ၾကားသိရသမွ်

ရန်ကုန်မြို့လယ်မှာ စကစတပ်က လူငယ်(၂)ဦးကို ပ-စ်ခ-တ်ဖမ်းဆီးရာ တဦးသေဆုံး ကျန်တဦးမှာ ကာတွန်းဆရာ ပိုးဟပ်ဖြူ ဖြစ်ပြီး သတင်းပြတ်တောက်နေ

ရန်ကုန်မြို့လယ်မှာ အကြမ်းဖက်စကစတပ်က လူငယ်(၂)ဦးကို ပစ်ခတ်ဖမ်းဆီးရာ တဦးသေဆုံး

ကျန်တဦးမှာ ကာတွန်းဆရာ ပိုးဟပ်ဖြူ ဖြစ်ပြီး သတင်းပြတ်တောက်နေ

ဩဂုတ်(၃)ရက် ||| နွေဦးအသံ |||

ပြီးခဲ့တဲ့ရက်ပိုင်းက မြို့တော်ခန်းမရှေ့ ဗုံးပေါက်ကွဲ အပြီးမှာ လူငယ်နှစ်ဦးကို အကြမ်းဖက်စကစတပ်ဖွဲ့ဝင်တွေက သံသယနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးအနက် တဦးမှာ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ နွေဦးအသံကို တွေ့မြင်ခဲ့ရသူတဦးက ပြောပါတယ်။

“နေ့လယ်(၁၁)နာရီနဲ့ (၁၂)ကြားလောက်ပေါ့၊ သူတို့က ကမ်းနားလမ်းဘက်က DC ကားတစီး၊ ကုန်သည်လမ်းဘက်က DC ကားတစီးနဲ့ နှစ်ဘက်ပိတ်ဆို့ဖမ်းဆီးတာ၊ တဒိုင်းဒိုင်းပစ်တော့ လမ်းသွားလမ်းလာ ကျနော်တို့ပါ တွေ့တဲ့ကားပေါ် ဝင်ပုန်းခဲ့ရတယ်၊ တယောက်ကတော့ သွေးတွေအရမ်းထွက်ပြီး ဆုံးသွားတယ်”

(၃၇)လမ်း အောက်ဘလောက်၊ ကမ်းနားလမ်းနဲ့ ကုန်သည်လမ်းအကြားမှာ ဖမ်းဆီးခံခဲ့ကြရတာပါ။

အဆိုပါလူငယ်နှစ်ဦးရဲ့ အမည်မှာ ကိုမျိုးမင်းအောင် နဲ့ ကိုမိုးဝေ လို့သိရပြီး ညီအကိုဝမ်းကွဲတော်စပ်ကြပါတယ်။

ကိုမျိုးမင်းအောင်မှာ နွေဦးအသံ ( The Voice Of Spring ) မှာ “လူဘုန်းသစ်”၊ “ပိုးဟပ်ဖြူ” ၊ “လူနောက်” ကလောင်အမည်များနဲ့ တနှစ်ကျော်ကြာ ကာတွန်းရေးဆွဲနေတဲ့ ကာတွန်းဆရာ တဦးလည်း ဖြစ်ပါတယ်။

ကာတွန်းဆရာ ပိုးဟပ်ဖြူကတော့ ခြေထောက်ထိမှန်ခဲ့တယ်လို့ သိရပြီး နောက်ဆက်တွဲသတင်းကို ကျောက်တံတားရဲစခန်းမှာ သွားရောက်စုံစမ်းတဲ့အခါ အတိအကျ ဘာမှ မသိရပါဘူး။

ယနေ့အချိန်ထိ အကြမ်းဖက်စကစ ဘက်က ရန်ကုန်မြို့လယ်ခေါင် ပစ်ခတ်ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရတာကြောင့် ကာတွန်းဆရာ ပိုးဟပ်ဖြူရဲ့ အသက်အန္တရာယ်မှာ စိုးရိမ်ရဖွယ်ရှိပါတယ်။

သူတို့ညီအကိုနှစ်ဦးက မြို့တော်ခန်းမရှေ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်မှု ရှိ၊ မရှိ ကိုလည်း နွေဦးအသံအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

©နွေသူရ

©ေႏြသူရ