ဟိုတနေ့တုန်းက
မင်းအုပ်စိုးကိုသတိရပါ ဆိုတဲ့ခေါင်းစဉ်နဲ့စာစုတစ်ခုရေးဖြစ်ပါတယ်
အလုပ်ကြော်ငြာ ဆိုပေမယ့်လည်းဇာတ်လမ်ဇာတ်ညွှန်းဒါရိုက်တာ
သရုပ်ဆောင်လည်းဖြစ်ကဗျာရေးတတ် စာရေးတတ်အယ်ဒီတာ
ချုပ်လည်း လုပ်တတ်တဲ့ကောင်ဖြစ်နေတော့လုပ်ငန်းကြော်ငြာကို
ရိုးရိုးမရေးချင်တာမို့စာတစ်စောင်ပေ တစ်ဖွဲ့ရေးဖြစ်လိုက်တာပါ
ကျွန်တော့် စာလေးကိုဖတ်ပြီးထုံးစံမပျက်ဝိုင်းဆဲကြဝိုင်းလှောင်ကြ
ဝိုင်းဟားကြတဲ့လူတွေကလည်းသိန်းချီသန်းချီပေါ့ဒီကောင်တွေရဲ့ရိုက်
ခတ်ချက်ကိုတော့စောက်ဂရုက်ို မစိုက်တာမို့အထူးတလည် ဘာမှ
လည်းပြန်မရေးသလိုဘာတစ်ခုမှလည်း မတုန့်ပြန်ခဲ့ပါဘူးဒီလူတန်းစားတွေက
မလိုတမာစိတ်နဲ့ ဝိုင်းဆဲကြလေကျွန်တော့်လုပ်ငန်းလေး ကလူပိုသိလေ
ပိုအောင်မြင်လေမို့ဖာသည်မနဲ့ ဝရမ်းပြေး ညားပြီးတော့မွေးထားတဲ့
အဲဒီ့လူတန်းစားတွေက်ိုကျွန်တော့်ဖက်ကကျေးဇူးတောင် တင်နေမိတာပါဗျာ
အခုဒီစာစုလေးကိုရေးတာကကျွန်တော့်ကို ချစ်ခင်တဲ့သူတွေကျွန်တော်
လုပ်နေတဲ့ လုပ်ငန်းလေးက်ို စိတ်ဝင်စားတဲ့သူတွေမယုံတစ်ဝက်
ယုံတစ်ဝက် ဖြစ်နေတဲ့သူတွေအဲဒီ့လူတွေကို ရည်ရွယ်ပြီးတော့
ရေးဖြစ်တာပါလူအတော်များများကမင်းအုပ်စိုးကိုသတိရပါ
ဆိုတဲ့စာစုလေးကိုဖတ်ပြီးအဲဒီ့လိုအလုပ်မျိုးကိုကျွန်တော်လုပ်မှာ
မဟုတ်ဘူးလို့ သူတို့စိတ်ထဲမှာတွေးပြီးအဲဒီ့အကောင့်ကိုမင်းအုပ်စိုးရဲ့
အကောင့်အတုလို့ ထင်နေကြပါတယ်ဟုတ်ကဲ့ကျွန်တော်ထပ်ပြီးပြောပါမယ်
မင်းအုပ်စိုးကို သတိရပါဆိုတဲ့စာစုလေးက်ို ရေးသားထားတဲ့ ဒီအကောင့်ဟာ
မင်းအုပ်စိုးရဲ့အကောင့်အစစ်ဖြစ်သလိုအဲဒီ့အလုပ်ကိုလည်း ကျွန်တော်
တကယ်လုပ်တာပါလုပ်လည်း လုပ်နေရပါပြီလုပ်ငန်းအပ်နှံတဲ့သူတွေလည်း
အတော်များများရှိနေပါပြီနောက်တစ်ချက် ကျွန်တော်ပြောချင်တာက
မင်းအုပ်စိုးကိုသတိရပါ ဆိုတဲ့လုပ်ငန်းကြော်ငြာထဲမှာ ပေးထားတဲ့ဖုန်းနံပါတ်တွေက်ို
ဆက်ကြတဲ့သူတိုင်းကမင်းအုပ်စိုးနဲ့ တွေ့ချင်တယ်မင်းအုပ်စိုးနဲ့ စကားပြောချင်တယ်
