အသိပညာ

မိန်းမပျိုလေးနှင့် ယုတ်မာသောမြွေ (သင့်ဘဝအတွက် အချိန် ၁ မိနစ်ပေးဖတ်ပါ)

တစ်ခါတုန်းက ကောင်မလေးတစ်ယောက် သူ့အဘွားအိမ်သွားဖို့ဆိုပြီး လယ်ကန်သင်းရိုးလမ်းအတိုင်း လျှောက်လာနေတုန်း ရှောကနဲအသံကြားတော့ ငုံ့ကြည့်လိုက်တယ် ခြေထောက်နားမှာ မြွေတစ်ကောင်။မြွေကခလောက်ဆွဲမြွေ အမျိုးအစား အဲ့ဒီအချိန်မှာ ကောင်မလေးက ဘာမှမလုပ်ရသေးခင် မြွေကကောင်မလေးကိုပြောပါတယ်။

သူသေရတော့မယ်ထင်တယ်တဲ့ သူအရမ်းလည်းချမ်းနေတယ်တဲ့ ဒီနေရာမှာ အရမ်းအေးတာပဲတဲ့ အခုထိဘာမှလည်း မစားရသေးဘူးတဲ့ ဖြစ်နိုင်ရင်သူ့ကို ကောင်မလေးရဲ့အင်္ကျီထဲထည့်ပြီး ကောင်မလေးနဲ့အတူ ခေါ်သွားပါလားတဲ့လုပ်ရော။ကောင်မလေးက ပြန်ပြောတယ်မဖြစ်ဘူးမဖြစ်ဘူး နင်ဘာမြွေလဲဆိုတာငါသိတယ် နင်ကခလောက်ဆွဲမြွေ ငါနင့်ကိုခေါ်သွားရင် နင်ငါ့ကိုကိုက်မှာ နင်ကအဆိပ်ပြင်းတယ်။

မြွေကကောင်မလေးပြောတာကို လက်မခံဘူး မကိုက်ဘူးမကိုက်ဘူးစိတ်ချ နင်သာငါ့ကိုကူညီရင် ငါဟာနင့်သူငယ်ချင်းကောင်းပဲ နင့်ကိုငါကောင်းကောင်းမွန်မွန် တကယ်ဆက်ဆံမှာ။မြွေကဒီလိုပြောလာတော့ ကောင်မလေးတွေသွားတယ် ပြီးတော့ မြွေကိုကြည့်တယ် မြွေကလှလိုက်တာ သူ့အကွက်လေးတွေက ပန်းချီကားတစ်ချပ်လိုပဲ ငါမြင်ဖူးသမျှမြွေတွေထဲမှာ သူအလှဆုံးပဲ။

ကောင်မလေး ချက်ချင်းပဲဆုံးဖြတ်လိုက်တယ်။ ကောင်းပြီနင့်ကို ငါယုံတယ် နင့်ကိုငါကယ်မယ် ဘယ်လိုသက်ရှိသတ္တဝါမဆို ကြင်နာမှုနဲ့ထိုက်တန်တယ်ဆိုတာ ငါလက်ခံယုံကြည်ထားတယ်။ပြောပြောဆိုဆိုနဲ့ ကောင်မလေးက မြွေကိုညင်ညင်သာသာနဲ့ ယူပြီး အင်္ကျီအောက်ထဲထည့်လို့ သူ့အဘွားအိမ်ကို ဆက်ထွက်လာခဲ့တယ်။

လျှောက်လာရင်းလျှောက်လာရင်းနဲ့ ကောင်မလေး ပြင်းထန်တဲ့ နာကျင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ မြွေကသူ့ကို ကိုက်လိုက်ပါပြီ။ကောင်မလေးငိုတယ် နောင်တရတယ်နင် ငါ့ကိုဘယ်လိုလုပ်လိုက်တာလဲဟင် နင်ပြောတော့ငါ့ကိုမကိုက်ဘူးဆို ငါနင့်ကိုယုံခဲ့တယ်လေ။

မြွေကတစ်ခွန်းပဲပြန်ပြောပါတယ်နင် ငါ့ကိုခေါ်သွားဖို့ ဆုံးဖြတ်ကတည်းက ငါဘယ်လိုအမျိုးအစားလဲဆိုတာ နင်သိပြီးသားပဲမတတ်နိုင်ဘူးလေ နင့်ထိုက်နဲ့နင့်ကံပေါ့ ဒီလိုပြောပြီး အမြီးလေးကို ခလောက်လို့တွန့်တွန့်တွန့်တွန့်နဲ့ ထွက်သွားပါတော့တယ်။ပုံပြင်လေးကတော့ ဒီမှာဘဲပြီးဆုံးပါပြီ ပုံပြင်ထဲကမြွေလို ကျက်သရေတုံးတဲ့လူသားတွေကို ကျွန်ပ်တို့ အတော်များများကို ပတ်ဝန်းကျင်မှာ ကြုံဖူးကြမယ်ထင်ပါတယ်။

