ကလေးသူငယ်များကို ပညာသင်ကြားပေးရသော အလုပ်သည် လောကတွင် စိတ်ပင်ပန်းမှုအပေးနိုင်ဆုံးသောအလုပ်ဟုပြောလျှင်ပင် ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ပေ။ကလေးသူငယ်များ၏ညဏ်ရည်ကို ချင့်ချိန်မှန်းဆပြီးသင်ကြားရတာဖြစ်သည့်အတွက် ဦးနှောက်ထဲအရောက်ပို့နိုင်အောင် သင်ကြားရန်မှာ လွယ်ကူသောအလုပ်တစ်ခုမဟုတ်ပေ။
ယခုတွင်လည်း တရုတ်နိုင်ငံမှဖခင်တစ်ဦး၏အဖြစ်သည် ငိုရမလိုရယ်ရမလိုဖြစ်နေခဲ့ပါတယ်။အကြောင်းကတော့ ဖခင်ဖြစ်သူဟာ သူ၏၈နှစ်အရွယ်သားလေးကို ညအချိန်မှစာပြန်သင်ပေးတာဖြစ်ပါတယ်။ထိုအခါ ဖခင်သင်ပေးသမျှကို သားဖြစ်သူက နားမလည်သည့်အချိန်မှာတော့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီး စိတ်ဖိစီးမှုများက နှလုံးအမောဖောက်သွားခဲ့ပါတယ်။
ထို့ကြောင့် ဆေးရုံသို့ချက်ချင်းတင်လိုက်ရပြီးအရေးပေါ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။
Shoon (Cele Daily)
Zawgyi
နေအိမ်တွင်အသက်၈နှစ်အရွယ်သားဖြစ်သူကို ကိုယ်တိုင်စာသင်ပေးရာမှ သားဖြစ်သူကဘယ်လိုမှနားမလည်လို့ သင်ပေးတဲ့လူသာမောသွားပြီး နှလုံးအမောဖောက်ကာ ဆေးရုံတင်လိုက်ရသည့်ဖခင်၏အဖြစ်
Shoon (Cele Daily)