ၾကားသိရသမွ်

သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်)

သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်)

ကျွန်တော် တောကျောင်းကနေ မြို့ကျောင်း ကို ပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာ မဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင် တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။

ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက် ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ်လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်း ပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြတာ။ ကျွန်တော့် ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီ ဆိုပြီးနေတာ။

အတန်းထဲက ကလေးတွေ မဆိုး ပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အား နည်းနေတယ်လို့ သုံးသပ် တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်းတခါတရံ သူ့ကိုယ်ရေးကိုယ်တာ ရှိလေတော့ အကြောင်းပြ ပြီး ကျောင်းလာတစ်ချက်၊ မလာတစ်ချက်ဆိုတော့ ကလေးတွေ ပညာငတ်နေကြတာပေါ့။

ကျွန်တော် အတန်းပိုင်ဖြစ်တော့ ကလေးတွေတစ်ဦးချင်းကို လေ့လာရတယ်။ အားလုံးအနေအထား ကောင်းတယ်။ တန်းလုံးကျွတ်အောင်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကျွန်တော်ကလည်း တာဝန်ယူခဲ့တဲ့ ကျောင်းတိုင်းမှာ တန်းလုံးကျွတ် အောင်တာကိုမှ ဂုဏ်ယူတတ်တာဆိုတော့ မောင်းရတော့တာပေါ့။

အတန်းထဲမှာ ဖြူမဆိုတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်။ ဖြူဖြူသေးသေးလေး။ စာအတော်လေး ညံ့တယ်။ လက်ရေး ညံ့တယ်။ သေသေချာချာ လေ့လာကြည့်တော့ ဖြူမက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူ့ကို အတန်း ထဲက အတန်းဖော်တွေ က သိပ်အရောမဝင်တော့ ဂျစ်တစ်တစ်၊ ညစ်တစ်တစ် လုပ်ချင်နေတာ။ ကျွန်တော်က သူ့ကို လက်ရေးက,စ ပြင်တော့ ကျွန်တော့်ကို နည်းနည်း အသိအမှတ်ပြုစ ဖြစ်လာတယ်။

တစ်နေ့တော့ ရွာထဲမှာ မဟာဒုတ်ပွဲဆိုပြီး အလှူတွေခံကြ၊ ပွဲတွေခံကြ၊ အကြီးအကျယ်လုပ်တယ်။ ကျွန်တော် ကလေးတွေ ရဲ့ လေ့ကျင့်ခန်း စာအုပ်တစ်ထပ်ကြီးနဲ့ အလုပ်ရှုပ်နေချိန်မှာ ဖြူမက မရဲတရဲ ကျွန်တော့်နားကပ် လာပြီး “ဆရာ … သမီးတို့ အိမ်က မဟာဒုတ် ဘုရားမဲပေါက်တယ်။ အဖေက ဆရာ့ကို အိမ်မှာ ထမင်းလာစားပါလို့ ဖိတ်ခိုင်းလိုက်လို့”

ကျွန်တော်ကလည်း သာမန်လောက်ပဲ ထင်ပြီး “အေး … အေး” လို့ပြောလိုက်တော့ သူက ထပ်ပြီး သေချာအောင် “တကယ် လာမှာလားဆရာ … အဖေ့ကို ပြန်ပြောလိုက်မယ်” ကျွန်တော်ကလည်း သာမန်လောက် သဘောထားပြီး ခေါင်းငြိမ့်ပြလိုက် တယ်။ညနေကျောင်းဆင်းတော့ ကလေးတွေအားလုံး မရှိချိန်မှာ ဆရာမ တစ်ယောက်က ကျွန်တော့် ဆီလာပြီး “ဆရာ ဖြူမတို့ အလှူကို ဆရာ တကယ်သွားမှာလား” လို့ လာမေးတယ်။

