တခါက ရန်သူ့စစ်တပ်ဟာ တိုင်းပြည် တခုကို သိမ်းပိုက်ဖို့ နန်းမြို့ရိုးကို ဝန်းရံထားတယ်။ ဘုရင်ကြီးကလည်း ရန်သူ့ရဲ့ စစ်တပ်ဟာ သူ့စစ်တပ်ထက် အင်အား များပြားနေတဲ့ အတွက် ထွက်မတိုက်ဘဲနဲ့ နေခဲ့တယ် ။
အဲ့ဒီလိုနဲ့ အချိန်တွေ ကြာလာတော့ ဘုရင့်တပ်ဟာ အစာရေစာ ပြတ်လုနီးနီး ဖြစ်လာခဲ့တယ် ။ ဒါကြောင့် ဘုရင်ကြီးဟာ အရေးပေါ် အစည်းအဝေး တခုကို ခေါ်လိုက်တယ် ။ အစည်းအဝေးမှာ ဘုရင်ကြီးက..
” ဒီအတိုင်းသာ ဆိုရင် ငါတို့တိုင်းပြည်ဟာ မကြာခင် အချိန်မှာ အစာရေစာ ပြတ်ပြီး အငတ်ဘေးနဲ့ ကြုံရတော့မယ်.. ဒါကြောင့် ငါတို့ ရန်သူ့ရဲ့ စစ်တပ်ကို ထွက်တိုက်မှ ရတော့မယ် ”
ထိုအခါ စစ်သူကြီးက..
” ဒါကတော့ မဖြစ်သေးပါဘူး အရှင်.. ရန်သူ့စစ်တပ်ဟာ ကျန်ုပ်တို့စစ်တပ်ထက် အင်အား ကြီးလွန်း ပါတယ်.. ဒါကြောင့် ထွက်တိုက်ရင် သေချာပေါက် ရှုံးနိမ့်ပါလိမ့်မယ်.. ကံတရားက ကျနော်တို့ကို ရှုံးဖို့အတွက် ကြိုတင် သတ်မှတ်ပြီးသားပါ ”
ဘုရင်ကြီးက..
” ဒါဆို စစ်မတိုက် ရသေးဘဲနဲ့ ငါတို့ ရှုံးမယ်လို့ ကံတရားက သတ်မှတ်ထား တာလား ”
စစ်သူကြီးများ..
” ဟုတ်ပါတယ် အရှင်မင်းကြီး ”
ဒါနဲ့ ဘုရင်ကြီးက..
” ကောင်းပြီလေ.. မင်းတို့တွေ ကံတရားကို အဲဒီလောက် ယုံကြည်တယ် ဆိုရင် ငါတို့ ကံစမ်းကြည့် ကြတာပေါ့ ”
ဘုရင်ကြီးက ပြောပြောဆိုဆို သူ့အိတ်ထဲက အကြွေစေ့ တခု ထုတ်လိုက်ပြီး ပြောတယ် ။
” ယခု ငါ့လက်ထဲမှာ အကြွေစေ့တစ်စေ့ ရှိတယ်.. ငါမြောက်လိုက်လို့ ပြန်ကျလာတဲ့ အခါမှာ ခေါင်းကျရင် ဒီစစ်ပွဲမှာ ငါတို့နိုင်မယ်.. ဒါကြောင့် ထွက်တိုက်မယ်.. ပန်းကျရင်တော့ ငါတို့ရှုံးမယ်.. ဒါကြောင့် ထွက်မတိုက်တော့ဘူး လို့ ဆုံးဖြတ်မယ်.. ဘယ်လိုလဲ ” ဆိုတော့ စစ်သူကြီးများ အားလုံးက တညီတညာထဲ ထောက်ခံ ကြတယ် ။
အဲ့ဒါနဲ့ ဘုရင်ကြီးက အကြွေစေ့ကို လေထဲ မြောက်ပြီး ပြန်အကျမှာ ဖမ်းလိုက်တယ် ။ ပြီးတော့ လက်ကို ဖြေးဖြေးခြင်း ဖွင့်ကြည့်လိုက်တဲ့ အခါမှာ ခေါင်းဘက် ကျနေတာကို တွေ့ကြတယ် ။ ဒါကြောင့် စစ်သူကြီး အားလုံး အရမ်းကို ပျော်ရွှင်သွားတယ်။ နောက်ပီး ဒီစစ်ပွဲမှာ သူတို့ နိုင်မယ်လို့ ယုံကြည်သွားတယ် ။
