တိုက်ဆိုင်မူ့ မဟုတ်ပါ
ဟိုးအရင်ကတည်းက စစ်ကိုင်းတိုင်းက လူတွေဟာ သာမန်ထက်ပိုပြီး သေကြေပျက်စီးနေကြလို့ မေးကြည့်တဲ့အခါ
လူတွေမနိုင်တဲ့ မိစ္ဆာအကြီးစားကြီးတွေ ကြီးစိုးနေလို့ ပိုများနေတာ တဲ့။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ဆွမ်းခံအလှူခံပြီးကယ်တင်နေတာဟာလည်း အဲဒီသဘောတရားတွေကို ကာကွယ်ပေးဖို့ပါပဲ။
သီလ သမာဓိ ပညာပြည့်ဝတဲ့ သူတော်ကောင်းပုဂ္ဂိုလ်ကြီးတွေ လူတွေနဲ့ ထိတွေ့ဆက်ဆံနေတာဟာ တကယ်တော့ လူတွေကို ကယ်တင်နေတာပါ။
ဆရာတော်ကြီးနဲ့အတူ တန်ခိုးကြီးတဲ့ နတ်ကြီးတွေ ကူညီလေ့ရှိတဲ့အတွက် အပျက်အစီး နည်းပါးတာပါ။
ရွေဘိုမီးအကြီးအကျယ်လောင်တော့ ဝေဘူဆရာတော်ဘုရားကြီး ကြိုသိပေမဲ့ အကုန်မကယ်နိုင်ခဲ့ဘူး။
သတ္တဝါတွေရဲ့ ကမ္မနိယာမဟာ ဘယ်ဘုရား ဘယ်နတ်မှ ကယ်လို့မရပါဘူးလို့ ဆရာတော်ကြီးမိန့်ခဲ့တယ်။
မဟောဗောဓိမြိုင်ဆရာတော်ဘုရားကြီးသာ ဆွမ်းအလှူခံမကြွခဲ့ရင်
ဒီထက်ပိုပြီး အများကြီးပျက်စီးမှာပါ။(24) နာရီ အတွင်း တနေ့တည်း ဖြစ်သွားတဲ့ အဖြစ်အပျက်တွေဟာ အံံ့သြစရာ ကောင်းလှတဲ့ အကြောင်းအကျိုး နဲ့ သံဝေဂ သဘောတရားတွေပါပဲ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဆွမ်းခံရပ်နားတယ်တော်ကူးဆရာတော် ဘုရားကြီး သုံးရက်ခန့် ဝင်လေထွက်လေ ချုပ်ငြိမ်းပြီလေးရက်မြောက်နေ့ ဒီနေ့ မှာ ပျံလွန်တော်မူတယ်၊မိစ္ဆာ
အကြီးစားကြီး တွေစတုမဟာရာဇ် နတ်မင်းကြီးတွေ ရဲ့ နှင်ထုတ်ခြင်းခံရတယ်။
ဆရာတော်ကြီး ဆွမ်းခံရပ်တော့မယ် ဆိုကတည်းက ကမ္မနိယာမ အပျက်အစီးလောက်ပဲ ကျန်တော့တယ် ဆိုတာ ကြိုသိခဲ့ပါတယ်။
ဒီဖြစ်စဥ်တွေဟာ တိုက်ဆိုင်မူ့မဟုတ်ခဲ့ပါဘူး။
ဗုဒ္ဓ ဘာသာနိုင်ငံတွေမှာ ကပ်ဘေးကြုံတိုင်း အလောင်းတော်ကြီးတွေ သူတော်ကောင်းကြီးတွေ အရိယာကြီးတွေဟာ ကယ်တင်လေ့ရှိပါတယ်။
အခု တော်ကူးဆရာတော်ဘုရားကြီးဟာလည်း ဆေးပညာနဲ့ မစမ်းသပ်နိုင်တဲ့ သိပ္ပံနယ်လွန်သဘောတရား မျိုးနဲ့ သုံးရက်ခန့် အသက်မရှူဘူးဆိုတာဟာ ထူးဆန်းတယ်
(အနာဂါမ်နဲ့ ရဟန္တာ တွေသာဝင်စား နိုင်တဲ့ နိရောဓ သမာပတ်) မျိုးလည်းဖြစ်နိုင်တယ်။ မိမိတို့ နှစ်သက်ရာ အချိန်အပိုင်းအခြား မိနစ် နာရီ မှ စပြီးခုနစ်ရက်အထိဝင်စားနိုင်တယ်။
ဒုတိယကမ္ဘာစစ်တုန်ကလည်း မဟာဂန္ဓာရုံ ဆရာတော်ကြီး (အလောင်းတော်) လယ်တီဆရာတော်ကြီး ဝေဘူဆရာတော်ကြီး (အရိယာကြီးများ)
မြန်မာပြည်ကို ကပ်ဘေးကနေ ကယ်တင်ခဲ့ကြဘူးးတယ်။
အခု ကပ်ဘေးကြီးမှာလည်းသီလ သမာဓိ ပညာပြည့်ဝတဲ့ သူတော်ကောင်းကြီးတွေရဲ့ မေတ္တာဓာတ်တွေ အများကြီးရ ရှိခဲ့ပါတယ်။
ရတနာသုံးပါးကို စော်ကားတဲ့သူတွေ များနေလို့သာ အခုလောက်ထိ ပျက်စီးတာပါ အဲဒီကံကြီးထိုက်တဲ့သူတွေကတော့ ဘယ်သူမှ ကယ်လို့မရပါဘူး။