လို့ချည်းပဲတောင်းဆိုတတ်ကြပါတယ်ရှင်းရှင်းလေးပဲဗျာအစကတည်းက
ဖုန်းဆက်သမျှ လူတိုင်းနဲ့လက်ခံစကားပြောချင်တယ်ဆိုရင်ကျွန်တော်ကိုင်တဲ့
ဖုန်းနံပါတ်ကို ထည့်ပေးထားမှာပေါ့ကျွန်တော်တို့တိုင်းပြည်မှစိတ်ဓာတ်ပိုင်းဆိုင်ရာ
အင်မတန်မှအောက်တန်းကျတဲ့လူစားမျိုးတွေ ရှိနေပါတယ်ဝမ်းနိုင်းနိုင်း
လိုဌာနမျိုးကို ဖုန်းလှမ်းဆက်ပြီးပေါက်တတ်ကရပြောတဲ့သူတွေ
မီးသတ်ဌာနကို ဖုန်းလှမ်းဆက်ပြီးမမှန်သတင်းပေးတဲ့သူတွေ
delivery နဲ့လှမ်းမှာပြီးလိပ်စာအမှားပေးတတ်တဲ့သူတွေ
ရှိနေတတ်တဲ့တိုင်းပြည်ကြီးပါအဲဒီ့လိုလူတန်းစားမျိုးတွေရှိနေကြတာက်ိုလည်း
ကျွန်တော်ကတော့ အတော့်ကို အံ့ဩမိပါရဲ့ဗျာအဲဒီတော့ကျွန်တော်ကိုင်တဲ့
ဖုန်းနံပါတ်ကိုများအလုပ်ကြော်ငြာထဲမှာ ထည့်ရေးပေးလိုက်မိရင်အချိန်တိုင်း
ဖုန်းလှမ်းဆက်ပြီး ဆဲနေကြမှာမို့ကျွန်တော့်မှာသေးပေါက်ချိန်တောင်
မရမှာသေချာပါတယ်ကျွန်တော့် ဖုန်းနံပါတ်ကိုကြော်ငြာထဲမှာထည့်
ရေးပေးရလောက်အောင်လည်းမင်းအုပ်စိုးကမတုံးသေးမအသေးမပေါသေး
မရူးသေးပါဘူးဗျာပြီးတော့အလုပ်ကြော်ငြာထဲမှာထည့်ပေးထားတဲ့
ဖုန်းနံပါတ်တွေကိုလှမ်းဆက်ပြီးကျွန်တော်နဲ့စကားပြောချင်ပါတယ်လို့
တောင်းဆိုလာတဲ့သူတိုင်းက်ိုလက်သင့်ခံစကားပြောရလောက်အောင်လည်း
မင်းအုပ်စိုးကြီးကမနုံလှမအလှသေးပါဘူးစကားပြောချင်ပါတယ်လို့
တောင်းဆိုလာတဲ့သူတိုင်းနဲ့စကားတွေပြောပေးနေရလောက်အောင်လည်း
နှုတ်ခမ်းမွှေးနဲ့ခပ်ချောချောဘဲကြီးမှာအချိန်တွေပိုမနေပါဘူးအဲ့ဒီတော့
အမှန်တကယ်အလုပ်အပ်ချင်တဲ့သူတွေကကျွန်တော်နဲ့စကားမပြောရ
ကျွန်တော့်အသံမကြားရတော့ဒီလုပ်ငန်းဟာ မင်းအုပ်စိုး အစစ်လုပ်တာ မဟုတ်ပါဘူး
မင်းအုပ်စိုးအတုပါလို့ ထင်သွားတတ်ကြပါတယ်တကယ်ကတော့
မင်းအုပ်စိုး အစစ်ကြီးကိုယ်တိုင်ဒီအလုပ်ကိုစနစ်တကျ ဦးစီးကွပ်ကဲပြီး လုပ်နေတာပါ
လုပ်ငန်းကလည်း လည်ပတ်နေပါပြီဒါကဒီအလုပ်ကို မင်းအုပ်စိုးအစစ်ကိုယ်တိုင်