ဘုရင်ကြီးနဲ့ စစ်သူကြီးတို့ဟာ ထွက်တိုက်ဖို့ အတွက် စီမံကိန်း ရေးဆွဲကြတယ်။ သူတို့က အင်အား နည်းတဲ့ အတွက် ယှဉ်တိုက်ဖို့ မလွယ်ဘူး ။ ဒါကြောင့် ညအိပ်ချိန်မှာ အလစ် တိုက်ဖို့ အစီအစဉ် ဆွဲလိုက်တယ်။ ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မယ် ဆိုတဲ့ အကြောင်းကို စစ်သူကြီးတွေ ကနေတဆင့် စစ်သည်တော်တွေအထိ ပြန့်နှံ့သွားတယ် ။
အဲ့ဒါကြောင့် စစ်သူကြီးတွေရော စစ်သည်တော်တွေရော အားလုံး စိတ်ဓာတ် တက်ကြွနေ ကြတယ် ။ သူတို့ နိုင်မယ် လို့လည်း ယုံကြည်မှု ပြင်းထန်နေ ကြတယ် ။ သူတို့ အစီအစဉ် ဆွဲထားတဲ့အတိုင်း ညအချိန်ကို ရောက်တဲ့အခါ ရန်သူ့တပ်ကို အလစ် ဝင်တိုက် ကြတယ် ။
ရန်သူတွေဟာ အလစ်အငိုက် တိုက်ခံလိုက်ရတဲ့ အတွက် ဖရိုဖရဲဖြစ်ပြီး နောက်ဆုံးမှာ နောက်ဆုတ် ထွက်ပြေးကြရ တော့တယ် ။ စစ်နိုင်သွားတဲ့ အတွက် ဘုရင်ကြီးနဲ့အတူ မှူးမတ်တွေ အားလုံး စားသောက်ပွဲ ကျင်းပ ကြတယ် ။ စားသောက်ပွဲမှာ ဘုရင်ကြီးက မေးတယ် ။
” ဒီစစ်ပွဲမှာ ငါတို့ ဘာကြောင့် နိုင်တာလဲ ”
စစ်သူကြီး
” ကံတရားကြောင့်ပါ အရှင်မင်းကြီး ”
ဘုရင်ကြီး
” ကံကြောင့်တော့ မဟုတ်ဘူးကွ.. မင်းတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့်ပဲ.. ကံကြောင့် မဟုတ်ဘူး.. မယုံရင် မင်းတို့ကို ငါ သက်သေပြမယ် ”
ဘုရင်ကြီးက ပြောပြော ဆိုဆိုနဲ့ အကြွေစေ့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ အကြွေစေ့ရဲ့ မျက်နှာ ၂ ဘက် လုံးဟာ ခေါင်းဖြစ်နေတာကို စစ်သူကြီးတွေ တွေ့သွားတယ် ။
” အလုပ်တခု အောင်မြင်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ လိုတယ်.. ကံဆိုတာ ရွှေဒင်္ဂါး ၁ ပြားဖြစ်ခဲ့ရင် ကြိုးစားမှုက ၉ဝ ကျပ်သား.. အခွင့်အရေး ၁ဝ ကျပ်သား သွန်းလောင်း ထားတယ် ”
ဆရာဗန်းမော်သိန်းဖေ
( အလုပ် တခုအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုသည် ၉၀% အောင်မြင်မှု ဖြစ်တယ် )
for zawgyi
ယုံၾကည္မႈရဲ႔ အင္အား
တခါက ရန္သူ႔စစ္တပ္ဟာ တိုင္းျပည္ တခုကို သိမ္းပိုက္ဖို႔ နန္းၿမိဳ႕႐ိုးကို ဝန္းရံထားတယ္။ ဘုရင္ႀကီးကလည္း ရန္သူ႔ရဲ႕ စစ္တပ္ဟာ သူ႔စစ္တပ္ထက္ အင္အား မ်ားျပားေနတဲ့ အတြက္ ထြက္မတိုက္ဘဲနဲ႔ ေနခဲ့တယ္ ။
အဲ့ဒီလိုနဲ႔ အခ်ိန္ေတြ ၾကာလာေတာ့ ဘုရင့္တပ္ဟာ အစာေရစာ ျပတ္လုနီးနီး ျဖစ္လာခဲ့တယ္ ။ ဒါေၾကာင့္ ဘုရင္ႀကီးဟာ အေရးေပၚ အစည္းအေဝး တခုကို ေခၚလိုက္တယ္ ။ အစည္းအေဝးမွာ ဘုရင္ႀကီးက..