လွန်ခဲ့တဲ့ ခြောက်လ လောက်က မိစ္ဆာတွေ အိမ်ပြန်မယ်၊ ဗာလ (လူမိုက်) တွေ ပြောင်းလဲမယ်လို့ ပြောခဲ့လို့ ပိုစ့်တင်ခဲ့ဘူးတာ အားလုံး မှတ်မိကြပါလိမ့်မယ်။
အခု မိစ္ဆာအကြီးစားကြီးတွေ မနှောင့်ယှက်နိုင်တော့ပါဘူး။
သူတို့နဲ့ တန်တဲ့နေရာ ရောက်သွားပါပြီ၊ ဆရာတော်ဘုရားကြီးများလည်း အနားယူကျောခိုင်းကြပါပြီ။
ဟိုတုန်ကတည်းက ရတနာ သုံးပါးကို မစော်ကားကြဖို့ ခဏခဏ ရေးခဲ့ဘူးပါတယ်၊
လေးအသင်္ချေ ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ရတဲ့အတွက် ရတနာ သုံးပါနဲ့ ပါတ်သတ်တဲ့ ကောင်းကျိုး ဆိုးကျိုး အကျိုးအပြစ်ဟာ အရမ်းကြီးမားပါတယ်။
အခုတရက် (24)နာရီအတွင်းမှာပဲလူတွေ မနိုင်တဲ့ မိစ္ဆာကြီးတွေ သူ့နေရာ သူပြန်ရောက်သွားပြီနောက်ကို မနှောင့်ယှက်နိုင်တော့ဘူး။
မဟာဗောဓိမြိုင် ဆရာတော်ကြီး ဆွမ်းခံရပ်နားလိုက်တယ်၊
တော်ကူးဆရာတော်ကြီး ထူးခြားဖြစ်စဥ်နဲ့ သက်သေပြပြီး တရားပြသွားတယ်၊
စော်ကားခံရတဲ့ ဆရာတော်ကြီးဟာ ဂုဏ်ပြုပူဇော်ခံရတယ်၊
စော်ကားတဲ့သူက ထောင် ကျတယ်။
ဒါတွေအားလုံး တရက်တည်း အတွင်းမှာ ဖြစ်သွားတာပါ။
ယူတတ်ရင်သံဝေဂ ရစရာ ကောင်းလှပါတယ်။
အမနုသ တွေရဲ့ နှောင့်ယှက်မူ့ကြောင့် ဖြစ်ပေါ်လာတဲ့ အနိဋ္ဌာရုံ တွေ ဖြစ်တော့မှာ မဟုတ်လို့ အပျက်အစီး နည်းသွားမှာ ဖြစ်ပေမဲ့ ကမ္မနိယာမ သဘောအရ ကယ်လို့မရ တဲ့သူတွေ ပျက်စီးဖို့
ကျန်နေသေးတာမို့ဓမ္မ မိတ်ဆွေများအားလုံး ဂရုစိုက်ကြပါလို့ အထူး သတိပေး ပါရစေ။
လူတဦးချင်းစီပဲဖြစ်ဖြစ် အဖွဲ့အစည်းတခုပဲဖြစ်ဖြစ် နိုင်ငံတနိုင်ငံချင်းစီပဲ ဖြစ်ဖြစ် ကောင်းကံ ဆိုးကံ တွေက ချက်ချင်းလက်ငင်း အကျိုးပေးတော့မှာပါ။
လူသားတွေအပေါ် စေတနာထားတဲ့သူ ထားတဲ့အဖွဲ့အစည်း ထားတဲ့နိုင်ငံ ကောင်းစားပြီး စေတနာ မထားတဲ့ လူ အဖွဲ့အစည်း နိုင်ငံ ဟာ ပျက်စီးမူ့တွေ နဲ့ကြုံတွေ့ရတော့မယ်။
အထူးသဖြင့် သာသနာရဲ့ နောက်ဆုံးခံတပ် မြန်မာနိုင်ငံ နဲ့ ထေရဝါဒ ဟာ မမြင်နိုင်တဲ့ နတ်တွေ ဝိဇ္ဇာကြီး တွေရဲ့ စောင့်ရှောက်မူ့ကို ရ ရှိမှာမို့ စေတနာ မမှန်တဲ့ လူ ရှင် ရဟန်း နိုင်ငံ တွေအားလုံးဟာဘေးဒုက္ခ တခုခုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ကမ္ဘာကြီးပေါ်မှာ အပျက်အစီးတွေ ပိုများလာဦးမှာ ဖြစ်ပေမဲ့ မြန်မာပြည် မှာတော့ အေးချမ်းတဲ့ နိမိတ်တွေ စလာပါပြီ။
ငြိမ်းချမ်းခြင်း ရောင်နီတွေသမ်းလာပါပြီ။နိဗ္ဗာန်စံမဲ့ပုဂ္ဂိုလ်ကြီးတွေစံပြီးနတ်ထံပျံမဲ့ပုဂ္ဂိုလ်ကြီးတွေပြန်တော့မယ်လို့ ကျွန်တော်ပြောထားတဲ့အတိုင်း ဖြစ်လာတော့မှာပါ။
သာသနာအတွက်စိတ်ချရပြီမို့ကျောခိုင်းကြလေပြီ။
credit: :ဦးမြင့်ခိုင်