တချို့လူတွေက သွားသနားလို့မရပါဘူး တချို့လူတွေက လျှာနှစ်ခွနဲ့ ခုနကမြွေလိုပါပဲ တချို့လူတွေကတော့ ခွေးမြီးကောက် ကျည်တောက်စွပ်တွေပါ တချို့လူတွေက ခုတစ်မျိုးတော်ကြာတစ်မျိုးပါပဲ တချို့လူတွေက အယုံသွင်းပြီးမှ ယုတ်မာတတ်ပါသေးတယ်။ တချို့လူတွေက မူယာမာယာသိပ်များပါတယ်
တချို့လူတွေက ကူလီကူမာသိပ်ကျွမ်းပါတယ်။

ဒီတော့လူတိုင်းက သနားကမားရုပ်နဲ့ မျက်ရည်ခံထိုးတိုင်း သနားစရာမကောင်းဘူးဆိုတာကိုလည်း ခေါင်းထဲထည့်ထားရပါမယ်။အပေါ်ယံရွှေမှုံကြဲထားတဲ့ မျက်နှာစာတွေနဲ့လည်း သူတို့ရဲ့အတွင်းစိတ်သနတာန်တွေကို ခဏတာအားဖြင့် ပြည်ဖုံးကားချထားလို့ ရတယ်ဆိုတာကိုလည်း စွဲမှတ်ထားရပါမယ်။

တချို့(တချို့)သောသူတွေဟာ ဘယ်လိုသနားကြင်နာမှုမျိုး စေတနာထားမှုမျိုး ယုံကြည်မှုမျိုး ကိုးစားမှုမျိုးနဲ့မှမထိုက်တန်ဘူးဆိုတာကိုလည်း နားလည်ထားဖို့လိုအပ်ပါတယ်။

crd

zawgyi

တစ္ခါတုန္းက ေကာင္မေလးတစ္ေယာက္ သူ႔အဘြားအိမ္သြားဖို႔ဆိုၿပီး လယ္ကန္သင္း႐ိုးလမ္းအတိုင္း ေလွ်ာက္လာေနတုန္း ေရွာကနဲအသံၾကားေတာ့ ငုံ႔ၾကည့္လိုက္တယ္ ေျခေထာက္နားမွာ ေႁမြတစ္ေကာင္။ေႁမြကခေလာက္ဆြဲေႁမြ အမ်ိဳးအစား အဲ့ဒီအခ်ိန္မွာ ေကာင္မေလးက ဘာမွမလုပ္ရေသးခင္ ေႁမြကေကာင္မေလးကိုေျပာပါတယ္။

သူေသရေတာ့မယ္ထင္တယ္တဲ့ သူအရမ္းလည္းခ်မ္းေနတယ္တဲ့ ဒီေနရာမွာ အရမ္းေအးတာပဲတဲ့ အခုထိဘာမွလည္း မစားရေသးဘူးတဲ့ ျဖစ္ႏိုင္ရင္သူ႔ကို ေကာင္မေလးရဲ႕အက်ႌထဲထည့္ၿပီး ေကာင္မေလးနဲ႔အတူ ေခၚသြားပါလားတဲ့လုပ္ေရာ။ေကာင္မေလးက ျပန္ေျပာတယ္မျဖစ္ဘူးမျဖစ္ဘူး နင္ဘာေႁမြလဲဆိုတာငါသိတယ္ နင္ကခေလာက္ဆြဲေႁမြ ငါနင့္ကိုေခၚသြားရင္ နင္ငါ့ကိုကိုက္မွာ နင္ကအဆိပ္ျပင္းတယ္။

ေႁမြကေကာင္မေလးေျပာတာကို လက္မခံဘူး မကိုက္ဘူးမကိုက္ဘူးစိတ္ခ် နင္သာငါ့ကိုကူညီရင္ ငါဟာနင့္သူငယ္ခ်င္းေကာင္းပဲ နင့္ကိုငါေကာင္းေကာင္းမြန္မြန္ တကယ္ဆက္ဆံမွာ။ေႁမြကဒီလိုေျပာလာေတာ့ ေကာင္မေလးေတြသြားတယ္ ၿပီးေတာ့ ေႁမြကိုၾကည့္တယ္ ေႁမြကလွလိုက္တာ သူ႔အကြက္ေလးေတြက ပန္းခ်ီကားတစ္ခ်ပ္လိုပဲ ငါျမင္ဖူးသမွ်ေႁမြေတြထဲမွာ သူအလွဆုံးပဲ။