” ဒီအတိုင္းသာ ဆိုရင္ ငါတို႔တိုင္းျပည္ဟာ မၾကာခင္ အခ်ိန္မွာ အစာေရစာ ျပတ္ၿပီး အငတ္ေဘးနဲ႔ ႀကဳံရေတာ့မယ္.. ဒါေၾကာင့္ ငါတို႔ ရန္သူ႔ရဲ႕ စစ္တပ္ကို ထြက္တိုက္မွ ရေတာ့မယ္ ”
ထိုအခါ စစ္သူႀကီးက..
” ဒါကေတာ့ မျဖစ္ေသးပါဘူး အရွင္.. ရန္သူ႔စစ္တပ္ဟာ က်ႏ္ုပ္တို႔စစ္တပ္ထက္ အင္အား ႀကီးလြန္း ပါတယ္.. ဒါေၾကာင့္ ထြက္တိုက္ရင္ ေသခ်ာေပါက္ ရႈံးနိမ့္ပါလိမ့္မယ္.. ကံတရားက က်ေနာ္တို႔ကို ရႈံးဖို႔အတြက္ ႀကိဳတင္ သတ္မွတ္ၿပီးသားပါ ”
ဘုရင္ႀကီးက..
” ဒါဆို စစ္မတိုက္ရေသးဘဲနဲ႔ ငါတို႔ ရႈံးမယ္လို႔ ကံတရားက သတ္မွတ္ထား တာလား ”
စစ္သူႀကီးမ်ား..
” ဟုတ္ပါတယ္ အရွင္မင္းႀကီး ”
ဒါနဲ႔ ဘုရင္ႀကီးက..
” ေကာင္းၿပီေလ.. မင္းတို႔ေတြ ကံတရားကို အဲဒီေလာက္ ယုံၾကည္တယ္ ဆိုရင္ ငါတို႔ ကံစမ္းၾကည့္ ၾကတာေပါ့ ”
ဘုရင္ႀကီးက ေျပာေျပာဆိုဆို သူ႔အိတ္ထဲက အေႂကြေစ့ တခု ထုတ္လိုက္ၿပီး ေျပာတယ္ ။
” ယခု ငါ့လက္ထဲမွာ အေႂကြေစ့တစ္ေစ့ ရွိတယ္.. ငါေျမာက္လိုက္လို႔ ျပန္က်လာတဲ့ အခါမွာ ေခါင္းက်ရင္ ဒီစစ္ပြဲမွာ ငါတို႔ႏိုင္မယ္.. ဒါေၾကာင့္ ထြက္တိုက္မယ္.. ပန္းက်ရင္ေတာ့ ငါတို႔ရႈံးမယ္.. ဒါေၾကာင့္ ထြက္မတိုက္ေတာ့ဘူး လို႔ ဆုံးျဖတ္မယ္.. ဘယ္လိုလဲ ” ဆိုေတာ့ စစ္သူႀကီးမ်ား အားလုံးက တညီတညာထဲ ေထာက္ခံ ၾကတယ္ ။
အဲ့ဒါနဲ႔ ဘုရင္ႀကီးက အေႂကြေစ့ကို ေလထဲ ေျမာက္ၿပီး ျပန္အက်မွာ ဖမ္းလိုက္တယ္ ။ ၿပီးေတာ့ လက္ကို ေျဖးေျဖးျခင္း ဖြင့္ၾကည့္လိုက္တဲ့ အခါမွာ ေခါင္းဘက္ က်ေနတာကို ေတြ႕ၾကတယ္ ။ ဒါေၾကာင့္ စစ္သူႀကီး အားလုံး အရမ္းကို ေပ်ာ္ရႊင္သြားတယ္။ ေနာက္ပီး ဒီစစ္ပြဲမွာ သူတို႔ ႏိုင္မယ္လို႔ ယုံၾကည္သြားတယ္ ။
