ၾကားသိရသမွ်

မျောက်ပြ၍ ဆန်တောင်းခြင်း

မျောက်ပြ၍ ဆန်တောင်းခြင်း

ယနေ့နံနက်ရန်ကုန်တစ်မြို့လုံး မိုးများပြီးရေကြီးရေလျှံဖြစ်နေသည်ကို အွန်လိုင်းစာမျက်နှာပေါ်မှာလူတိုင်းတွေ့မြင်နေကြမည်ထင်၏

တချို့မြို့နယ် ရပ်ကွက်များတွင်ခါးလောက်ထိရေကြီးနေ၏မိမိတို့ကျောင်းဝန်းထဲမှာပင် ဒူးလောက်ထိရေများနေ၏

ဒီလောက်ဒုက္ခရောက်နေသော်လည်းတချို့ဘုန်းကြီးကျောင်း သီလရှင်ကျောင်းများ၌တိုင်းရင်းသားကလေးငယ်များကိုမွေး၍

ကိုယ်ကျိုးအတွက်စီးပွားရှာနေသည်မှာ မသင့်တော်ပေ

နေ့တိုင်းအရပ်တကာနှံ့အောင် ဆွမ်းဆန်အလှူခံခိုင်းနေသည်လားမသိပေမိမိတို့ကျောင်းထဲကနေဖြတ်သွားဖြတ်လာသွားနေသည်မှာ နေ့တိုင်းပင်ဒီ​​လောက်​ရေစီးအားသန်တဲ့ မိုးရေထဲမှာ အလှူခံထွက်နေသောဆရာလေးကို မြင်ပြီးစိတ်မကောင်းဖြစ်မိ၍

ဆရာလေးကို ချော့ခေါ်ပြီးဆရာလေးရေ ရေကြီးနေတဲ့ဒီအချိန်ကြီးမှာဘယ်သူကမှ လောင်းမှာမဟုတ်လောက်ဘူးဘယ်မှအလှူခံမသွားနဲ့တော့ဟု ချော့မော့ပြောပြီး

ကျောင်းမှသံဃာများက ဆရာ​လေးနှစ်ပါးအတွက်ဆွမ်းဆန်များနှင့် ဆရာလေးတစ်ပါးလျှင်၄၅၀၀ကျပ်ဆီ ခွဲ၍လှူလိုက်ကြသည်`ပအိုဝ်း´တိုင်းရင်းသူဆရာလေးမှာ ဗမာစကားလည်းကောင်းကောင်းမပြောတက်ရှာ

အလှူခံလို့ရတဲ့ပိုက်ဆံတွေ ကျောင်းရောက်ရင်အပ်ရတာလားလို့ မေးကြည့်တော့ရသမျှဟာအကုန်လုံးအပ်ရတာလို့ ပြောပြတော့ရင်ထဲမှာ ပိုလို့စိတ်မကောင်းဖြစ်မိပါရဲ့

အစကတော့ ဖုန်းဆက်ပြီး မေးကြည့်ဖို့တွေးမိပေမယ့်မဆက်တော့ပါဘူးလေလို့ ဆုံးဖြတ်ပြီးမဆက်ဖြစ်ခဲ့ဘူးသူ့ရဲ့လည်ပင်းက လည်ဆွဲကဒ်လေးမှာလိပ်စာနဲ့ ဖုန်းနံပတ်လေးပါတယ်

လူအချင်းချင်း လှည်ပတ်ခြင်း ကင်းရှင်းကြပါစေ

Credit-ဘဝအဘိဓာန်

uicode