“သွားမှာပေါ့ ဆရာမရဲ့၊ ဘာဖြစ်လို့လဲ” “ဖြူမတို့က သုင်းထဲမှာ နေတာဆရာ။ သူ့အဖေက သုဘရာဇာ၊ ဆရာသွားလို့ ဖြစ်ပါ့မလား” ကျွန်တော် ဘာဖြစ်လို့ ဖြူမတစ်ယောက် သိမ်ငယ်စွာနဲ့ အတန်းထဲမှာ ဖြစ်နေတယ်ဆိုတာ သဘောပေါက်လိုက် တယ်။ ဘာဖြစ်ဖြစ် အဲဒီအလှူကို ကျွန်တော် သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့ ကျောင်းကို စောစောလာတော့ ဖြူမက ကျောင်းလှေခါး ကနေ လာစောင့် နေတယ်။ ကျွန်တော့် လွယ်အိတ်လေးကို လာပြေးယူပြီး “ဆရာ သမီးနဲ့ တစ်ခါတည်းလိုက်ခဲ့မှာလား” လို့ မေးလိုက်တယ်။ ကျွန်တော်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ နောက်ကလိုက်ခဲ့တယ်။သချိုင်းက ရွာပြင်မှာ။ ကျွန်တော် သချိုင်းထဲဝင်လိုက်ချိန်မှာ အုတ်ဂူကြားလေးတွေကနေ ခြောင်းကြည့်နေကြတဲ့ ကလေး အချို့ကိုလည်း တွေ့လိုက်ရတယ်။

သချိုင်းနဲ့ လှမ်းလှမ်းက ကုန်းလေးပေါ်မှာ ဝါးတဲလေးတစ်ခုရှိတယ်။ သပ်ရပ်ပြီး ပြောင်နေ တယ်။ အခင်းတွေက ဝါးခင်းတွေပဲ။ ကျွန်တော် အိမ်ပေါ်တက် ထိုင်လိုက်ချိန်မှာ ဖြူမရဲ့ အဖေက အခန်းထဲက ထွက်လာပြီး ဘာပြောရမှန်းမသိသလိုနဲ့ ယောင်နန ဖြစ်နေတယ်။

သူက……”မထင်ပါဘူး ဆရာကြီးရယ်၊ သမီးက ပြောလို့သာ၊ ဆရာကြီး တကယ်လာမယ်လို့ ကျွန်တော် လုံးဝ မထင် ထားပါ ဘူး” တဲ့။ တုန်တုန်ရီရီနဲ့ ပြောရှာတယ်။ ကျွန်တော်ကလည်း “ကိုကျော်မင်းရယ် ခင်ဗျားအိမ်ကို မဟာဒုတ်မဲပေါက်လို့ ဘုရားတောင် ကြွလာသေးတာပဲ။

ကျုပ်က ဘာလို့ မလာရမှာလဲ” လို့ ပြောလိုက်တယ်။ထမင်းဝိုင်း ပြင်ပြီးတော့ ကျွန်တော့ကို တပည့်ဖြူမက လာခေါ်တယ်။ အိမ်ဦးခန်းမှာ နေရာယူပြီး စားဖို့ပြင်တော့ ကျွန်တော် တစ်ယောက်တည်း။

ကျွန်တော်က……..”ကိုကျော်မင်း လာလေဗျာ။ ကျွန်တော်တစ်ယောက်တည်း။ ခင်ဗျားလည်း လာစား လေ” လို့ ပြောလိုက်တော့ ဖြူမအဖေက အတင်းငြင်းတယ်။ နောက်ဆုံး ကျွန်တော် က “ကိုကျော်မင်း … ခင်ဗျား မစားရင် ကျွန်တော်လည်း မစားဘူး” ဆိုမှ ဝင်ထိုင်တယ်။

ထမင်းဝိုင်းမှာ ကျွန်တော်ကြိုက်တဲ့ ငါးဘတ်ခေါင်း ကို ကြက်ပေါင်သီးနဲ့ ချက်ထားတာ တွေ့လိုက်ရတယ်။ ငပိရည် တို့စရာ တွေ ကလည်း စုံနေတာပဲ။ ကိုကျော်မင်းက ကျွန်တော့် ပန်းကန်ထဲကို ငါးဘတ်ခေါင်းကြီး တစ်ခေါင်းလုံး ခတ်ထည့်ပေး လိုက်တယ်။

