သာကေတ KBZ ဘဏ်ရှေ့တွင် ဗုံးပေါက်ကွဲ၊ စစ်ကောင်စီနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်မည်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် မြင်သော်တာလမ်းမကြီး နှင့် ဇင်္ဂမလမ်းမကြီးထောင့် သာကေတ ရုပ်ရှင်ရုံ မှတ်တိုင်တွင်ရှိသော KBZ Bankရှေ့တွင် ဗုံး ပေါက်ကွဲကြောင်း သိရှိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကို G-20 Urban Burma Phoenix Organization (G-20 UBPO)မှဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
————————-
ရန်ကုန်၊ စက်တင်ဘာ ၁၉