ဆိုတာ ကိုယ့်ကံချည်းပဲနဲ့လည်း မဆိုင်ပါဘူး ကိုယ်လုပ်ရပ်တွေနဲ့ဆိုင်တာပါ အိုမင်းသွားရမှာချင်းအတူတူ နေ၀င်ချိန်တွေချင်း မတူကြတာ ကံချင်းမတူလို့ ဒါမှမဟုတ် လုပ်ရပ်ချင်းမတူကြလို့ပါ

ဘေးနားမှာရှိနေမယ့်လက်တွဲဖော်ဆိုတာကလဲ ကံစမ်းမဲနှိုက်ရသလိုပါပဲ ဆိုးခြင်းကောင်းခြင်းတွေဆိုတာ အချိန်ကြာလာတာနဲ့အမျှပိုပြီး သိလာရတာလေ အိမ်ထောင်ရေးကံ ပြီးတော့ သားသမီးကံ အများကြီးပါ ဒါကြောင့် ဘယ်လောက်ပဲ ဒီချိန်မှာ ရှာနိုင်ဖွေနိုင်ပါစေ အိုစာမင်းစာဆိုတာလေးကို မေ့မထားနဲ့ ကိုယ်ပေးနိုင်ကမ်းနိုင်တုန်းက လူတိုင်းက အနားမှာ ကပ်နေကြမှာပဲ ကိုယ် ဘာမှ မပေးနိုင်တော့တဲ့အခါ တစ်ယောက်တည်းကျန်ခဲ့တတ်တာလေ

လူဆိုတာက အသက်ကြီးလာတာနဲ့အမျှ အဖော်ကိုပိုပြီးရှာလာတတ်တယ် စကားတွေပြောပေးမယ့်အဖော်ဆိုတာထက် ကိုယ်ပြောနေတဲ့စကားတွေကို ဂရုတစိုက်နဲ့နားထောင်ပေးမယ့်အဖော်ကို ပိုပြီးလိုချင်ကြတာလေ ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ ကလေးပိုပြီးဆန်လာတတ်ကြတယ် ကိုယ့်အပေါ်ဂရုစိုက်တာတွေ ကြင်နာတာတွေကို ပိုပြီး မက်မောလာတတ်ကြတာလေ

အိုဇာတာ တဲ့ တစ်ကောင်တည်း ခြင်္သေ့ဆိုပြီး ဘယ်လောက်ပဲ မာန်တွေတင်းထားတင်းထား တစ်နေ့ ကိုယ်အိုသွားတဲ့အခါ တစ်နေ့ နာလာရတဲ့အခါ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့အခါ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ လူတစ်ယောက်ရှိနေတာကိုက အိုဇာတာကောင်းတာပါ

အူဝဲဆိုပြီး ငိုပြီး စလာရတဲ့ဘ၀မှာ နေ၀င်ချိန်လေးတော့ အေးအေးသက်သာလေး ဖြတ်သန်းသွားချင်တယ် တစ်နည်းအားဖြင့် အိုဇာတာကောင်းချင်တယ် ။

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ

မွေးဖွားလာတဲ့ကံ မကောင်းချင်နေပါ အိုဇာတာတော့ ကောင်းချင်တယ် အိုဇာတာတဲ့ ကိုယ်အိုသွားတဲ့အခါ ကိုယ်နာသွားတဲ့အခါ နောက်ဆုံးနေဝင်ချိန်တွေကို အပြုံးလေးနဲ့ ထွက်ခွါသွားချင်တယ်လေ

အိုဇာတာကောင်းဖို့ဆိုရင် ငါမှန်တယ်ဆိုတဲ့ အတ္တတွေ လျော့သင့်တန်သလောက် လျော့သင့်တယ် ငါဆိုတဲ့ အတ္တတွေကြီးနေတဲ့လူက အသက်ကြီးလာတဲ့အခါ တစ်ယောက်တည်း အထီးကျန်ရတတ်တယ်လေ ပေးတတ်ကမ်းတတ်တဲ့လက်တစ်စုံလဲ လိုပါတယ် . . .ဒီနေ့မှာမျိုးစေ့မချခဲ့ရင် နောင်တစ်ချိန်မှာ အပင်ပေါက်လာစရာအကြောင်းမရှိဘူးလေ တစ်ခါတစ်လေ မျိုးစေ့တွေ ချခဲ့ရင်တောင် အပင်ပေါက်ချင်မှ ပေါက်တတ်တာလေ