ကျွန်တော်က တစ်ဝက်ဖဲ့ပြီး သူ့ပန်းကန်ထဲ ပြန်ထည့်ပေးလိုက်ရော ကိုကျော်မင်း ထမင်းဝိုင်းကနေ ထပြေးပြီး အိမ်ခန်းထဲ ဝင်သွားတော့တယ်။ အိမ်ခန်း ထဲမှာ ဟီး…ဟီး..ဆိုတဲ့ ငိုသံကြီး ကြားလိုက်ရတော့ ကျွန်တော်တောင် မျက်ရည် ဝဲတယ်။

တအောင့်နေတော့ ပြန်ထွက်လာပြီး “ဆရာကြီးရယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို သုဘရာဇာဆိုပြီး တစ်ရွာလုံးက အဖက်လုပ်ကြတာ မဟုတ်ဘူး” လို့ ပုဆိုးနဲ့ မျက်ရည်တွေသုတ်ပြီး ပြောတယ်။

ကျွန်တော် သူ့ကို တရားဟော မနေတော့ ဘူး။ ထမင်းကို ဆာဆာနဲ့ အားရပါးရ စားပြလိုက်တယ်။ သူတို့ မိသားစုလည်း ဝမ်းသာလွန်းလို့ ပီတိဖြစ်နေတာကို ကျွန်တော် မျက်ရည်မကျမိအောင် မနည်းထိန်းရင်းက စားနေရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။

အဲဒီနေ့က,စပြီး ဖြူမ အချိုးပြောင်းလာတယ်။ ခိုင်းရင်လုပ်တယ်။ အရမ်းကြိုး စားတယ်။ အဲဒီကလေးအတွက် စိတ်ပူနေရာက နောက်ဆုံး စတုတ္ထတန်းအောင်စာရင်းထွက်လာတော့ ကျွန်တော့်ကလေး ၂၄ ယောက်စလုံး အောင်တယ်။

ဒီရွာသမိုင်းမှာ တန်းလုံးကျွတ်အောင်တဲ့ ပထမဆုံးအောင်ပွဲပဲ။ကျွန်တော့်အောင်ပွဲက ဒီမှာတင် မရပ်ဘူး။ ကျောင်းအို ကျောင်းဟောင်းလေးကို ပြင်ဆောက်ဖို့ ရွာထဲလိုက် အလှူခံတော့ ဆေးလိပ်ခုံ တစ်ခုကို ရောက်သွားတယ်။ ဆေးလိပ်ခုံသူဌေးက ကျွန်တော့်ကို ကြည့်ပြီး “သချိုုင်းထဲ ထမင်းသွားစားတဲ့ ဆရာလား” လို့ မေးလိုက်တယ်။

သူကကျွန်တော့်ကို အိမ်ထဲ ခေါ်သွားပြီး “ဆရာ့စိတ်ဓာတ်ကို လေးစားတယ်ဗျာ။ ကျွန်တော်လည်း အဲဒီလိုဘဝက သူဌေး ဖြစ်လာတာ။ ကိုင်း အလှူ လိုက်ခံ မနေနဲ့။ ဆရာ့ကျောင်းကို ကျွန်တော်ပြန်ဆောက်ပေးမယ်။ ဒီနှစ်တန်းလုံးကျွတ် အောင်တယ် ဆိုကတည်းက ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်းစားနေတာ” လို့ ပြောလိုက်တယ်။

ကျွန်တော်ဒီကျောင်းနဲ့ ပတ်သက်ပြီး ဒုတိယတစ်ကြိမ် မျက်ရည်လည် ခဲ့ရတယ်။ ခုတော့ ကျွန်တော်မရှိတော့ပေမယ့် ကျောင်းလေးက တိုက်ကျောင်း၊ ကွန်ကရစ်လမ်းတွေနဲ့ စည်ကားနေပြီလို့ ကြားတယ်။ ဖြူမတစ်ယောက်လည်း ဘာတွေ ဖြစ်နေပြီလဲလို့ သိချင်လှတယ်။