လုပ်နေတာမဟုတ်ပါဘူးလို့ ယုံကြည်နေကြတဲ့သူတွေကိုရှင်းပြပေးတာပါ
မင်းအုပ်စိုးကိုအားရပါးရဆဲချင်တဲ့အတွက်လောင်ချင်တဲ့အတွက်
ရိချင်တဲ့အတွက်မင်းအုပ်စိုးရဲ့ဖုန်းနံပါတ်ကိုတအားလိုချင်နေတဲ့ကောင်တွေကတော့
မင်းတို့မှာရှိတဲ့ အစွမ်းလေးတွေက်ိုထပ်တိုးပြီးကြိုးစားကြည့်ကြဦးပေါ့ကွာ
ဒါတောင်မှမင်းတို့ပထွေးရဲ့ပြောပါဆိုတဲ့အသံကိုကြားရဖို့ဆယ်နှစ်မက
ကြိုးစားရင်တောင်မလွယ်လောက်ဘူး ဆိုတာက်ိုတော့ငါ့သားများ
သဘောပေါက်ကြပါလေဟုတ်ကဲ့ကျွန်တော့်အပေါ်မှာ ချစ်ခင်တဲ့သူတွေအတွက်
ကျွန်တော့်လုပ်ငန်းကို အားပေးချင်တဲ့သူတွေအတွက်ကျွန်တော် ဆက်ရေးပြပါဦးမယ်
ကျွန်တော်နဲ့ဖုန်းပြောချင်တယ်ဆိုရင်လည်း ပြောလို့ရပါတယ်
လူချင်းတွေ့ချင်တယ်ဆိုရင်လည်း တွေ့လို့ရပါတယ်ဖုန်းပြောတဲ့အတွက်ကတော့
လူကြီးမင်းတို့အနေနဲ့ ဝန်ဆောင်ခပေးစရာမလိုပါဘူးကျွန်တော်နဲ့တွေ့ချင်တယ်
လူကြီးမင်းတို့ရဲ့လုပ်ငန်းကိစ္စကိုလူချင်းဆုံပြီးရှင်းပြချင်တယ်
အကြံညဏ်တောင်းချင်တယ်ဆွေးနွေးချင်တယ်ဆိုရင်
ကျွန်တော့်ဘက်က မျက်နှာချင်းဆိုင်ပြီးလက်ခံတွေ့ဆုံဆွေးနွေးပေးဖို့ အဆင်သင့်ပါပဲ
ဒါပေမယ့်အဲဒီလို တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာမှုအတွက်မိတ်ဆွေတို့
အနေနဲ့ ပိုက်ဆံပေးရပါလိမ့်မယ်ကျွန်တော်နဲ့ အလုပ်လုပ်ဖြစ်သည်
ဖြစ်စေမလုပ်ဖြစ်သည်ဖြစ်စေလူချင်းတွေ့ဆုံဆွေးနွေးခအတွက်ကတော့
ပိုက်ဆံပေးရပါလိမ့်မယ်အဲလိုပေးတဲ့နေရာမှာလည်းတွေ့ဆုံပြီးမှပေးလို့မရပါဘူး
ကျွန်တော်နဲ့တွေ့ဆုံဖို့အတွက်မိတ်ဆွေနဲ့ကျွန်တော်ဖုန်းထဲမှာသဘောတူညီမှုရပြီးပြီဆိုရင်
ကျွန်တော်နဲ့ တွေ့ဆုံဖို့ အတွက် ကျသင့်တဲ့ဝန်ဆောင်မှုငွေကြေးက်ို မိတ်ဆွေဘက်က
online ကနေပြီးပုံစံတစ်မျိုးမျိုးနဲ့ ကြိုလွဲပေးထားရပါမယ်ကျွန်တော့်
မန်နေဂျာတွေရဲ့ အကောင့်တွေထဲကိုမိတ်ဆွေဆီက ပိုက်ဆံရောက်ပြီဆ်ိုတာနဲ့
ကျွန်တော့်ညီတွေနဲ့ ကျွန်တော်ကားကခင်ဗျားကို လာခေါ်ပါလိမ့်မယ်
