အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချမှုက ကြီးမားတဲ့ အန္တရာယ်ရှိနေကြောင်း ဓာတ်ပုံတွေနဲ့ သက်သေပြ..
ဗြိတိန်မှာ လေ့လာမှု စစ်တမ်းတွေအရ ဗြိတိန်လူမျိုးထက်ဝက်ခန့်ဟာ သန့်စင်ခန်းအတွင်း အိမ်သာဖုံးကို ပိတ်လေ့မရှိဘဲ ရေဆွဲချနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီလိုပြုမူနေတာဟာ ဘယ်လောက်ထိဆိုးဝါးသလဲဆိုတာကို ဓာတ်ပုံတွေကတဆင့် ဖော်ပြခဲ့ကြပြီး အန္တရာယ်ကြီးမားတယ်ဆိုတာကို သတိပြုစရာဖြစ်လာခဲ့ပါပြီ။
အိမ်သုံးသန့်ရှင်းရေးထုတ်ကုန်တွေကို ရောင်းချနေတဲ့ နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Harpic က နည်းပညာပိုင်းတော်တော်လေးကောင်းမွန်တဲ့ ကင်မရာကို အသုံးပြုပြီး အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချနေမှုကို ရိုက်ကူးမှုပြုလုပ်ခဲ့ပါတယ်။ ဒိလိုရိုက်ကူးမှုမှာ အိမ်သာခွက်အတွင်းက ဘတ်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေဟာ ခြောက်ပေအကွာထိကို ပြန်လည်လွင့်စင်ပြီး ထွက်လာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
ဓာတ်ပုံမှာမြင်တွေ့ရတာဆိုရင် ရောင်စုံမီးရှူးမီးပန်းတွေ ဖွာထွက်နေတာကို ပြသနေတာနဲ့ တူနေမှာဖြစ်ပေမယ့် အမှန်တကယ်မှာတော့ ဒါဟာ အိမ်သာခွက်အတွင်းထဲမှာ ထည့်သွင်းထားတဲ့ လေဖိအားဘူးအတွင်းက ပြန်လည်ထွက်လာခဲ့တဲ့ အရည်စက်တွေသာဖြစ်ပါတယ်။
အိမ်သာအိုးအတွင်းရှိ ရေဟာ အန္တရာယ်ရောဂါပိုးတွေနဲ့ ထိတွေ့မိတဲ့အခါမှာ ညစ်ညမ်းမှုဖြစ်စေနိုင်သလို ထပ်မံပြီးတော့လည်း ရှိနေနိုင်တယ်ဆိုတာကို သတိပြုရမှာပါ။
ဒီအတွက်ကြောင့် တကယ်လို့များ အိမ်သာဖုံး၊ အိမ်သာခွက်တို့ကို ကိုင်တွယ်မိပြီးနောက် နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့မိခဲ့မယ်ဆိုရင် ရောဂါပိုးအန္တရာယ်တွေ သက်ရောက်စေနိုင်တယ်လို့ Harpic က သတိပေးခဲ့ပါတယ်။ လူပေါင်းနှစ်ထောင်အထိကို စစ်တမ်းပြုလုပ်ခဲ့ရာမှာ ဒီလိုအန္တရာယ်တွေရှိတယ်ဆိုတာကို မသိတာကြောင့် အိမ်သာဖုံးကို မပိတ်ဘဲ ရေဆွဲချလေ့ရှိတယ်လို့ အများစုက ဖြေဆိုခဲ့ကြပါတယ်။
အဖုံးမပိတ်ဘဲ ပြုမူခြင်းဟာ အန္တရာယ်များတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီးနောက်မှာ ၉၅ ရာခိုင်နှုန်းခန့်က သူတို့ရဲ့ အပြုအမူ နဲ့ အလေ့အထကို ပြောင်းလဲပစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြကြောင်း ဆိုပါတယ်။
ရေဆွဲချချိန်မှာ အိမ်သာဖုံးကို ပိတ်ပစ်ဖို့အတွက် Harpic က ပညာပေးခဲ့ပြီး ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ချိန်မှာလည်း လက်အိတ်တွေဝတ်ဆင်ထားဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။
Harpic ရဲ့ အခုလိုမျိုးထုတ်ဖော်ပြသပြီး အသိပညာပေးခဲ့မှုဟာ ကျန်းမာရေးအတွက် တော်တော်လေးကို ကောင်းမွန်ထိရောက်တယ်လို့လည်း ထောက်ခံခဲ့ကြပါတယ်။
အိမ်သာအသုံးပြုပြီးတိုင်း ရေဆွဲချရာမှာ အဖုံးပိတ်ဖို့အတွက်လည်း ကမ်ပိန်းပြုလုပ်ဖို့အတွက်တောင်မှ စီစဉ်နေတယ်လို့ သိရပြီး အမျိုးသားကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေရရှိမယ်လို့လည်း မျှော်လင့်နေကြပါတယ်။
အိမ္သာဖုံးမပိတ္ဘဲ ေရဆြဲခ်မႈက ႀကီးမားတဲ့ အႏၲရာယ္ရွိေနေၾကာင္း ဓာတ္ပုံေတြနဲ႔ သက္ေသျပ..