Credit

Zawgyi

သခ်ႋဳင္းကုန္းထဲမွာ ထမင္းစားခဲ့တဲ့ ေက်ာင္းဆရာ (ျဖစ္ရပ္မွန္)

ကြၽန္ေတာ္ ေတာေက်ာင္းကေန ၿမိဳ႕ေက်ာင္း ကို ေျပာင္းလာေပမယ့္ ၿမိဳ႕ေပၚေက်ာင္းမွာ ေနရတာ မဟုတ္ဘူး။ ၿမိဳ႕နဲ႔ မနီးမေဝး မူလတန္းေက်ာင္းေလးကို ေရာက္လာတယ္။ ေလးတန္းအတန္းပိုင္ တာဝန္ယူရတယ္။ ေက်ာင္းက ယိုင္တိုင္တိုင္ စုတ္ခ်ာခ်ာ။ မိုး႐ြာ ေလတိုက္ရင္ မိုးလြတ္တဲ့ေနရာ ခိုေနၾကရတယ္။

ကြၽန္ေတာ့္ေလးတန္းမွာ ေက်ာင္းသား ၂၄ ေယာက္ ရွိတယ္။ အဲဒီေခတ္က အုပ္စုလိုက္စစ္ဆိုေတာ့ အစိုးရစစ္လိုပဲ။ တစ္ေက်ာင္းနဲ႔တစ္ေက်ာင္း ၿပိဳင္ေနၾကတာဆိုေတာ့ တန္းလုံးကြၽတ္ေအာင္တာကို ဂုဏ္ရွိတယ္ ထင္ေနၾကတာ။ ကြၽန္ေတာ့္ ေက်ာင္းအုပ္ႀကီးကေတာ့ တဝက္ေအာင္ရင္ေတာ္ၿပီ ဆိုၿပီးေနတာ။

အတန္းထဲက ကေလးေတြ မဆိုး ပါဘူး။ အရည္အခ်င္းေလးေတြေတာ့ အရွိသား။ ေလ့က်င့္အား နည္းေနတယ္လို႔ သုံးသပ္ တယ္။ အရင္က ေက်ာင္းအုပ္ဆရာႀကီးက တာဝန္ယူထားတာကိုး။ သူလည္းတခါတရံ သူ႔ကိုယ္ေရးကိုယ္တာ ရွိေလေတာ့ အေၾကာင္းျပ ၿပီး ေက်ာင္းလာတစ္ခ်က္၊ မလာတစ္ခ်က္ဆိုေတာ့ ကေလးေတြ ပညာငတ္ေနၾကတာေပါ့။

ကြၽန္ေတာ္ အတန္းပိုင္ျဖစ္ေတာ့ ကေလးေတြတစ္ဦးခ်င္းကို ေလ့လာရတယ္။ အားလုံးအေနအထား ေကာင္းတယ္။ တန္းလုံးကြၽတ္ေအာင္ႏိုင္တဲ့ အေနအထားမွာ ရွိတယ္။ ကြၽန္ေတာ္ကလည္း တာဝန္ယူခဲ့တဲ့ ေက်ာင္းတိုင္းမွာ တန္းလုံးကြၽတ္ ေအာင္တာကိုမွ ဂုဏ္ယူတတ္တာဆိုေတာ့ ေမာင္းရေတာ့တာေပါ့။

အတန္းထဲမွာ ျဖဴမဆိုတဲ့ ေကာင္မေလး တစ္ေယာက္ ရွိတယ္။ ျဖဴျဖဴေသးေသးေလး။ စာအေတာ္ေလး ညံ့တယ္။ လက္ေရး ညံ့တယ္။ ေသေသခ်ာခ်ာ ေလ့လာၾကည့္ေတာ့ ျဖဴမက ဉာဏ္ေကာင္းတယ္။ ဒါေပမဲ့ သူ႔ကို အတန္း ထဲက အတန္းေဖာ္ေတြ က သိပ္အေရာမဝင္ေတာ့ ဂ်စ္တစ္တစ္၊ ညစ္တစ္တစ္ လုပ္ခ်င္ေနတာ။ ကြၽန္ေတာ္က သူ႔ကို လက္ေရးက,စ ျပင္ေတာ့ ကြၽန္ေတာ့္ကို နည္းနည္း အသိအမွတ္ျပဳစ ျဖစ္လာတယ္။