ဘုရင္ႀကီးနဲ႔ စစ္သူႀကီးတို႔ဟာ ထြက္တိုက္ဖို႔ အတြက္ စီမံကိန္း ေရးဆြဲၾကတယ္။ သူတို႔က အင္အား နည္းတဲ့ အတြက္ ယွဥ္တိုက္ဖို႔ မလြယ္ဘူး ။ ဒါေၾကာင့္ ညအိပ္ခ်ိန္မွာ အလစ္ တိုက္ဖို႔ အစီအစဥ္ ဆြဲလိုက္တယ္။ ဒီစစ္ပြဲမွာ ေသခ်ာေပါက္ ႏိုင္မယ္ ဆိုတဲ့ အေၾကာင္းကို စစ္သူႀကီးေတြ ကေနတဆင့္ စစ္သည္ေတာ္ေတြအထိ ျပန႔္ႏွံ႕သြားတယ္ ။
အဲ့ဒါေၾကာင့္ စစ္သူႀကီးေတြေရာ စစ္သည္ေတာ္ေတြေရာ အားလုံး စိတ္ဓာတ္ တက္ႂကြေန ၾကတယ္ ။ သူတို႔ ႏိုင္မယ္ လို႔လည္း ယုံၾကည္မႈ ျပင္းထန္ေန ၾကတယ္ ။ သူတို႔ အစီအစဥ္ ဆြဲထားတဲ့အတိုင္း ညအခ်ိန္ကို ေရာက္တဲ့အခါ ရန္သူ႔တပ္ကို အလစ္ ဝင္တိုက္ ၾကတယ္ ။
ရန္သူေတြဟာ အလစ္အငိုက္ တိုက္ခံလိုက္ရတဲ့ အတြက္ ဖ႐ိုဖရဲျဖစ္ၿပီး ေနာက္ဆုံးမွာ ေနာက္ဆုတ္ ထြက္ေျပးၾကရ ေတာ့တယ္ ။ စစ္ႏိုင္သြားတဲ့ အတြက္ ဘုရင္ႀကီးနဲ႔အတူ မႉးမတ္ေတြ အားလုံး စားေသာက္ပြဲ က်င္းပ ၾကတယ္ ။ စားေသာက္ပြဲမွာ ဘုရင္ႀကီးက ေမးတယ္ ။
” ဒီစစ္ပြဲမွာ ငါတို႔ ဘာေၾကာင့္ ႏိုင္တာလဲ ”
စစ္သူႀကီး
” ကံတရားေၾကာင့္ပါ အရွင္မင္းႀကီး ”
ဘုရင္ႀကီး
” ကံေၾကာင့္ေတာ့ မဟုတ္ဘူးကြ.. မင္းတို႔ရဲ႕ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေၾကာင့္ပဲ.. ကံေၾကာင့္ မဟုတ္ဘူး.. မယုံရင္ မင္းတို႔ကို ငါ သက္ေသျပမယ္ ”
ဘုရင္ႀကီးက ေျပာေျပာ ဆိုဆိုနဲ႔ အေႂကြေစ့ကို ထုတ္ၿပီး စားပြဲေပၚ တင္လိုက္တယ္။ အေႂကြေစ့ရဲ႕ မ်က္ႏွာ ၂ ဘက္ လုံးဟာ ေခါင္းျဖစ္ေနတာကို စစ္သူႀကီးေတြ ေတြ႕သြားတယ္ ။
” အလုပ္တခု ေအာင္ျမင္ဖို႔အတြက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိဖို႔ လိုတယ္.. ကံဆိုတာ ေ႐ႊဒဂၤါး ၁ ျပားျဖစ္ခဲ့ရင္ ႀကိဳးစားမႈက ၉ဝ က်ပ္သား.. အခြင့္အေရး ၁ဝ က်ပ္သား သြန္းေလာင္း ထားတယ္ ”
ဆရာဗန္းေမာ္သိန္းေဖ
( အလုပ္ တခုအတြက္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈသည္ ၉၀% ေအာင္ျမင္မႈ ျဖစ္တယ္ )