အဲဒီ့နောက်မှာတော့ခင်ဗျားနဲ့ မင်းအုပ်စိုးအစစ်ကြီးနဲ့
မျက်နှာချင်းဆိုင်ပြီးတွေ့ဆုံဆွေးနွေးညှိနှိုင်းပြောဆိုလို့ရပါပြီ
အဲဒီလိုမျိုးတွေ့ဆုံဖို့အတွက်ဝန်ဆောင်ခအနေနဲ့တစ်နာရီကို ခြောက်သိန်းတိတိ
မိတ်ဆွေဘက်က ပေးဆောင်ရပါလိမ့်မယ်ကျွန်တော့်အလုပ်မှာ
အဲဒီ့စည်းကမ်းချက်သတ်မှတ်ထားတာက်ိုမိတ်ဆွေတို့အနေနဲ့
စောက်ကြီးကျယ်လိုက်တာကွာလို့ထင်ချင်ရင်လည်းထင်လို့ရပါတယ်
ပြောချင်ရင်လည်းပြောလို့ရပါတယ်ဒါပေမယ့်ကျွန်တော့်ဘက်ကကျတော့
အသက်နဲ့ လောင်းကြေးထပ်ထားရတဲ့အလုပ်ဖြစ်နေတာမို့ risk
အများကြီးယူရတာကြောင့်ကိုယ်လက်ခံတွေ့ဆုံရမယ့်လူတွေရဲ့
အဆင့်အတန်းနဲ့ အခြေအနေကိုအဲလိုဝန်ဆောင်မှုငွေကြေးနဲ့
ပိုင်းခြားထားလိုက်တာပါဝမ်းနိုင်းနိုင်းလို ဌာနမျိုးကိုတောင်
ဖုန်းလှမ်းဆက်ပြီး ပေါက်တတ်ကရသတင်းတွေပေးတတ်တဲ့
စတတ်ကြနောက်တတ်ကြတဲ့ လူတစ်ချို့ရှိနေတဲ့တိုင်းပြည်မှ
ကျွန်တော်ကို တွေ့ချင်ပါတယ်လို့ကမ်းလှမ်းလာတဲ့လူတိုင်းကို
ကျွန်တော့်ဘက်က တံခါးမရှိဓားမရှိကြိုတင်ကာကွယ်မှုမရှိ
တန်ရာတန်ကြေး ပေးဆပ်ခိုင်းတာမျိုးမရှိဘဲလာတွေ့သမျှလူတ်ိုင်းကို
လွယ်လင့်တကူသာ တွေ့ခွင့်ပေးနေလို့ကတော့ကျွန်တော်
သက်ဆိုးဘယ်ရှည်ပါ့မလဲဗျာအဲဒါကြောင့်မို့ကျွန်တော်နဲ့တွေ့ဆုံ
ဆွေးနွေးပြောဆိုခွင့်ရဖို့အတွက်တစ်နာရီကိုဝန်ဆောင်ခ
ခြောက်သိန်းပေးရမယ်လို့သတ်မှတ်ထားတဲ့အပေါ်မှာ
စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့သူတွေကတော့
နားလည်ပေးကြမှာပါလူတစ်ကာအပေါ်အကောင်းမမြင်ကြယုံ
ကြည်ချက်မတူတာနဲ့ဆဲချင်နေကြတဲ့သူတွေအတွက်ကတော့
တစ်နာရီ ခြောက်သိန်းယူတယ်ဆိုတဲ့ကိစ္စကိုဝိုင်းဆဲကြဝိုင်းလှောင်ကြဝိုင်းရိကြဦးမှာပါပဲ
မင်းတို့တွေဘက်ကဘယ်လိုမျိုးပဲ တုံ့ပြန်တုံ့ပြန် ပုတ်ခတ်ပုတ်ခတ်
ငါကတော့ငါ့အလုပ် ငါဆက်လုပ်နေမှာပဲမင်းတို့တွေရဲ့ဆဲ
ဆိုကဲ့ရဲ့ရှုံ့ချလှောင်ပြောင်မှုကိုဂရုမစိုက်လို့ပေါ့ကွာ
ဟုတ်ကဲ့
ကျွန်တော်မင်းအုပ်စိုးအစစ်ပါခင်ဗျာ ။ ။
crd