အသိပညာ

အားနာတဲ့စိတ်ဆိုတာ အမြဲတမ်းတော့ လူတိုင်းအပေါ် မထားသင့်တဲ့အရာပါ

အားနာလို့ဆိုတဲ့စကားတစ်ခွန်းနဲ့ ခဏခဏအသုံးချခံရပေါင်းလဲ မနည်းတော့ဘူး မှတ်သလားဆိုမမှတ်ဘူး အားနာတယ်ဆိုပြီး မေ့မေ့လျော့လျော့နဲ့ ထားခဲ့ပေါင်းများလှပြီ ခုထိ အမှတ်မရှိသေးဘူး။

ဘဝမှာ အဲ့ဒီလိုအားနာရင်းက အညာခံရပေါင်းလဲမရေတွက်နိူင်တော့ဘူး မဟုတ်လား? လူသားချင်းကိုယ်ချင်းစာနာတဲ့စိတ်ရှိသူတိုင်းမှာ ဒီလိုစိတ်တွေရှိတတ်ကြပါတယ် ဒါကိုအခွင့်ကောင်းယူပြီး လူတစ်ချို့က အသုံးချသွားတတ်တာပါ။

တစ်ကယ်တော့ လောကမှာ အများဆုံး အလိမ်ညာခံရတဲ့သူတွေက တုံးအသူနဲ့ရိုးအသူတွေချည်းမဟုတ်ပါဘူး နေရာတကာမှာ အားနာတဲ့စိတ်၊ကိုယ်ချင်းစာနာတဲ့စိတ်ရှိသူတွေအပေါ်အမြဲတမ်းအခွင့်ရေးယူသွားကြတာပါပဲ။

အားနာတဲ့စိတ်ဆိုတာ အမြဲတမ်းတော့ လူတိုင်းအပေါ် မထားသင့်တဲ့အရာပါ အဲ့ဒီစိတ်ကကိုယ့်ကိုယ် ပြန်ပြီးဒုက္ခပေးတတ်ပါတယ် အခြေအနေအချိန်အခါအပေါ် မူတည်ပြီး အားနာသင့်တာ အားနာပါ အားမနာသင့်တဲ့နေရာဆို ပြတ်ပြတ်သားသား သေချာငြင်းလိုက်ပါ ဒါမှ သူ့အတွက် ကိုယ့်အတွက် ကြားမှာဘာစိတ်မှမရှိပဲရှင်းရှင်းလင်းလင်းသိခွင့်ရမှာပါ။လေးစားစွာဖြင့်မေဆု-ရာမညမြေ


ဘဝမှာ အဲ့ဒီလိုအားနာရင်းက အညာခံရပေါင်းလဲမရေတွက်နိုင်တော့ဘူး မဟုတ်လား? လူသားချင်းကိုယ်ချင်းစာနာတဲ့စိတ်ရှိသူတိုင်းမှာ ဒီလိုစိတ်တွေရှိတတ်ကြပါတယ် ဒါကိုအခွင့်ကောင်းယူပြီး လူတစ်ချို့က အသုံးချသွားတတ်တာပါ။