တစ္ေန႔ေတာ့ ႐ြာထဲမွာ မဟာဒုတ္ပြဲဆိုၿပီး အလႉေတြခံၾက၊ ပြဲေတြခံၾက၊ အႀကီးအက်ယ္လုပ္တယ္။ ကြၽန္ေတာ္ ကေလးေတြ ရဲ႕ ေလ့က်င့္ခန္း စာအုပ္တစ္ထပ္ႀကီးနဲ႔ အလုပ္ရႈပ္ေနခ်ိန္မွာ ျဖဴမက မရဲတရဲ ကြၽန္ေတာ့္နားကပ္ လာၿပီး “ဆရာ … သမီးတို႔ အိမ္က မဟာဒုတ္ ဘုရားမဲေပါက္တယ္။ အေဖက ဆရာ့ကို အိမ္မွာ ထမင္းလာစားပါလို႔ ဖိတ္ခိုင္းလိုက္လို႔”

ကြၽန္ေတာ္ကလည္း သာမန္ေလာက္ပဲ ထင္ၿပီး “ေအး … ေအး” လို႔ေျပာလိုက္ေတာ့ သူက ထပ္ၿပီး ေသခ်ာေအာင္ “တကယ္ လာမွာလားဆရာ … အေဖ့ကို ျပန္ေျပာလိုက္မယ္” ကြၽန္ေတာ္ကလည္း သာမန္ေလာက္ သေဘာထားၿပီး ေခါင္းၿငိမ့္ျပလိုက္ တယ္။ညေနေက်ာင္းဆင္းေတာ့ ကေလးေတြအားလုံး မရွိခ်ိန္မွာ ဆရာမ တစ္ေယာက္က ကြၽန္ေတာ့္ ဆီလာၿပီး “ဆရာ ျဖဴမတို႔ အလႉကို ဆရာ တကယ္သြားမွာလား” လို႔ လာေမးတယ္။

“သြားမွာေပါ့ ဆရာမရဲ႕၊ ဘာျဖစ္လို႔လဲ” “ျဖဴမတို႔က သုင္းထဲမွာ ေနတာဆရာ။ သူ႔အေဖက သုဘရာဇာ၊ ဆရာသြားလို႔ ျဖစ္ပါ့မလား” ကြၽန္ေတာ္ ဘာျဖစ္လို႔ ျဖဴမတစ္ေယာက္ သိမ္ငယ္စြာနဲ႔ အတန္းထဲမွာ ျဖစ္ေနတယ္ဆိုတာ သေဘာေပါက္လိုက္ တယ္။ ဘာျဖစ္ျဖစ္ အဲဒီအလႉကို ကြၽန္ေတာ္ သြားျဖစ္ေအာင္သြားဖို႔ ဆုံးျဖတ္လိုက္တယ္။

ေနာက္တစ္ေန႔ ေက်ာင္းကို ေစာေစာလာေတာ့ ျဖဴမက ေက်ာင္းေလွခါး ကေန လာေစာင့္ ေနတယ္။ ကြၽန္ေတာ့္ လြယ္အိတ္ေလးကို လာေျပးယူၿပီး “ဆရာ သမီးနဲ႔ တစ္ခါတည္းလိုက္ခဲ့မွာလား” လို႔ ေမးလိုက္တယ္။ ကြၽန္ေတာ္လည္း ေခါင္းၿငိမ့္ျပလိုက္ၿပီး သူ႔ ေနာက္ကလိုက္ခဲ့တယ္။သခ်ိဳင္းက ႐ြာျပင္မွာ။ ကြၽန္ေတာ္ သခ်ိဳင္းထဲဝင္လိုက္ခ်ိန္မွာ အုတ္ဂူၾကားေလးေတြကေန ေျခာင္းၾကည့္ေနၾကတဲ့ ကေလး အခ်ိဳ႕ကိုလည္း ေတြ႕လိုက္ရတယ္။

