လင်းယုန်ငှက်တွေဟာ အသက်(၄၀)မှာ ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး အသက်(၇၀)ထိ နေနိုင်တယ်
လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်ရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက်ရဝထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။
ဒါပေမယ့် သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့ အသက်၄ဝမှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချကြရတယ်။
သူ့အသက်၄ဝရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့ အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။
နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ကောက်ပြီး ရှည်လာပြီး အတောင်တွေကလည်း အရမ်းလေးလာပါတယ်။
အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက် ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။ သူ့မှာရွေးချယ်စရာ နှစ်လမ်းပဲရှိပါတယ်။
ဒီအတိုင်းနေပြီး ဘာမှမလုပ်ပဲ အသေခံမလား နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကိုဖြတ်သန်းပြီး အသက်ဆက်ရှင်မလား မစွန့်စားပဲ သေရတာထက်စာရင် စွန့်စားပြီး သေရတာက ပိုမြတ်ပါလိမ့်မယ်။
ဒါ့ကြောင့် အလွန်မြင့်တဲ့တောင်တစ်ခုဆီကို တက်သွားပြီး အသိုက်တစ်ခု တည်ဆောက်လိုက်ပါတယ်။ ပြီးတော့ ထပ်မပျံသန်းပဲ အဲ့ဒီမှာပဲနားနေပါတယ်၊ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ကျော်ဖြတ်ဖို့ အစကနေအဆုံးထိ ရက်ပေါင်း၁၅၀(သို့) နှစ်ဝက်နီးပါးကြားပါတယ်။
ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နှုတ်သီးကို ကျောက်ဆောင်နဲ့ရိုက်ပြီး ဖြုတ်ပြစ်ရပါတယ်။ ပြီးတော့ နှုတ်သီးအသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ်၊ နှုတ်သီးအသစ်ထွက်လာတော့ အဲ့ဒီနှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခု ဆွဲနှုတ်ပြစ်ရပါတယ်။
ခြေသည်းအသစ်တွေ ထွက်လာမှ သူ့ရဲ့အတောင်တွေကို တစ်ခုပြီးတစ်ခု နှုတ်ပြစ်ရပြန်ပါတယ်၊ အတောင်ပံအသစ်တွေ ထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ ရက်ပေါင်းက(၁၅၀)ပါပဲ။
အဲ့ဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း၃ဝမျှ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက်(၇၀)ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တော့ (Change)ဆိုတဲ့ ပြောင်းလဲမှုကို ပြောချင်တာပါ။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်တွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချကြရပါတယ်။ ဘဝကိုအောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့၊ ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ၊ ထုံးစံတွေကို လွှင့်ပြစ်ပါလိမ့်မယ်။
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို၊ လက်ခံချင်စိတ် ရှိလာတာနဲ့အမျှ အတွေးအခေါ်ဟောင်းတွေကို စွန့်ပြစ်ရလိမ့်မယ်။ ကိုယ့်ရဲ့အစွမ်းအစတွေ ဖော်ထုတ်နိုင်ပြီး လှပတဲ့ အနာဂတ်သစ်တွေကို တည်ဆောက်နိုင်ရပါမယ်။
တရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို နှုတ်ပယ်နိုင်သေးရင်၊ အသိဉာဏ်ရှိတဲ့ လူသားတွေကရော ကိုယ့်ကိုယ်ကို(Change)မလုပ်နိုင်ကြဘူးလား။ လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ ကျွန်တော်တို့က နာကျင်စရာမရှိပဲ၊ အတွေးခေါ်အဟောင်း အမူအကျင့်အဟောင်း မကောင်းတဲ့စရိုက်တွေကို မစွန့်လွှတ်နိုင်ကြဘူးလား၊ မပြောင်းလဲနိုင်ကြဘူးလား၊ ဒီအတိုင်းပဲ ဆက်သွားမလား စဉ်းစားစေချင်ပါတယ်။
မောင်စိန်ဝင်း (ပုတီးကုန်း) စာပေဟောပြောပွဲမှ ကောက်နှုတ်ဖော်ပြချက်