မှိုကိုစမ်းသပ်ပုံ
မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့် ဖျစ်ကြည့်လျှင်ကြေမွသားလျှင် မစားကောင်းပါ။စားကောင်းသောမှိုများသည် ကြေမွသွားခြင်းမရှိပါ။
မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်လိုက်ပါ မည်းသွားလျှင် မစားရပါ။စားကောင်းသောမှိုသည် ဆားထိရုံနှင့် မည်းသွားလေ့မရှိပါ။
မှိုကိုလက်ဖြင့် ဖျစ်ကြည့်လို့ သွေးရောင်ပြောင်းသွားလျှင် မစားကောင်းပါ။စားကောင်းသောမှိုမှာ အရောင်မပြောင်းပါ။
မှိုကိုဓားဖြင့်ဖြတ်သောအခါ ပြာနှမ်းသွားလျှင် မစားရပါ။စားကောင်းသောမှိုမှာ မပြာနှမ်းပါ။
မှိုကို ဆားရည်တွင်စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။စားကောင်းသောမှိုမှာ မနက်ပါ။
အထူးသဖြင့် ခြေခြင်းပါသောမှိုများသည် မစားကောင်းပါ။စားကောင်းသောမှိုမှာ ခြေခြင်းပါလေ့မရှိပါ။
—————
မှိုနှင့်ရောစပ်မစားကောင်းသော အစာများ
၁။ ကြက်ဟင်းခါးသီး
၂။ ကွကျဥ
၃။ ခံသီး
၄။ ငှက်ပျောသီး
၅။ နို့အမျိုးမျိုး
၆။ ဖောင်စီးကဏန်း
၇။ ယုန်သား စသည်တို့ကို ရောစပ်ရွေ့မစားရပါ။
မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့်
“မှိုတစ်နှစ် မျှစ်သုံးလ” မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။
မှိုဟင်းမစားသင့်သော အခြားသူများ
ခြေအေးရွေ့ အထက်သို့ အခိုးတက်ပြီးဖြစ်တတ်သောနှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေကျိမ်းသောရောဂါရှိသူများသည် မစားသင့်ပါ။
မှိုဆိပ်ဖြေနည်း
မှိုဆိပ်တက်၍ တောက်ခဲ့လျှင် ထန်းလျှက်စားပေးပါ။သံပုရာရည်ကို လျှက်ပေးပါ။မိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့် သွေးရွေ့တိုက်
ပါ။
ကျီးအာမြစ်ကို ဆားနှင့်သွေး၍ လျှာကိုပွတ်ပေးပါ။အစာများ ပြန်အန် ကျလာမည်ဖြစ်သည်။ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေးတိုက်ပေးပါကလည်းမှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။
မှိုနှင့်ဆေးဝါး
ဝါးရုံနက်(သို့မဟုတ်)ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင်မှိုများကို ဖဲ့ယူူပြီး ရေးစင်စွာဆေးရွေ့ ထန်းလျှက်သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သောအလုံးလေးများ ပြုလုပ်ပြီး ကလေးငယ်များကို ကျွေးပါက ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။
ဝါးမှိုဆိုရာတွင် ကြခတ်ဝါးမှိုက ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစည်းတို့ လုံးဝမထိရန် သတိပြုရမည်။
စားကောင်းသောမှိုများ
ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ဖက်ဆွတ်မှို(မှိုဖြူလေး) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သောအကွက်လေးရှိသည်။)၊ မြက်ကြားမှို၊သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊စသောမှိုများသည် စားကောင်းသောမှိုများဖြစ်သည်။
မစားကောင်းသောမှိုများ
ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသောမှိုများဖြစ်ကြသည်။
ထို့အပြင် အချို့မှိုများမှာ စားကောင်းသောမှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။
Credit to original uploader
——————-
မွိုကိုစမ္းသပ္ပုံ