သခ်ိဳင္းနဲ႔ လွမ္းလွမ္းက ကုန္းေလးေပၚမွာ ဝါးတဲေလးတစ္ခုရွိတယ္။ သပ္ရပ္ၿပီး ေျပာင္ေန တယ္။ အခင္းေတြက ဝါးခင္းေတြပဲ။ ကြၽန္ေတာ္ အိမ္ေပၚတက္ ထိုင္လိုက္ခ်ိန္မွာ ျဖဴမရဲ႕ အေဖက အခန္းထဲက ထြက္လာၿပီး ဘာေျပာရမွန္းမသိသလိုနဲ႔ ေယာင္နန ျဖစ္ေနတယ္။

သူက……”မထင္ပါဘူး ဆရာႀကီးရယ္၊ သမီးက ေျပာလို႔သာ၊ ဆရာႀကီး တကယ္လာမယ္လို႔ ကြၽန္ေတာ္ လုံးဝ မထင္ ထားပါ ဘူး” တဲ့။ တုန္တုန္ရီရီနဲ႔ ေျပာရွာတယ္။ ကြၽန္ေတာ္ကလည္း “ကိုေက်ာ္မင္းရယ္ ခင္ဗ်ားအိမ္ကို မဟာဒုတ္မဲေပါက္လို႔ ဘုရားေတာင္ ႂကြလာေသးတာပဲ။

က်ဳပ္က ဘာလို႔ မလာရမွာလဲ” လို႔ ေျပာလိုက္တယ္။ထမင္းဝိုင္း ျပင္ၿပီးေတာ့ ကြၽန္ေတာ့ကို တပည့္ျဖဴမက လာေခၚတယ္။ အိမ္ဦးခန္းမွာ ေနရာယူၿပီး စားဖို႔ျပင္ေတာ့ ကြၽန္ေတာ္ တစ္ေယာက္တည္း။

ကြၽန္ေတာ္က……..”ကိုေက်ာ္မင္း လာေလဗ်ာ။ ကြၽန္ေတာ္တစ္ေယာက္တည္း။ ခင္ဗ်ားလည္း လာစား ေလ” လို႔ ေျပာလိုက္ေတာ့ ျဖဴမအေဖက အတင္းျငင္းတယ္။ ေနာက္ဆုံး ကြၽန္ေတာ္ က “ကိုေက်ာ္မင္း … ခင္ဗ်ား မစားရင္ ကြၽန္ေတာ္လည္း မစားဘူး” ဆိုမွ ဝင္ထိုင္တယ္။

ထမင္းဝိုင္းမွာ ကြၽန္ေတာ္ႀကိဳက္တဲ့ ငါးဘတ္ေခါင္း ကို ၾကက္ေပါင္သီးနဲ႔ ခ်က္ထားတာ ေတြ႕လိုက္ရတယ္။ ငပိရည္ တို႔စရာ ေတြ ကလည္း စုံေနတာပဲ။ ကိုေက်ာ္မင္းက ကြၽန္ေတာ့္ ပန္းကန္ထဲကို ငါးဘတ္ေခါင္းႀကီး တစ္ေခါင္းလုံး ခတ္ထည့္ေပး လိုက္တယ္။

ကြၽန္ေတာ္က တစ္ဝက္ဖဲ့ၿပီး သူ႔ပန္းကန္ထဲ ျပန္ထည့္ေပးလိုက္ေရာ ကိုေက်ာ္မင္း ထမင္းဝိုင္းကေန ထေျပးၿပီး အိမ္ခန္းထဲ ဝင္သြားေတာ့တယ္။ အိမ္ခန္း ထဲမွာ ဟီး…ဟီး..ဆိုတဲ့ ငိုသံႀကီး ၾကားလိုက္ရေတာ့ ကြၽန္ေတာ္ေတာင္ မ်က္ရည္ ဝဲတယ္။

