ေငြ(၅၀)က်ပ္ႏႈန္းနဲ႔ စားနပ္ရိကၡာေတြကို ေရာင္းခ်ေပးလို႔ ဝမ္းသာမ်က္ရည္က်ကာ အသံေတြ တုန္သည္အထိ ၾကည္ႏူးပီတိျဖစ္ေနတဲ့ ျပည္သူတစ္ဦးရဲ႕ ဗီဒီယိုဖိုင္…
အေၾကာင္းတရား မ်ိဳးစုံေၾကာင့္ အေျခအေနဆိုးေတြကို အခ်ိန္အေတာ္ၾကာ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူ ျပည္သားေတြအဖို႔ အဆင္မေျပမႈေတြလည္း ပိုပိုၿပီး ႀကဳံေတြ႕လာၾကရပါတယ္ ။

လုပ္ငန္းေတြလည္း ရပ္ဆိုင္းထားရတာေၾကာင့္ အေျခခံ လုပ္သားျပည္သူေတြ အဖို႔ေတာ့ အေတာ္ေလး ဘဝကို ႐ုန္းကန္းျဖတ္သန္းေနရတဲ့ အခ်ိန္ေတြပါပဲ ။
ေရာဂါေတြကလည္း ကူးစက္ျဖစ္ပြားေနခ်ိန္မို႔ မေတာ္တဆမ်ား ဒီလို ျပည္သူေတြ ကူးစက္ခံရရင္ ကုစရာ ေငြေၾကးလည္း အလုံအေလာက္မရွိလို႔ မေတြးရဲစရာပါပဲ ။
ဒါေၾကာင့္လည္း ျပည္သူေတြအခ်င္းခ်င္း ဒီလို အဆင္မေျပမႈေတြအတြက္ ခုဆိုရင္ အစားေအသာက္ေတြ ၊ ေဆးဝါးေတြ အခမဲ့ လႉဒါန္းေပးလာၾကတာကိုေတြ႕ရပါတယ္ ။

တစ္ခ်ိဳ႕ကလည္း အခမဲ့ေပးရင္ လာယူရမွာရွက္မွာ ဆိုးၿပီး ေငြသားအနည္းငယ္ေတြနဲ႔ ေရာင္းခ်ေပးေနၾကပါတယ္ ။
အခုလည္း ေစတနာ အလႉရွင္ တစ္ဦးက အေျခခံ စားေသာက္ကုန္မ်ားကို ႀကိဳက္တာယူ ေငြ (၅၀) က်ပ္ႏႈန္းနဲ႔ ေရာင္းေပးေနတာေၾကာင့္ လာေရာက္ ဝယ္ယူၾကတဲ့ ျပည္သူတစ္ဦးက ၾကည္ႏူးပီတိျဖစ္ကာ မ်က္ရည္က်သည္အထိ ဝမ္းသာေနရွာတဲ့ အေၾကာင္းေလးကို ရင္ဖြင့္ ေျပာၾကားထားတဲ့ ဗီဒီယိုေလး တစ္ခုပ်ံ႕ႏွံ႔ခဲ့ပါတယ္ ။

ဗီဒီယိုေလးထဲမွာ အရမ္း က်ပ္တည္းေနခ်ိန္မို႔ ခုလို သက္သက္သာသာေရာင္းခ်ေပးၾကတာ ေက်းဇူးတင္မိေၾကာင္း အသံေတြ တုန္သည္အထိ ေျပာေနတာကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိတာအမွန္ပါပဲ။
ပရိသတ္ႀကီးအတြက္ ဒီဗီဒီယိုေလးကို ျပန္လည္ေဝမွ်ေပးရင္း အားလုံး အဆင္ေျပၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္။
Unicode
အကြောင်းတရား မျိုးစုံကြောင့် အခြေအနေဆိုးတွေကို အချိန်အတော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ပြည်သားတွေအဖို့ အဆင်မပြေမှုတွေလည်း ပိုပိုပြီး ကြုံတွေ့လာကြရပါတယ် ။
လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတာကြောင့် အခြေခံ လုပ်သားပြည်သူတွေ အဖို့တော့ အတော်လေး ဘဝကို ရုန်းကန်းဖြတ်သန်းနေရတဲ့ အချိန်တွေပါပဲ ။
ရောဂါတွေကလည်း ကူးစက်ဖြစ်ပွားနေချိန်မို့ မတော်တဆများ ဒီလို ပြည်သူတွေ ကူးစက်ခံရရင် ကုစရာ ငွေကြေးလည်း အလုံအလောက်မရှိလို့ မတွေးရဲစရာပါပဲ ။
ဒါကြောင့်လည်း ပြည်သူတွေအချင်းချင်း ဒီလို အဆင်မပြေမှုတွေအတွက် ခုဆိုရင် အစားအေသာက်တွေ ၊ ဆေးဝါးတွေ အခမဲ့ လှူဒါန်းပေးလာကြတာကိုတွေ့ရပါတယ် ။
တစ်ချို့ကလည်း အခမဲ့ပေးရင် လာယူရမှာရှက်မှာ ဆိုးပြီး ငွေသားအနည်းငယ်တွေနဲ့ ရောင်းချပေးနေကြပါတယ် ။
အခုလည်း စေတနာ အလှူရှင် တစ်ဦးက အခြေခံ စားသောက်ကုန်များကို ကြိုက်တာယူ ငွေ (၅၀) ကျပ်နှုန်းနဲ့ ရောင်းပေးနေတာကြောင့် လာရောက် ဝယ်ယူကြတဲ့ ပြည်သူတစ်ဦးက ကြည်နူးပီတိဖြစ်ကာ မျက်ရည်ကျသည်အထိ ဝမ်းသာနေရှာတဲ့ အကြောင်းလေးကို ရင်ဖွင့် ပြောကြားထားတဲ့ ဗီဒီယိုလေး တစ်ခုပျံ့နှံ့ခဲ့ပါတယ် ။
ဗီဒီယိုလေးထဲမှာ အရမ်း ကျပ်တည်းနေချိန်မို့ ခုလို သက်သက်သာသာရောင်းချပေးကြတာ ကျေးဇူးတင်မိကြောင်း အသံတွေ တုန်သည်အထိ ပြောနေတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။
ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ဝေမျှပေးရင်း အားလုံး အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။



