ၾကားသိရသမွ်

ချစ်သူက နောက်တစ်ယောက်တွဲပြီး သူ့ကိုအဆက်ဖြတ်သွားလို့ အမျိုးသားတစ်ဦး



ဒီဇင်ဘာ ၂






unicode

အော် … အသက်(၄၀)ကျော်မှ ဒုက္ခ ဒုက္ခ

ချစ်သူက နောက်တစ်ယောက်တွဲပြီး သူ့ကိုအဆက်ဖြတ်သွားလို့ အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံး

ဒီဇင်ဘာ ၂

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး ဒီဇင်ဘာ ၁ ရက်နေ့က မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

“သူ့ကောင်မလေးက နောက်တစ်ယောက်နဲ့ တွဲသွားလို့ ကြိုးဆွဲချသေတယ်လို့ ပြောကြတာပဲဗျ။ သေသေချာချာတော့ ကျွန်တော်တို့လည်း မသိဘူး။” လို့ အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောကြားပါတယ်။

သေဆုံးသူဟာ အသက်(၄၀)ကျော်အရွယ်ခန့်ရှိပြီ ဖြစ်ပြီး

လက်ရှိမှာတော့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံမှာ ရှိတဲ့

ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။