တေအာင့္ေနေတာ့ ျပန္ထြက္လာၿပီး “ဆရာႀကီးရယ္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္ကို သုဘရာဇာဆိုၿပီး တစ္႐ြာလုံးက အဖက္လုပ္ၾကတာ မဟုတ္ဘူး” လို႔ ပုဆိုးနဲ႔ မ်က္ရည္ေတြသုတ္ၿပီး ေျပာတယ္။

ကြၽန္ေတာ္ သူ႔ကို တရားေဟာ မေနေတာ့ ဘူး။ ထမင္းကို ဆာဆာနဲ႔ အားရပါးရ စားျပလိုက္တယ္။ သူတို႔ မိသားစုလည္း ဝမ္းသာလြန္းလို႔ ပီတိျဖစ္ေနတာကို ကြၽန္ေတာ္ မ်က္ရည္မက်မိေအာင္ မနည္းထိန္းရင္းက စားေနရတယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ပဲသိတယ္။

အဲဒီေန႔က,စၿပီး ျဖဴမ အခ်ိဳးေျပာင္းလာတယ္။ ခိုင္းရင္လုပ္တယ္။ အရမ္းႀကိဳး စားတယ္။ အဲဒီကေလးအတြက္ စိတ္ပူေနရာက ေနာက္ဆုံး စတုတၳတန္းေအာင္စာရင္းထြက္လာေတာ့ ကြၽန္ေတာ့္ကေလး ၂၄ ေယာက္စလုံး ေအာင္တယ္။

ဒီ႐ြာသမိုင္းမွာ တန္းလုံးကြၽတ္ေအာင္တဲ့ ပထမဆုံးေအာင္ပြဲပဲ။ကြၽန္ေတာ့္ေအာင္ပြဲက ဒီမွာတင္ မရပ္ဘူး။ ေက်ာင္းအို ေက်ာင္းေဟာင္းေလးကို ျပင္ေဆာက္ဖို႔ ႐ြာထဲလိုက္ အလႉခံေတာ့ ေဆးလိပ္ခုံ တစ္ခုကို ေရာက္သြားတယ္။ ေဆးလိပ္ခုံသူေဌးက ကြၽန္ေတာ့္ကို ၾကည့္ၿပီး “သခ်ိဳုင္းထဲ ထမင္းသြားစားတဲ့ ဆရာလား” လို႔ ေမးလိုက္တယ္။

သူကကြၽန္ေတာ့္ကို အိမ္ထဲ ေခၚသြားၿပီး “ဆရာ့စိတ္ဓာတ္ကို ေလးစားတယ္ဗ်ာ။ ကြၽန္ေတာ္လည္း အဲဒီလိုဘဝက သူေဌး ျဖစ္လာတာ။ ကိုင္း အလႉ လိုက္ခံ မေနနဲ႔။ ဆရာ့ေက်ာင္းကို ကြၽန္ေတာ္ျပန္ေဆာက္ေပးမယ္။ ဒီႏွစ္တန္းလုံးကြၽတ္ ေအာင္တယ္ ဆိုကတည္းက ဘာလုပ္ေပးရင္ ေကာင္းမလဲ စဥ္းစားေနတာ” လို႔ ေျပာလိုက္တယ္။

ကြၽန္ေတာ္ဒီေက်ာင္းနဲ႔ ပတ္သက္ၿပီး ဒုတိယတစ္ႀကိမ္ မ်က္ရည္လည္ ခဲ့ရတယ္။ ခုေတာ့ ကြၽန္ေတာ္မရွိေတာ့ေပမယ့္ ေက်ာင္းေလးက တိုက္ေက်ာင္း၊ ကြန္ကရစ္လမ္းေတြနဲ႔ စည္ကားေနၿပီလို႔ ၾကားတယ္။ ျဖဴမတစ္ေယာက္လည္း ဘာေတြ ျဖစ္ေနၿပီလဲလို႔ သိခ်င္လွတယ္။

Credit