ၾကားသိရသမွ်

မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ ဘောမ ဂီတည (ရုပ်သံ)

မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ ဘောမ ဂီတည

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

💔ဂီတချိုးဖဲ့ဖျက်ဆီးသူများ။

တော်ရုံလောက်နဲ့တော့မပြောချင်ပါဘူး။

ခုဟာကတော့ ပရိသတ်ကိုမထီမဲ့မြင်လုပ်တာ

လွန်လွန်းအားကြီးတယ်ထင်လို့။

MRTV ဆိုတာနိုင်ငံတော်အဆင့် ရုပ်/သံ။

ဒီလို channel ကထုတ်လွှင့်ပြသမယ့် ဂီတဆိုတာဟာ (စံ) ဖြစ်နေသင့်တယ်။

စံ မဖြစ်ရင်တောင် အမှားအယွင်းကင်းပြီး

အသင့် အတင့်အရည်အသွေးတော့ရှိသင့်တယ်။

😀ခုဟာကြီးကတော့ ပြီးပြီးရော မှတကယ့်

ပြီးပြီးရော လုပ်ထားတာ။

သီချင်းဆိုတတ်တဲ့သူက တစ်ယောက်ပဲပါတယ်။

(သူသည်လည်း အကယ်ဒမီရုပ်ရှင် မင်းသားကြီးမို့သာ၊

နင်လားငါလားကောင်းတဲ့ထဲ ပါတာတော့မဟုတ်ဘူး)။

ကျန်တာတွေကတော့ အားမနာတမ်း

ပြောရမယ်ဆိုရင် ဂီတနဲ့လားလားမှမသက်ဆိုင်

လုံးဝမဆိုတတ်တဲ့ဟာတွေကိုထည့်ထားတာ။

💔အသံတစ်ခုရဲ့ကာလာတို့၊ ပါဝါတို့ မရှိချင်

နေပါစေဦး။ သီချင်းဘယ်လိုဆိုရမယ်ဆိုတဲ့

သညာသိလေး အခြေခံလေးတော့ရှိပြီး Note

တည့်ရုံလေးတော့ဆိုတတ်တဲ့သူတွေကိုသာ

ခေါ်သုံးသင့်ပါတယ်။

လမ်းဘေးမှာ ဝါးဆစ်ဘူး ၂ လုံးကိုမြေမှာ

ဘယ်ညာထုပြီး သီချင်းတွေဆို၊တောင်းရမ်း

စားသောက်ရတဲ့သူတွေတောင် သူတို့ထက်

တော့ ဆိုတာကောင်းသေးတယ်။

အသံ Tone/ Colour လုံးဝမရှိဘူး။

အသံနိမ့်မြင့် Note လုံးဝမသိဘူး။

🤣ဝါးဆစ်ဘူး လမ်းဘေးဂီတလောက်တောင်မှ

နားဝင်ပီယံမရှိတဲ့ဟာတွေကို တခုတ်တရ

ရိုက်ပြတာကတော့ MRTV ဟာဆိုးလွန်းတယ်။

ကြိုသွင်းထားတာကြီးကို playback ဖွင့်ပြီး

ရိုက်ကူးပြီးမှ ပြန်လွှင့်တာကို Live လို့လိမ်တာ

ကိုတော့ နားလည်ပေးပါတယ်။

ဒီခေတ်ကာလကြီးမှာ ရတဲ့လူပဲခေါ်ပြီး

သီချင်းဖြစ်ရင်ပြီးရောလို့ လုပ်ထားရတာမို့

အဆိုသံက Auto tune လုပ်ထားတာကြီး

ပေါ်ပေါ်ထင်ထင်ဖြစ်နေတာကိုလည်းခွင့်လွှတ်

ပေးလို့ရပါတယ်။

စန္ဒရားလှထွတ် လက်ရာ (အဖော်မွန်) ရဲ့

၃:၁၅ မိနစ် နေရာမှာ သီချင်းဆိုတဲ့ ခပ်ဝဝ

မိန်းမက အဆိုသံထွက်ပြီးမှ မိုက်ကိုင်တဲ့လက်

ကမန်းကတမ်းပြန်တင်ရတာကို လူတွေက