မွိုမ်ားရရွိေသာအခါ အရိုးကိုလက္ျဖင့္ ဖ်စ္ၾကည့္လၽွင္ေၾကမြသားလၽွင္ မစားေကာင္းပါ။စားေကာင္းေသာမွိုမ်ားသည္ ေၾကမြသြားျခင္းမရွိပါ။
မွိုေပၚသို့ ဆားအနည္းငယ္ ျဖဴးၾကည့္လိုက္ပါ မည္းသြားလၽွင္ မစားရပါ။စားေကာင္းေသာမွိုသည္ ဆားထိ႐ုံႏွင့္ မည္းသြားေလ့မရွိပါ။
မွိုကိုလက္ျဖင့္ ဖ်စ္ၾကည့္လို့ ေသြးေရာင္ေျပာင္းသြားလၽွင္ မစားေကာင္းပါ။စားေကာင္းေသာမွိုမွာ အေရာင္မေျပာင္းပါ။
မွိုကိုဓားျဖင့္ျဖတ္ေသာအခါ ျပာႏွမ္းသြားလၽွင္ မစားရပါ။စားေကာင္းေသာမွိုမွာ မျပာႏွမ္းပါ။
မွိုကို ဆားရည္တြင္စိမ္ၾကည့္ေသာအခါ နက္လာလၽွင္ မစားေကာင္းပါ။စားေကာင္းေသာမွိုမွာ မနက္ပါ။
အထူးသျဖင့္ ေျချခင္းပါေသာမွိုမ်ားသည္ မစားေကာင္းပါ။စားေကာင္းေသာမွိုမွာ ေျချခင္းပါေလ့မရွိပါ။
—————
မွိုႏွင့္ေရာစပ္မစားေကာင္းေသာ အစာမ်ား
၁။ ၾကက္ဟင္းခါးသီး
၂။ ကြက်ဥ
၃။ ခံသီး
၄။ ငွက္ေပ်ာသီး
၅။ နို့အမ်ိဳးမ်ိဳး
၆။ ေဖာင္စီးကဏန္း
၇။ ယုန္သား စသည္တို့ကို ေရာစပ္ေရြ႕မစားရပါ။
မီးဖြားၿပီးစ အမ်ိဳးသမီးမ်ားအေနျဖင့္
“မွိုတစ္ႏွစ္ မၽွစ္သုံးလ” မစားသင့္ေၾကာင္း ေရွးလူႀကီးမ်ားက ေျပာေလ့ရွိသည္။
မွိုဟင္းမစားသင့္ေသာ အျခားသူမ်ား
ေျခေအးေရြ႕ အထက္သို့ အခိုးတက္ၿပီးျဖစ္တတ္ေသာႏွာပိတ္၊ ႏွာမႊန္ေရာဂါ၊ နား၊ မ်က္စိ၊ ေခါင္းကိုက္ေရာဂါ၊ ေခါင္းဦးေရက်ိမ္းေသာေရာဂါရွိသူမ်ားသည္ မစားသင့္ပါ။
မွိုဆိပ္ေျဖနည္း
မွိုဆိပ္တက္၍ ေတာက္ခဲ့လၽွင္ ထန္းလၽွက္စားေပးပါ။သံပုရာရည္ကို လၽွက္ေပးပါ။မိုနတိုရြက္စိမ္းရည္ကို တိုက္ေပးပါ။မရိုးေခၚ ျဖဴႀကီးအေခါက္ တစ္မတ္သားခန႔္ ေသြးေရြ႕တိုက္
ပါ။
က်ီးအာျမစ္ကို ဆားႏွင့္ေသြး၍ လၽွာကိုပြတ္ေပးပါ။အစာမ်ား ျပန္အန္ က်လာမည္ျဖစ္သည္။ထန္းလၽွက္ျပဳတ္ရည္ ပူပူေႏြးေႏြးတိုက္ေပးပါကလည္းမွိုေတာက္ျခင္း အဆိပ္ျဖစ္ျခင္းမွ ကာကြယ္နိုင္သည္။
မွိုႏွင့္ေဆးဝါး
ဝါး႐ုံနက္(သို့မဟုတ္)ၾကခတ္ဝါး႐ုံ၏ ပင္ေျခမွေပါက္ေသာ ပန္းရင့္ေရာင္မွိုမ်ားကို ဖဲ့ယူူၿပီး ေရးစင္စြာေဆးေရြ႕ ထန္းလၽွက္သို့မဟုတ္ ပ်ားရည္ျဖင့္ ေသးငယ္ေသာအလုံးေလးမ်ား ျပဳလုပ္ၿပီး ကေလးငယ္မ်ားကို ေကၽြးပါက ဝမ္းတြင္းရွိ သန္လုံး၊ သန္ျပားႏွင့္ တုတ္ေကာင္မ်ား ေနာက္တစ္ေန႔ဝမ္းသြားေသာအခါ အေထြးလိုက္ က်ဆင္းပါသည္။
ဝါးမွိုဆိုရာတြင္ ၾကခတ္ဝါးမွိုက ပိုေဆးဘက္ဝင္သည္။ သို့ေသာ္ မွိုကို သံထည္ပစည္းတို့ လုံးဝမထိရန္ သတိျပဳရမည္။
စားေကာင္းေသာမွိုမ်ား
ေကာက္ရိုးမွို၊ မွိုၾကက္ေတာင္၊ ငွက္ေပ်ာမွို၊ ေတာင္ပို့မွို(ေျခတို၊ ေျခရွည္)၊ဖက္ဆြတ္မွို(မွိုျဖဴေလး) ၾကက္တူေရြးမွို၊ မွိုသားပိုက္၊ မွိုဆန္ကြဲ၊ မွိုေက်ာက္ခဲ၊ မွိုေျခတံရွည္၊မွိုနီ၊ မွိုျပင္းတြဲ၊ မွိုျဖဴ၊ မွိုအုန္းနက္၊ (မွို၏ထိပ္တြင္ နက္ေသာအကြက္ေလးရွိသည္။)၊ ျမက္ၾကားမွို၊သေျပမွို၊ ေျမပဲမွို၊ ဝါးမွို၊ ကိုင္းမွို၊ အင္မွို၊ ဆင္ေျခသည္းမွိုႏွင့္ သရက္မွို(မွိုေျခာက္မ်ားျပဳလုပ္သည္)၊စေသာမွိုမ်ားသည္ စားေကာင္းေသာမွိုမ်ားျဖစ္သည္။
မစားေကာင္းေသာမွိုမ်ား
ၾကက္ခူမွို၊ မွိုကြန္ျခာ၊ ေခြးေလးမွို၊ ႏွင့္ ႏြားေျခးမွိုတို့သည္ မစားေကာင္းေသာမွိုမ်ားျဖစ္ၾကသည္။
ထို့အျပင္ အခ်ိဳ့မွိုမ်ားမွာ စားေကာင္းေသာမွိုျဖစ္ေသာ္လည္း အဆိပ္သင့္ေစသျဖင့္ စမ္းသပ္ၿပီးမွ ခ်က္စားသင့္သည္။
Credit to original uploader