သွားနိုင်လာနိုင်တုန်းမှာ ရှာနိုင်ဖွေနိုင်တုန်းမှာ ငါဆိုတဲ့မာနကြီးနဲ့ နေချင်နေလို့ရတယ် တစ်ကောင်တည်းခြင်္သေ့ဆိုပြီးလဲ လုပ်ချင်လုပ်လို့ရတယ် ဒါပေမယ့် အသက်တွေကြီးလာတဲ့အခါ စိတ်သာရှိပြီ ကိုယ်မပါတဲ့အချိန်တွေ ရောက်တဲ့အခါ နောင်တတွေ ရလာတတ်တယ် ပြီးတော့ အိုဇာတာကောင်းဖို့ဆိုတာ ကိုယ့်ကံချည်းပဲနဲ့လည်း မဆိုင်ပါဘူး ကိုယ်လုပ်ရပ်တွေနဲ့ဆိုင်တာပါ အိုမင်းသွားရမှာချင်းအတူတူ နေဝင်ချိန်တွေချင်း မတူကြတာ ကံချင်းမတူလို့ ဒါမှမဟုတ် လုပ်ရပ်ချင်းမတူကြလို့ပါ

ဘေးနားမှာရှိနေမယ့်လက်တွဲဖော်ဆိုတာကလဲ ကံစမ်းမဲနှိုက်ရသလိုပါပဲ ဆိုးခြင်းကောင်းခြင်းတွေဆိုတာ အချိန်ကြာလာတာနဲ့အမျှပိုပြီး သိလာရတာလေ အိမ်ထောင်ရေးကံ ပြီးတော့ သားသမီးကံ အများကြီးပါ ဒါကြောင့် ဘယ်လောက်ပဲ ဒီချိန်မှာ ရှာနိုင်ဖွေနိုင်ပါစေ အိုစာမင်းစာဆိုတာလေးကို မေ့မထားနဲ့ ကိုယ်ပေးနိုင်ကမ်းနိုင်တုန်းက လူတိုင်းက အနားမှာ ကပ်နေကြမှာပဲ ကိုယ် ဘာမှ မပေးနိုင်တော့တဲ့အခါ တစ်ယောက်တည်းကျန်ခဲ့တတ်တာလေ

လူဆိုတာက အသက်ကြီးလာတာနဲ့အမျှ အဖော်ကိုပိုပြီးရှာလာတတ်တယ် စကားတွေပြောပေးမယ့်အဖော်ဆိုတာထက် ကိုယ်ပြောနေတဲ့စကားတွေကို ဂရုတစိုက်နဲ့နားထောင်ပေးမယ့်အဖော်ကို ပိုပြီးလိုချင်ကြတာလေ ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ ကလေးပိုပြီးဆန်လာတတ်ကြတယ် ကိုယ့်အပေါ်ဂရုစိုက်တာတွေ ကြင်နာတာတွေကို ပိုပြီး မက်မောလာတတ်ကြတာလေ

အိုဇာတာ တဲ့ တစ်ကောင်တည်း ခြင်္သေ့ဆိုပြီး ဘယ်လောက်ပဲ မာန်တွေတင်းထားတင်းထား တစ်နေ့ ကိုယ်အိုသွားတဲ့အခါ တစ်နေ့ နာလာရတဲ့အခါ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့အခါ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ လူတစ်ယောက်ရှိနေတာကိုက အိုဇာတာကောင်းတာပါ

အူဝဲဆိုပြီး ငိုပြီး စလာရတဲ့ဘဝမှာ နေဝင်ချိန်လေးတော့ အေးအေးသက်သာလေး ဖြတ်သန်းသွားချင်တယ် တစ်နည်းအားဖြင့် အိုဇာတာကောင်းချင်တယ် ။