ၾကားသိရသမွ်

CDM ဝန်ထမ်းများအား ထိရောက်စွာ ကူညီထောက်ပံ့ရန် NUG အစိုးရက ‘ထီ’ လုပ်ငန်းကို အကောင်အထည်ဖော်မည့် အစီစဉ်

CDM ဝန်ထမ်းများအား ထိရောက်စွာ ကူညီထောက်ပံ့ရန် NUG အစိုးရက ‘ထီ’ လုပ်ငန်းကို အကောင်အထည်ဖော်မည်

သြဂုတ် ၆

မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်း ပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မဆုတ်မနစ်၊ အလံမလှဲစတမ်း ကြံ့ကြံ့ခံ တော်လှန်နေသည့် CDM ဝန်ထမ်းများ ထိရောက်စွာကူညီထောက်ပံ့ရန်အတွက် NUG အစိုးရက “အောင်လံလွှင့်ချီ နွေဦးထီ” ဟူသည့် ထီ လုပ်ငန်းကို အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်

ပြည်သူလူထု၏ တခဲနက်ဆန့်ကျင်ညီညွတ်စွာသပိတ်မှောက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ “အောင်ဘာလေထီ” လုံး၀ ချုပ်ငြိမ်းသွားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ “အောင်လံလွှင့်ချီ နွေဦးထီ” ဖြင့် ပြည့်သူ့အောင်ပွဲ ထပ်လောင်းရယူနိုင်ရန် အကောင်အထည် ဖော်မည်ဟု NUG က ဆိုသည်

ပြည်သူလူထု၏ ညီညွတ်မှုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ချိုးနှိမ်၍ မရနိုင်သူသည့် အချက်ကို သက်သေပြရန်အတွက်ဟုလည်း NUG ကဆိုသည်

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တည်ဆဲဥပဒေနှင့် ညီစေရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထံ NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာနက ပေးပို့သည့် “လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေ”ကို အတည်ပြုခဲ့သည်

လောင်းကစားဥပဒေတွင် ပါရှိသော “ပြည်ထောင်စု အစိုးရအဖွဲ့” ဟူသည့် စကားရပ်ကို “အမျိုးသားညီညွတ်ရေးအစိုးရ” ဟူသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟု ဖော်ပြထားသည်

လောင်းကစားဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဈ) (ည) ပါ စကားရပ်များဖြစ်သည့် ဝန်ကြီးဌာနဆိုသည်မှာ အမျီုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနကိုဆိုလိုပြီး၊ ထီ ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ဖွင့်လှစ်သော “အောင်လံလွှင့်ချီ နွေဦးထီ” ကို ဆိုလိုသည်ဟု ပြင်ဆင်ခဲ့သည်

ထို့အပြင် လောင်းကစား ဥပဒေ ပုဒ်မ ၂၂ တွင်လည်း ထီကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်ဟု ပြင်ဆင်ခဲ့သည်

မြန်မာနိုင်ငံတွင်စစ်တပ်မှာ အာဏာသိမ်းပြီးနောက် ဖွင့်သည့် “အောင်ဘာလေထီ” ကို ထိုးသူ နည်းပါးသည့်အတွက်ယာယီ ရပ်နားခဲ့ရသည့်အပြင် ပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ယယင် ကျပ်သိန်းတစ်သောင်းခွဲ အမြင့်ဆုံးဆု ပေးနေရာမှာ ကျပ်သိန်းငါးထောင်ဆုကိုသာ ပေးနိုင်သည်မှာ သုံးလ ဆက်တိုက်ရှိပြီဖြစ်သည်

အမျိုးသားညီညွတ်ရေးအစိုးရ၏ “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးပေ