ပင်ဂွင်းတို့ ချစ်ခြင်းနှင့်သစ္စာ
ပင်ဂွင်းငှက်တွေမှာ ထူးခြားတဲ့ နေထိုင်မှု အလေ့အထများ ရှိနေပါတယ်။ ယင်းအလေ့အထများထဲမှ အချို့အရာတွေဟာ လူသားတွေထက် ပိုပြီး Romantic ဆန်နေတတ်ပါတယ်။ တစ်ခုကတော့ ချစ်ခွင့်ပန်ခြင်းပါ။
ပင်ဂွင်းတွေဟာ သစ္စာရှိပြီး တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါတယ်။ ပြီးတော့ အချစ်ကိုလည်း မတရားမယူတတ်ပါဘူး။ သူတို့ ပင်ဂွင်း အထီးများဟာ သူတို့ချစ်တဲ့ ပင်ဂွင်း အမကို တွေ့ရင် တိတ်ဆိတ်တဲ့ တစ်နေရာကိုခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ချစ်ခွင့်ပန်ပါတယ်။ ပါးစပ်မှာလည်း ကျောက်စရစ်ခဲ တစ်တုံး သယ်ထားပြီး ပင်ဂွင်းအမကို ပေးပါတယ် အကယ်၍ ယင်း ကျောက်စရစ်ခဲကို ပင်ဂွင်းအမက လက်ခံယူတယ်ဆိုရင် သူ့အချစ်ကို လက်ခံလို့ပဲ ဖြစ်ပါတယ်။
ယင်းသို့လက်ခံရရှိပြီးတဲ့ ပင်…ဂွင်းမကိုလည်း အခြားပင်ဂွင်းအထီးများက ချစ်ခွင့် မပန်တော့ပါဘူး။ ဒီလိုနဲ့ ယူဖြစ်သွားတဲ့ ပင်ဂွင်းနှစ်ကောင်မှာ အထီး ဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် တစ်ကောင်ကောင်က အကြောင်းအမျိုးမျိုးကြောင့် အရင်သေသွားရင် နောက်ထပ်ကြင်ဖော်မရှာပဲ တစ်ကောင်တည်း နေထိုင်တတ်တဲ့ အလေ့အထလည်း ရှိပါတယ်။
ဒါကြောင့် ပင်ဂွင်းများရဲ့ ချစ်ခြင်းနဲ့ သစ္စာဟာ လူတွေထက် လေ့လာ အတုယူစရာ တစ်ခုလို ရှိနေကြောင်း သိရပါတယ်။
Crd: Copy original uploader

ပင္ဂြင္းတို႔ ခ်စ္ျခင္းႏွင့္သစၥာbh
ပင္ဂြင္းငွက္ေတြမွာ ထူးျခားတဲ့ ေနထိုင္မႈ အေလ့အထမ်ား ရွိေနပါတယ္။ ယင္းအေလ့အထမ်ားထဲမွ အခ်ိဳ႕အရာေတြဟာ လူသားေတြထက္ ပိုၿပီး Romantic ဆန္ေနတတ္ပါတယ္။ တစ္ခုကေတာ့ ခ်စ္ခြင့္ပန္ျခင္းပါ။
ပင္ဂြင္းေတြဟာ သစၥာရွိၿပီး တစ္လင္တစ္မယားစနစ္ကို က်င့္သုံးပါတယ္။ ၿပီးေတာ့ အခ်စ္ကိုလည္း မတရားမယူတတ္ပါဘူး။ သူတို႔ ပင္ဂြင္း အထီးမ်ားဟာ သူတို႔ခ်စ္တဲ့ ပင္ဂြင္း အမကို ေတြ႕ရင္ တိတ္ဆိတ္တဲ့ တစ္ေနရာကိုေခၚၿပီး ပုံမွာ ျမင္ေတြ႕ရတဲ့အတိုင္း ခ်စ္ခြင့္ပန္ပါတယ္။ ပါးစပ္မွာလည္း ေက်ာက္စရစ္ခဲ တစ္တုံး သယ္ထားၿပီး ပင္ဂြင္းအမကို ေပးပါတယ္ အကယ္၍ ယင္း ေက်ာက္စရစ္ခဲကို ပင္ဂြင္းအမက လက္ခံယူတယ္ဆိုရင္ သူ႔အခ်စ္ကို လက္ခံလို႔ပဲ ျဖစ္ပါတယ္။
ယင္းသို႔လက္ခံရရွိၿပီးတဲ့ ပင္…ဂြင္းမကိုလည္း အျခားပင္ဂြင္းအထီးမ်ားက ခ်စ္ခြင့္ မပန္ေတာ့ပါဘူး။ ဒီလိုနဲ႔ ယူျဖစ္သြားတဲ့ ပင္ဂြင္းႏွစ္ေကာင္မွာ အထီး ျဖစ္ျဖစ္၊ အမ ျဖစ္ျဖစ္ တစ္ေကာင္ေကာင္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အရင္ေသသြားရင္ ေနာက္ထပ္ၾကင္ေဖာ္မရွာပဲ တစ္ေကာင္တည္း ေနထိုင္တတ္တဲ့ အေလ့အထလည္း ရွိပါတယ္။
ဒါေၾကာင့္ ပင္ဂြင္းမ်ားရဲ႕ ခ်စ္ျခင္းနဲ႔ သစၥာဟာ လူေတြထက္ ေလ့လာ အတုယူစရာ တစ္ခုလို ရွိေနေၾကာင္း သိရပါတယ္။
Crd: Copy original uploader