ေကာင္မေလး ခ်က္ခ်င္းပဲဆုံးျဖတ္လိုက္တယ္။ ေကာင္းၿပီနင့္ကို ငါယုံတယ္ နင့္ကိုငါကယ္မယ္ ဘယ္လိုသက္ရွိသတၱဝါမဆို ၾကင္နာမႈနဲ႔ထိုက္တန္တယ္ဆိုတာ ငါလက္ခံယုံၾကည္ထားတယ္။ေျပာေျပာဆိုဆိုနဲ႔ ေကာင္မေလးက ေႁမြကိုညင္ညင္သာသာနဲ႔ ယူၿပီး အက်ႌေအာက္ထဲထည့္လို႔ သူ႔အဘြားအိမ္ကို ဆက္ထြက္လာခဲ့တယ္။

ေလွ်ာက္လာရင္းေလွ်ာက္လာရင္းနဲ႔ ေကာင္မေလး ျပင္းထန္တဲ့ နာက်င္မႈတစ္ခုကို ခံစားလိုက္ရတယ္။ ေႁမြကသူ႔ကို ကိုက္လိုက္ပါၿပီ။ေကာင္မေလးငိုတယ္ ေနာင္တရတယ္နင္ ငါ့ကိုဘယ္လိုလုပ္လိုက္တာလဲဟင္ နင္ေျပာေတာ့ငါ့ကိုမကိုက္ဘူးဆို ငါနင့္ကိုယုံခဲ့တယ္ေလ။

ေႁမြကတစ္ခြန္းပဲျပန္ေျပာပါတယ္နင္ ငါ့ကိုေခၚသြားဖို႔ ဆုံးျဖတ္ကတည္းက ငါဘယ္လိုအမ်ိဳးအစားလဲဆိုတာ နင္သိၿပီးသားပဲမတတ္ႏိုင္ဘူးေလ နင့္ထိုက္နဲ႔နင့္ကံေပါ့ ဒီလိုေျပာၿပီး အၿမီးေလးကို ခေလာက္လို႔တြန္႔တြန္႔တြန္႔တြန္႔နဲ႔ ထြက္သြားပါေတာ့တယ္။ပုံျပင္ေလးကေတာ့ ဒီမွာဘဲၿပီးဆုံးပါၿပီ ပုံျပင္ထဲကေႁမြလို က်က္သေရတုံးတဲ့လူသားေတြကို ကြၽန္ပ္တို႔ အေတာ္မ်ားမ်ားကို ပတ္ဝန္းက်င္မွာ ႀကဳံဖူးၾကမယ္ထင္ပါတယ္။

တခ်ိဳ႕လူေတြက သြားသနားလို႔မရပါဘူး တခ်ိဳ႕လူေတြက လွ်ာႏွစ္ခြနဲ႔ ခုနကေႁမြလိုပါပဲ တခ်ိဳ႕လူေတြကေတာ့ ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ေတြပါ တခ်ိဳ႕လူေတြက ခုတစ္မ်ိဳးေတာ္ၾကာတစ္မ်ိဳးပါပဲ တခ်ိဳ႕လူေတြက အယုံသြင္းၿပီးမွ ယုတ္မာတတ္ပါေသးတယ္။ တခ်ိဳ႕လူေတြက မူယာမာယာသိပ္မ်ားပါတယ္
တခ်ိဳ႕လူေတြက ကူလီကူမာသိပ္ကြၽမ္းပါတယ္။

ဒီေတာ့လူတိုင္းက သနားကမား႐ုပ္နဲ႔ မ်က္ရည္ခံထိုးတိုင္း သနားစရာမေကာင္းဘူးဆိုတာကိုလည္း ေခါင္းထဲထည့္ထားရပါမယ္။အေပၚယံေ႐ႊမႈံႀကဲထားတဲ့ မ်က္ႏွာစာေတြနဲ႔လည္း သူတို႔ရဲ႕အတြင္းစိတ္သနတာန္ေတြကို ခဏတာအားျဖင့္ ျပည္ဖုံးကားခ်ထားလို႔ ရတယ္ဆိုတာကိုလည္း စြဲမွတ္ထားရပါမယ္။

တခ်ိဳ႕(တခ်ိဳ႕)ေသာသူေတြဟာ ဘယ္လိုသနားၾကင္နာမႈမ်ိဳး ေစတနာထားမႈမ်ိဳး ယုံၾကည္မႈမ်ိဳး ကိုးစားမႈမ်ိဳးနဲ႔မွမထိုက္တန္ဘူးဆိုတာကိုလည္း နားလည္ထားဖို႔လိုအပ္ပါတယ္။

crd