ၾကားသိရသမွ်

“တယ်လီနောရဲ့ ပိုင်ရှင်အသစ် ထွက်ပေါ်လာပြီ. . .”

ရန္ကုန္၊ မတ္ ၁၈

Telenor Myanmar ကို စစ္တပ္ႏွင့္ဆက္ႏြယ္ေနေသာ ခ႐ိုနီသိန္းဝင္းေဇာ္ႏွင့္ M1 Group ဖက္စပ္ကုမၸဏီ Investcom သို႔ေရာင္းခ်ျခင္းမႈကို အၾကမ္းဖက္ စစ္ေကာင္စီ၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္က ယေန႔ အတည္ျပဳ လိုက္ၿပီျဖစ္ေၾကာင္း M 1 Group က ရန္ကုန္ေခတ္သစ္ထံသို႔ ေပးပို႔ေသာ တရားဝင္ သတင္းထုတ္ျပန္ခ်က္ အရ သိရွိရသည္။

Telenor Group မွ ၎၏ Telenor Myanmar လုပ္ငန္းကို M1 Group ၏မိတ္ဖက္လုပ္ငန္းျဖစ္သည့္ Investcom PTE Ltd. ထံ ေရာင္းခ်ျခင္းဆိုင္ရာေလွ်ာက္တင္လႊာအား အတည္ျပဳေၾကာင္း M1 Group ကို အၾကမ္းဖက္စစ္ေကာင္စီ၏ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က အသိေပးအေၾကာင္းၾကားလာေၾကာင္း M1 Group က အတည္ျပဳသည္။

M1 Groupက လုပ္ငန္းလႊဲေျပာင္းရယူမႈကို အျမန္ဆုံးအၿပီးသတ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

M1 Group သည္ Telenor Group ၏ျမန္မာလုပ္ငန္းခြဲအားဝယ္ယူရန္အတြက္ ကနဦးသေဘာတူညီခ်က္ကို ၂၀၂၁ ခုႏွစ္ ဇူလိုင္လတြင္ ေၾကညာခဲ့ၿပီး ၇ လအၾကာတြင္ အလုံးစုံ တရားဝင္အေရာင္းအဝယ္ျဖစ္သြားျခင္းျဖစ္သည္။

M1 Group သည္ ပိုင္ဆိုင္မႈကိုလႊဲေျပာင္းရယူမည့္ လုပ္ငန္းသစ္တစ္ခုျဖစ္သည့္ Investcom မွ တစ္ဆင့္ စစ္တပ္၏ ခ႐ိုနီ သိန္းဝင္းေဇာ္ပိုင္ Shwe Byain Phyu (SBP) Group ႏွင့္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည္ဟု သိရွိရသည္။

တယ္လီေနာ္ကို ဝယ္ယူလိုက္သည့္ Investom PTE Ltdသည္ M1 Group ႏွင့္ Shwe Byain Phyu (SBP) Group တို႔ပူးေပါင္းလုပ္ေဆာင္သည့္ joint venture (JV) လုပ္ငန္းတစ္ခုျဖစ္ေၾကာင္း၊ Telenor Myanmar လုပ္ငန္းကို ၂၀၂၂ ပထမႏွစ္ဆန္းပိုင္းတြင္ စတင္လႊဲေျပာင္းရယူခဲ့ေၾကာင္း သိရွိရသည္။

Telenor Myanmar ကို စစ္တပ္ႏွင့္ဆက္ႏြယ္ေနေသာ ခ႐ိုနီသိန္းဝင္းေဇာ္၏ ေ႐ႊဗ်ိဳင္းျဖဴကုမၸဏီႏွင့္ M1 Group ဖက္စပ္ကုမၸဏီ Investcom တြင္ အစုရွယ္ယာ ၈၀ ရာခိုင္ႏႈန္းကို ေ႐ႊဗ်ိဳင္းျဖဴကုမၸဏီက ပိုင္ဆိုင္ထားေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- တယ္လီေနာျမန္မာပိုင္ရွင္အသစ္ စစ္တပ္၏မိတ္ဖက္ ခ႐ိုနီ သိန္းဝင္းေဇာ္။

Khit Thit Media

ရန်ကုန်၊ မတ် ၁၈

Telenor Myanmar ကို စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်နှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom သို့ရောင်းချခြင်းမှုကို အကြမ်းဖက် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယနေ့ အတည်ပြု လိုက်ပြီဖြစ်ကြောင်း M 1 Group က ရန်ကုန်ခေတ်သစ်ထံသို့ ပေးပို့သော တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

Telenor Group မှ ၎င်း၏ Telenor Myanmar လုပ်ငန်းကို M1 Group ၏မိတ်ဖက်လုပ်ငန်းဖြစ်သည့် Investcom PTE Ltd. ထံ ရောင်းချခြင်းဆိုင်ရာလျှောက်တင်လွှာအား အတည်ပြုကြောင်း M1 Group ကို အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေးအကြောင်းကြားလာကြောင်း M1 Group က အတည်ပြုသည်။

M1 Groupက လုပ်ငန်းလွှဲပြောင်းရယူမှုကို အမြန်ဆုံးအပြီးသတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

M1 Group သည် Telenor Group ၏မြန်မာလုပ်ငန်းခွဲအားဝယ်ယူရန်အတွက် ကနဦးသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့ပြီး ၇ လအကြာတွင် အလုံးစုံ တရားဝင်အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။

M1 Group သည် ပိုင်ဆိုင်မှုကိုလွှဲပြောင်းရယူမည့် လုပ်ငန်းသစ်တစ်ခုဖြစ်သည့် Investcom မှ တစ်ဆင့် စစ်တပ်၏ ခရိုနီ သိန်းဝင်းဇော်ပိုင် Shwe Byain Phyu (SBP) Group နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။

တယ်လီနော်ကို ဝယ်ယူလိုက်သည့် Investom PTE Ltdသည် M1 Group နှင့် Shwe Byain Phyu (SBP) Group တို့ပူးပေါင်းလုပ်ဆောင်သည့် joint venture (JV) လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Telenor Myanmar လုပ်ငန်းကို ၂၀၂၂ ပထမနှစ်ဆန်းပိုင်းတွင် စတင်လွှဲပြောင်းရယူခဲ့ကြောင်း သိရှိရသည်။

Telenor Myanmar ကို စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom တွင် အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူကုမ္ပဏီက ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- တယ်လီနောမြန်မာပိုင်ရှင်အသစ် စစ်တပ်၏မိတ်ဖက် ခရိုနီ သိန်းဝင်းဇော်။

Khit Thit Media