ဒေါက်တာဇင်လင်းရဲ့ ဇနီးကို အကြမ်းဖက်စစ်ကောင်စီကဒီနေ့ ဖမ်းဆီးသွားပြီလို့ သိရပါတယ်…
သူမမှာ လသားအရွယ် သားငယ်လေးရှိတော့ခလေးငယ်လေးနဲ့ အချုပ်ခန်းထဲမှာ ဒုက္ခအရမ်းရောက်နေပြီပေါ့…..
ကိုယ်ချင်းစာပါတယ်ဗျာ….
အိမ်ထောင်ဦးစီးကိုလည်း ရက်ရက်စက်စက်ပစ်သတ်လိုက်တယ် ကျန်ရစ်တဲ့ လူမမယ်ခလေးငယ်လေးနဲ့ ဘာမှမလုပ်နိုင်တဲ့ သားအမိလေးကိုလည်းဖမ်းဆီးပြန်တယ်…..
မင်းတို့ရဲ့ ယုတ်မာမိုက်ရိုင်းမှုက ကမ်းကုန်သွားပြီ။
မင်းတို့ ဒီလိုများများလုပ်လေ မင်းတို့ ကျဆုံးဖို့ပိုနီးလာလေဘဲ…..
အကြမ်းဖက်စစ်ကောင်စီဟာ ဆောက်တည်ရာမရ
ဖြစ်ပြီး မဲမဲမြင်ရာလိုက်ရမ်းကားနေပါပြီ….
ဘာကြောင့်ဒီကောင်တွေ ခုလိုသွေးရူးသွေးတမ်း
ဖြစ်နေလဲ ဆိုတော့ ကျဆုံးဖို့သေချာနေလို့ပါ။
ရဲမင်း(AAC)—
Unicode