ၾကားသိရသမွ်

ကမ္ဘာပေါ်တွင်တစ်ပင်တည်းသာရှိသည့် တခြမ်းကသစ်ရွက်စိမ်းဖြစ်နေပြီး တစ်ခြမ်းကအနီရောင်ပန်းပွင့်များဖြင့် လှပနေသည့် ထူဆန်းအံ့သြဖွယ် သစ်ပင်

အံ့သြဖွယ်ရာ သဘာဝဖြစ်စဥ်များသည် လူသားတို့နားလည်ထားသည့်ထက်ပင် တစ်ခါတစ်ရံတွင် ပိုမိုထူးခြားနေတတ်ပေသည်။ကျယ်ပြောလှသော စကြဝဠာကြီးထဲတွင် သဘာဝတရားကြီး၏ ထူးဆန်းလှသော မြင်ကွင်းတစ်ခုသည် လူတို့၏မျက်စိရှေမှောက်ကို ရောက်ရှိနေခဲ့ပါတယ်။

ထိုအရာကတော့ ဗီယက်နမ်နိုင်ငံ Vung Tauတွင် ဖီးနစ်သစ်ပင်လို့အမည်ပေးထားသည့် အပင်တစ်ပင်ဖြစ်ပါတယ်။ထိုသစ်ပင်လေးဟာ အပင်၏တစ်ဖက်ခြမ်းက စိမ်းလန်လှပနေပြီး အခြားတစ်ဖက်ကတော့ အနီရောင်ပန်းပွင့်များဖြင့် ဝေဆာလှပနေခဲ့တာဖြစ်ပါတယ်။

ထိုသစ်ပင်လေး၏ထူးဆန်းလှပုံကြောင့် ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ခဲ့ရာမှ လူတိုင်းသိရှိလာခဲ့ကြကာ ကမ္ဘာပေါ်မှတစ်ပင်တည်းသာရှိနိုင်ကြောင်းဆိုခဲ့ကြပါတယ်။သဘာဝတရားကြီး၏ လောကကိုအလှဆင်ထားသည့် ပုံရိပ်လေးတွေဟာ ဖန်တီးယူထားသည့်အရာထက်များစွာ သာလွန်လှပနေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)