ၿဗိတိန္မွာ ေလ့လာမႈ စစ္တမ္းေတြအရ ၿဗိတိန္လူမ်ိဳးထက္ဝက္ခန႔္ဟာ သန႔္စင္ခန္းအတြင္း အိမ္သာဖုံးကို ပိတ္ေလ့မရွိဘဲ ေရဆြဲခ်ေနတယ္လို႔ ေတြ႕ရွိခဲ့ရပါတယ္။ ဒီလိုျပဳမူေနတာဟာ ဘယ္ေလာက္ထိဆိုးဝါးသလဲဆိုတာကို ဓာတ္ပုံေတြကတဆင့္ ေဖာ္ျပခဲ့ၾကၿပီး အႏၲရာယ္ႀကီးမားတယ္ဆိုတာကို သတိျပဳစရာျဖစ္လာခဲ့ပါၿပီ။
အိမ္သုံးသန႔္ရွင္းေရးထုတ္ကုန္ေတြကို ေရာင္းခ်ေနတဲ့ နာမည္ေက်ာ္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Harpic က နည္းပညာပိုင္းေတာ္ေတာ္ေလးေကာင္းမြန္တဲ့ ကင္မရာကို အသုံးျပဳၿပီး အိမ္သာဖုံးမပိတ္ဘဲ ေရဆြဲခ်ေနမႈကို ႐ိုက္ကူးမႈျပဳလုပ္ခဲ့ပါတယ္။ ဒိလို႐ိုက္ကူးမႈမွာ အိမ္သာခြက္အတြင္းက ဘတ္တီးရီးယား နဲ႔ ဗိုင္းရပ္စ္ေတြဟာ ေျခာက္ေပအကြာထိကို ျပန္လည္လြင့္စင္ၿပီး ထြက္လာတယ္ဆိုတာကို ေတြ႕ရွိခဲ့ရပါတယ္။
ဓာတ္ပုံမွာျမင္ေတြ႕ရတာဆိုရင္ ေရာင္စုံမီးရႉးမီးပန္းေတြ ဖြာထြက္ေနတာကို ျပသေနတာနဲ႔ တူေနမွာျဖစ္ေပမယ့္ အမွန္တကယ္မွာေတာ့ ဒါဟာ အိမ္သာခြက္အတြင္းထဲမွာ ထည့္သြင္းထားတဲ့ ေလဖိအားဘူးအတြင္းက ျပန္လည္ထြက္လာခဲ့တဲ့ အရည္စက္ေတြသာျဖစ္ပါတယ္။
အိမ္သာအိုးအတြင္းရွိ ေရဟာ အႏၲရာယ္ေရာဂါပိုးေတြနဲ႔ ထိေတြ႕မိတဲ့အခါမွာ ညစ္ညမ္းမႈျဖစ္ေစႏိုင္သလို ထပ္မံၿပီးေတာ့လည္း ရွိေနႏိုင္တယ္ဆိုတာကို သတိျပဳရမွာပါ။
ဒီအတြက္ေၾကာင့္ တကယ္လို႔မ်ား အိမ္သာဖုံး၊ အိမ္သာခြက္တို႔ကို ကိုင္တြယ္မိၿပီးေနာက္ ႏွာေခါင္း၊ ပါးစပ္တို႔ကို ထိေတြ႕မိခဲ့မယ္ဆိုရင္ ေရာဂါပိုးအႏၲရာယ္ေတြ သက္ေရာက္ေစႏိုင္တယ္လို႔ Harpic က သတိေပးခဲ့ပါတယ္။ လူေပါင္းႏွစ္ေထာင္အထိကို စစ္တမ္းျပဳလုပ္ခဲ့ရာမွာ ဒီလိုအႏၲရာယ္ေတြရွိတယ္ဆိုတာကို မသိတာေၾကာင့္ အိမ္သာဖုံးကို မပိတ္ဘဲ ေရဆြဲခ်ေလ့ရွိတယ္လို႔ အမ်ားစုက ေျဖဆိုခဲ့ၾကပါတယ္။
အဖုံးမပိတ္ဘဲ ျပဳမူျခင္းဟာ အႏၲရာယ္မ်ားတယ္ဆိုတာကို သက္ေသျပႏိုင္ခဲ့ၿပီးေနာက္မွာ ၉၅ ရာခိုင္ႏႈန္းခန႔္က သူတို႔ရဲ႕ အျပဳအမူ နဲ႔ အေလ့အထကို ေျပာင္းလဲပစ္မယ္လို႔ ဆုံးျဖတ္ခဲ့ၾကေၾကာင္း ဆိုပါတယ္။
ေရဆြဲခ်ခ်ိန္မွာ အိမ္သာဖုံးကို ပိတ္ပစ္ဖို႔အတြက္ Harpic က ပညာေပးခဲ့ၿပီး ေရခ်ိဳးခန္းကို သန႔္ရွင္းေရးလုပ္ခ်ိန္မွာလည္း လက္အိတ္ေတြဝတ္ဆင္ထားဖို႔အတြက္လည္း တိုက္တြန္းခဲ့ပါတယ္။
Harpic ရဲ႕ အခုလိုမ်ိဳးထုတ္ေဖာ္ျပသၿပီး အသိပညာေပးခဲ့မႈဟာ က်န္းမာေရးအတြက္ ေတာ္ေတာ္ေလးကို ေကာင္းမြန္ထိေရာက္တယ္လို႔လည္း ေထာက္ခံခဲ့ၾကပါတယ္။
အိမ္သာအသုံးျပဳၿပီးတိုင္း ေရဆြဲခ်ရာမွာ အဖုံးပိတ္ဖို႔အတြက္လည္း ကမ္ပိန္းျပဳလုပ္ဖို႔အတြက္ေတာင္မွ စီစဥ္ေနတယ္လို႔ သိရၿပီး အမ်ိဳးသားက်န္းမာေရးအတြက္ ႀကီးမားတဲ့ အက်ိဳးေက်းဇူးေတြရရွိမယ္လို႔လည္း ေမွ်ာ္လင့္ေနၾကပါတယ္။