ၾကားသိရသမွ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသနေရ

၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ စစ်ကောင်စီ၏ ညှဥ်းပန်းနှိပ်စက်မှုကြောင့် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံတွင် ၈၈ မျိုးဆက် ကျောင်းသာခေါင်းဆောင် ကိုဂျင်မီကို အောက်တိုဘာလ ၂၃ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်၏ ညှဥ်းပန်းနှိပ်စက်မှု ကြောင့် ဒဏ်ရာများရရှိခဲ့ပြီး ယနေ့တွင် စစ်ကောင်စီက မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း သိရသည်။

“ကိုဂျင်မီ မင်္ဂလာဒုံ စစ်ဆေးရုံတင်ထားရတယ်။ သတိမေ့နေတယ်။ အသက်အန္တရာယ် စိုးရိမ်နေရတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလအာဏာသိမ်းချိန်ကစတင်၍ လိုက်လံရှာဖွေပြီး ဖမ်းဆီးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။