Commentရေးပြီးဆဲကြတာတပျော်တပါးကြီး။

🤣🤣🤣

MRTV က အရှက်မရှိတင်ထားတဲ့ အဲဒီ

သီချင်း clip တွေရဲ့အောက်က (ကောင်းတာ

တစ်ခုကလေးမျှမပါသော) comment များ

ထဲမှာ ဘယ်တော့မှမမေ့နိုင်အောင်မှတ်မိ

သွားစေတဲ့ ပြောင်မြောက်လှတဲ့ comment

တစ်ခုကတော့…

” သံပုံးကို‌ခွေးသေးပန်းတာကမှ နားထောင်လို့

ကောင်းသေးတယ် ” တဲ့ ။

🟥သီဆိုတဲ့သူတွေကိုတော့ ဘယ်သူ ဘာ

ပြောပြော ဆိုရရင်ပြီးရော ဆိုတဲ့စိတ်နဲ့ လာဆို

ကြမှန်းသိလို့ အထူးအထွေမဝေဖန်လိုပါဘူး။

အဓိကပြောချင်တာက ဌာနကစီစဉ်သူ။

❓ဘာလို့ဒီလိုကြီးလုပ်ပေးတာလဲ။

ဝန်ထမ်းမို့၊အထက်လူကြီးက စီစဉ်ခိုင်းလို့

လုပ်ပေးရတာဆိုရင်လည်း ဆိုတတ်တဲ့သူတွေ

ရွေးခေါ်ပေးလိုက်လေ။

အရင်မြန်မာ့အသံကအဆိုတော်လေးတွေ

CDM လုပ်ကုန်ကြပေမယ့် လက်ကျန်လည်းရှိပါ

သေးတယ်။ ဥပမာ ရဲရင့်ဝေလွင်။ သူဟာ

အသံသိပ်ကောင်းတဲ့အဆိုတော်ပဲ။သူ့ကို

၃ ပုဒ်လောက်ဆိုခိုင်း။

အပြင်ကခေါ်ရမယ့် ပြင်ပတေးသံရှင်

၅ ယောက်လောက်ရှာလိုက်။

နာမည်ကြီးတွေကိုမမက်နဲ့။ အခုချိန်မှာသူတို့

ကို ရွှေပေးခေါ်ရင်တောင်မလာဘူး။ နာမည်

မကြီးပေမယ့် TV ထဲပါချင်သူအဆိုတော်

အသေးအနုတ် မထင်မရှားထဲကရှာ။

အဲဒီထဲက နာမည်ကြီးကြီး၊မကြီးကြီး

တကယ်ဆိုတတ်တဲ့၊ သီချင်းတွေကို ဖျက်ဆီး

မပစ်မယ့်သူကိုဆိုခိုင်း။

အခု (ဂီတဖျက်ဆီးရေးမယ်) မိန်းမဝဝကြီး

တွေကို စိတ်အာသာပြေသွားအောင် ဝင်ကခိုင်း။

ဒါဆိုရင် နာမည်ရှိသူပါစေချင်တဲ့ အထက်က

လူကြီးဆန္ဒလည်းပြည့်ရော။

သီချင်းလည်းမဆိုတတ်ဘူး။ အထီး ဖြစ်

နေလို့ ဝင်ကဖို့လည်း အဆင်မပြေဘူးဆိုရင်

တော့လည်း ဂစ်တာလွယ်ပြီး အတီးသမား

နေရာကဝင်ရိုက်ပစေပေါ့ဗျာ။

ဂစ်တာတီးတတ်စရာမလိုပါဘူး။

စကတည်းက အသံသွင်းပြီးသားသီချင်းကို

Playback ဖွင့်ပြီးလိမ်ရိုက်ထားတာပဲဥစ္စာ။

🤣ကဲ…

ပရိသတ်ရဲ့ မှတ်ချက်ကတော့ ” သံပုံးကို

‌ခှေးသေးပန်းတဲ့အသံကမှ ပိုနားထောင်ကောင်းဦးမယ် “တဲ့နော် 🤣

🟥ခဏနေ ရေမချိုးခင် သံပုံးကို သေးနဲ့ပန်း

ကြည့်ဦးမှပါ။🤣

🤔(တခု စဉ်းစားမိတယ်။ ဒါကြီးစီစဉ်ပေးတဲ့

သူက တမင်သက်သက် ရွဲပလဲတွေချည်း

သွတ်သွင်းပြီး ပါးပါးလေးကပ်ထည့်လိုက်

တာများလား ပဲ?။ 🍉ဆန်လိုက်တာ😂)

Aung Naing San

မမြူးကြွ မလှပ စောက်သံဆိုးတွေနဲ့ ဘောမ ဂီတည